Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts
Friday, August 12
ZapaအသုးံပြုပြီးFile sharedပြုလုပ်​သူ​တွေအတွက်
  • ၁။ဒီကောင်က အကျိုးပြုသလိုလိုနဲ့ နောက်ကွယ်မှာ အ​နှောက်​ယှက်​အ​တော်​​ပေး​နေတဲ့သူလို​ပြောလိုရနိုင်​ပါတယ်
  • ၂။သူ့ကိုတင်ပြီးတာနဲ့ Run အ​တော်​များများကိုအသုးံပြု​နေပါနယ်
  • ၃။အင်တာနတ်ဖွင့်နေချိန်မှာ နောက်ကွယ်ကနေ run ပေးနေပြီး
  • အမည်မသိ app တွေ .c file တွေ auto ဒေါင်းနေလိမ့်မယ်
  • ၄။Rom တွေကို အသုးံပြုများနဲ့အတွက်​စက်​ဟန်းသွားနိုင်​ပါတယ်
  • ၅။virus app တွေ ဒေါင်းပြီး install တင်လိမ့်မယ်
  • ၆။ အင်တာနတ်ဖွင့်တာနဲ့ file တွေ ဒေါင်းနေပါလိမ့်မယ်
  • ဘေလ်တွေ အလိုလိုတတ်​လာပါလိမ့်​မယ်
  • ၇။Browser ဖွင့်တိုင်း app ​ကြေညာ​တွေတတ်​လာပြီးdownloadပြုလုပ်​ခိုင်းပါလိမိ့မယ်
  • ၈။Phone အားကုန်​မြန်​လာပါလိမ့်​မယ်
  • ၉။ rom ကိုစားပြစ်နေတဲ့အတွက် ဖုန်းက အရင်​​လောက်​သွက်​လက်​မူမရှိနိုင်​​တော့ပါဘူး
  • App က သုံးနေရင် ပြန်ပြန်ထွက်သွားပါလိမ့်မယ်
  • ၁၀။Zapya file share လုပ်နေရင်း တစ်ဖက်ဖုန်းမှ
  • Virus တွေ သယ်ဆောင်လာပါလိမ့်မယ်
  • File ထဲမှာ ရှိတဲ့ virus တွေ ဆွဲထုတ်လာပါလိမ့်မယ်
  • မိမိစက်​တုန်​ခါပြီး​နောက်ဆုံး ဖုန်းက ပါဝါကျလိုက်တက်လိုက်ဖြစ်ပြီး
  • လဲရတဲ့ အဆင့်အထိ ဖြစ်သွားပါလိမ့်မယ်ဒိလိုဖြစ်​သွားရင်​​တော့​သေခါပါတယ်​မိတ်​​ဆွေဖုန်း ​ဆော့ဝဲပြန်​​ရေးရဖို့
  •                                 
    ★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။★★
    ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
    Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
    အားလုံးပဲအဆင်ပြေပါစေ။
    (ခင်မောင်ထူး နည်းပညာ) 
    Thursday, July 7
    ကိုယ့်စမတ်ဖုန်း ပေါ့ပါးသွက်လက်အောင် ကူပေးမည့် App ၁၀ မျိုး
    email ဝင်လာသည်။ Notification ပေါ်ထောက်ပြီး ဖွင့်လိုက်သည်။ Email စာမျက်နှာ ပွင့်လာဖို့ တစ်သက်လောက်ကြာအောင် စောင့်ရသည်ဆိုတာမျိုး စမတ်ဖုန်းသုံးသူ အများစု ကြုံဖူးလိမ့်မည်။ စမတ်ဖုန်းများသည် ယနေ့လူသားတို့အဖို့ နေ့စဉ်သွားလာ လုပ်ကိုင်ရာတွင် အမြဲလိုက်ပါသည့် အဖော်မွန်ဖြစ်သည်။ သို့သော် အဖော်မွန်သည်လည်း အသက်ကြီးလာလျှင်၊ အလုပ်တွေ ပိလာလျှင် နှေးကွေးလေးလံစမြဲ။ စမတ်ဖုန်းသည်လည်း ပါကင်စဖောက်ပြီး သုံးတုန်းက လျှပ်စီးတွေပါ လက်အောင်မြန်ကောင်း မြန်ခဲ့မည်မှန်သော်လည်း ကြာလာလေ ဝန်ပိလေဖြစ်ကာ လေးလံလာသည်မှာလည်း အမှန်တရား ဖြစ်သည်။
    ဖုန်းလေးလာသည့်ကိစ္စ ဘယ်လိုရှင်းကြမည်နည်း။ ဆော့ဖ်ဝဲကို ဆော့ဖ်ဝဲနှင့် တိုက်ရမည်။ လေးနေသော ဖုန်းဆော့ဖ်ဝဲကို မြန်ဆန်သွက်လက်လာအောင် ဖုန်းရှင်းလင်းရေး ဆော့ဖ်ဝဲတွေ သုံးပေးရမည်။ အောက်တွင် App ၁၀ မျိုး အကြံပြုဖော်ပြပါမည်။
    Clean Master
    ဤနာမည်ကို လူတော်တော်များများ ကြားဖူးလိမ့်မည်။ အထူးသဖြင့် Android သမားများ ပိုရင်းနှီးလိမ့်မည်။ ဖုန်းထဲက ဝန်ထုပ်ပိုတွေကို ရှင်းကာ ဖုန်းပေါ့အောင် လုပ်ပေးနိုင်သည်။ ဖုန်းထဲက App များ လုပ်ငန်းလည်ပတ်ပြီး ကျန်နေသော ဖိုင်ဟောင်းများကို ရှာဖွေရှင်းလင်းပေးလိမ့်မည်။ ဖုန်း၏ RAM Memory ပေါ် ဝန်ထုပ်ပိနေတာကိုလည်း Clean Master က ရှင်းပေးလိမ့်မည်။ Clean Master သည် ဖုန်းရှင်းလင်းရေးအပြင် App များလုံခြုံရေးအတွက် Lock လုပ်ပေးနိုင်သလို၊ ဘက်ထရီစား သက်သာအောင်လည်း ကူပေးနိုင်သည်။ Clean Master ထဲတွင်ပါသော App Manager ဖြင့်လည်း  အသုံးမလိုသော App များကို ရှင်းထုတ်၊ ဖျက်ထုတ်ပစ်နိုင်သည်။
    Clean Master ဖြင့် ဖုန်းကိုပုံမှန်လေး ရှင်းပေးမည်ဆိုလျှင် ဖုန်းသည် ပေါ့ပါးသွက်လက်စွာ အလုပ်လုပ်နေသည်ကို တွေ့ရလိမ့်မည်။
    Shoebox
    Gigabyte နဲ့ချီသော ပုံတွေ၊ ဗီဒီယိုတွေ ဖုန်းထဲပြည့်ကျပ် နေပြီဆိုလျှင် ဖုန်းလေးလာလိမ့်မည်။ Shoe box သည် ဖုန်းထဲက ပုံတွေ၊ ဗီဒီိယိုတွေကို ၎င်း၏ အွန်လိုင်းဒေတာ စင်တာမှာ သိမ်းပေးထားလိမ့်မည်။ လိုသည့်အချိန်ကျမှ download ပြန်ဆွဲလိုက်ရုံ။ Shoebox တွင် ဒေတာများ သိမ်းဆည်းပြီးကြောင်း သေချာပါက ဖုန်းထဲကပုံနှင့် ဗီဒီယို တော်တော်များများကို ဖျက်ထားလိုက်နိုင်ပြီ။ ဖုန်းလည်း Memory များများလွတ်ကာ ပေါ့ပါးလာလိမ့်မည်။
    Battery Doctor
    ဘက်ထရီ ဆရာဝန်ဟူသော နာမည်နှင့်အညီ ဖုန်းထဲမှာဘာတွေ ချို့ယွင်းနေသည်၊ မကျန်းမမာ ဖြစ်နေသည်ကို Battery Doctor က စူးစမ်းဖော်ထုတ် ပေးလိမ့်မည်။ ဖုန်းဘက်ထရီ အခြေအနေကို အချိန်နှင့်တစ်ပြေးညီ သိနိုင်အောင် စာရင်းဇယား အတိအကျနဲ့ ပြပေးလိမ့်မည်။ ဖုန်းလေးအောင် လုပ်နေသည့် လက်သည်များကိုလည်း ဖော်ထုတ်ပြသ ပေးလိမ့်ဦးမည်။ လက်သည်ကို သိပြီဆိုလျှင် မိမိကလိုသလို အရေးယူ ကိုင်တွယ်လို့ရပြီ မဟုတ်ပါလား။
    Google Drive
    Google Drive ကိုယ်တိုင်မူကား ဖုန်းရှင်းလင်းရေး App မဟုတ်။ သို့သော် ဖုန်းထဲက ပုံ၊ ဗီဒီယို၊ စာနှင့် အခြားသော ဖိုင်များကိုပါ Google Drive အွန်လိုင်းဒေတာ စင်တာပေါ် တင်ထားနိုင်ရာ Google Drive ပေါ်ရောက်ပြီ သေချာလျှင် ဖုန်းထဲက ဖိုင်တွေ ဖျက်ထားလိုက်နိုင်ပြီ။ ဖုန်းလည်း Memory များများစားစားလွတ်ကာ ပေါ့ပါးသွားလိမ့်မည်။ ကိုယ့်ဖိုင်တွေထဲက လိုချင်တာရှိလျှင် Google Drive အွန်လိုင်းမှာ သွားရှာကာ download ဆွဲလိုက်ရုံဖြစ်သည်။
    CCleaner
    Windows ကွန်ပျူတာ သုံးဖူးသူအများစု CCleaner နဲ့ရင်းနှီးပြီးသား ဖြစ်လိမ့်မည်။ ကွန်ပျူတာ လေးလာလျှင် CCleaner ဖွင့်ပြီး ကွန်ပျူတာထဲက ဖိုင်ဟောင်းတွေ ရှင်းလိုက်မှ ကွန်ပျူတာက ပြန်ပေါ့ပါး သွက်လက်သွားသည်။ CCleaner App ကို Android ဖုန်းများအတွက်လည်း ထုတ်လုပ်ထားသည်။ ကွန်ပျူတာတွင် သုံးနေကျအတိုင်း ဖုန်းမှာလည်း CCleaner ဖွင့်ကာ အမှိုက်ဖိုင်တွေ ရှင်းနိုင်သည်။ ဖုန်းကိုမလိုအပ်ဘဲ ဝန်ပိစေသော အမှိုက်ဖိုင်တွေ၊ ဖိုင်အကြီးစားတွေကို ဖော်ထုတ်ရှင်း လိုက်ပြီးလျှင် ဖုန်းသိသိသာသာ ပေါ့သွားတာ ကြုံရလိမ့်မည်။
    Dropbox
    အွန်လိုင်းဒေတာ သိမ်းဆည်းရေး ဝန်ဆောင်မှု ဖြစ်သည်။ မိမိဖုန်းထဲမှာ သိမ်းထားဖို့ မလိုသည့် ပုံ၊ ဗီဒီယို၊ စာဖိုင်နှင့် အမျိုးမျိုးသော ဖိုင်များကို Dropbox ပေါ်သို့ပြောင်းပို့ သိမ်းထားနိုင်သည်။ ပြီးလျှင် ဖုန်းထဲကဖိုင်များကို ဖျက်လိုက်ခြင်းဖြင့် ဖုန်းသည် Memory များများစားစား လွတ်သွားကာ ခွန်အားပြည့်သော လူတစ်ယောက်လို သွက်လက်မြန်ဆန် နေလိမ့်မည်။ Dropbox ထဲက ဖိုင်များကို အချိန်မရွေး ပြန်ရှာကာ လိုတာကို download ပြန်ဆွဲနိုင်သည်။ မလိုသည့် ပုံ၊ ဗီဒီယိုနှင့် စာတွေ ဖုန်းထဲမှာ ပြည့်ကျပ်ခဲနေတာကို ရှင်းလင်းဖို့ Dropbox ကဲ့သို့ အွန်လိုင်းဒေတာ သိုလှောင်ဝန်ဆောင်မှုများက အားကိုးရသည်။
    Memory & Disk Scanner Pro
    မန်လိုသူများ Memory & Disk Scanner Pro ကိုလည်း စမ်းကြည့်သင့်သည်။ ဖုန်း PCU အခြေအနေ၊ ဖုန်း memory အခြေအနေ အသေးစိတ်ကို Memory & Disk Scanner Pro က အစီရင်ခံ တင်ပြလိမ့်မည်။ အခြေအနေမှန်ကို သိရလျှင် စာဖတ်သူအနေဖြင့် ဘာတွေရှင်းမည်ဆိုတာ ဆုံးဖြတ်နိုင်ပြီ။ Lightning Disk Cleaner ဆိုသည့် ဝန်ဆောင်မှု အသစ်လည်း ပါသည်။ နာမည်နှင့်အညီ လျှပ်စီးလက်သည့်အလား မြန်ဆန်သွက်လက်စွာ အမှိုက်ဖိုင်တွေကို ရှင်းပေးလိမ့်မည်။ စာဖတ်သူလည်း Memory & Disk Scanner Pro ကို down ပြီး လျှပ်စီးလက်ကြည့်ပါဟု တိုက်တွန်းပါရစေ။
    Photo Compress
    ဖုန်းထဲကပုံတွေကို Dropbox၊ Google Drive စသော အွန်လိုင်းဒေတာ သိမ်းဆာဗာတွေဆီ တင်ပြီးနောက် ဖုန်းထဲကနေ ဖျက်လိုက်ခြင်း နည်းလမ်းမျိုးဖြင့် ဖုန်း Memory နေရာလွတ်အောင် မရှင်းလို။ ကိုယ့်ပုံလေးတွေ အမြဲမြင်နေရမှ နေသာထိုင်သာ ရှိသည်ဆိုသူများအဖို့ Photo Com-press က အသုံးဝင်လိမ့်မည်။ Photo Compress သည် ပုံတွေကို ဖျက်စရာမလို။ ပုံဆိုက်တွေကိုချုံ့ပေးသော နည်းဖြင့် ဖုန်း Memory နေရာသိပ်မယူအောင် လုပ်ပေးသည်။ သို့ဖြစ်ရာ ကိုယ့်ပုံတွေကိုလည်း ကြည့်ချင်သည့်အချိန် ဖွင့်ကြည့်နိုင်မည်၊ ဖုန်းထဲမှာလည်း Memory ဝန်ထုပ်ဝန်ပိုး သိပ်မဖြစ်သဖြင့် အဆင်ပြေသည်။
    iRefresh Pro
    ကိုယ့်ဖုန်းကို ဘာတွေကလေးအောင် လုပ်နေသည်ဆိုတာ ခေါင်းခြောက်အောင် စဉ်းစားနေရပါသလား။ ကိုယ့်ဖုန်းရဲ့ လက်ရှိလုပ်ဆောင်နိုင်စွမ်းက ဘယ်လောက်ရှိလဲ စူးစမ်းချင်နေမိပါသလား။ iRefresh Pro က ဆန္ဒဖြည့်ပေးလိမ့်မည်။ ဖုန်း Memory, CPU စသည်တို့၏ လုပ်ဆောင်ချက်များကို အချိန်နဲ့တစ်ပြေးညီ ပြပေးလိမ့်မည်။ ဖုန်းကို ဘာတွေက အများဆုံးဝန်ပိအောင် လုပ်နေလဲမြင်ရမည်။ ပြဿနာကောင်များကို တိတိကျကျ ဖော်ထုတ်နိုင်ပြီဆိုလျှင် ဖြေရှင်းဖို့က လွယ်သွားပြီ။
    DU Battery Saver & Fast Charge
    Memory ဝန်ပိလို့ ဖုန်းလေးခြင်းအပြင်၊ ဘက်ထရီ ဝန်ပိလျှင်လည်း ဖုန်းလေးတတ်သည်။ ဖုန်းဘက်ထရီကို မည်သည့် Application များက လက်ဝါးကြီးအုပ် ကြီးစိုးထားလဲ ဖော်ထုတ်ဖို့ DU Battery Saver & Fast Charge က တာဝန်ယူလိမ့်မည်။ Android ဖုန်းများတွင်သာ အသုံးပြုနိုင်သည်။
    DU Battery Saver & Fast Charge သည် ဖုန်းဘက်ထရီ ကြီးကြပ်ရေးမှူး တာဝန်ယူလိမ့်မည်။ ဖုန်းဖွင့်ထားသည့် တစ်ချိန်လုံး နောက်ကွယ်ကနေ လိုက်စောင့်ကြည့် ပေးနေလိမ့်မည်။ ဖုန်းဘက်ထရီ များများစားသည့် Application များကို သူက ထိန်းကွပ်ပေးလိမ့်မည်။ ပုံမှန်ထက် ၅၀ ရာခိုင်နှုန်းလောက် ဘက်ထရီပိုခံအောင် ကူပေးနိုင်သည်ဟု ဆိုထားသည်။ လုပ်ဆောင်ချက်များထဲတွင် ဖုန်းအေးမြစနစ်လည်း ပါသေးသည်။ CPU ကို အလုပ်တွေ သိပ်ခိုင်းသည့် Application မျိုးကို ထိန်းချုပ်ပေးခြင်းနည်းဖြင့် ဖုန်းဘက်ထရီ ဝန်ထုပ်ပိမှု လျှော့ချကာ ဖုန်းအပူသက်သာအောင်ပါ ကူပေးလိမ့်ဦးမည်။ DU Battery Saver & Fast Charge ကို Android  Play Store ကနေ Download ဆွဲသူ သန်းတစ်ရာကျော် ရှိနေသည်ဖြစ်ရာ တော်ရုံအဆင့်နဲ့တော့ ထိုမျှပရိသတ် ရစရာမရှိသဖြင့် ယုံကြည်စွာ အသုံးပြုနိုင်သည်။
    Ref: 10 Apps To Speed Up Your Smartphone by Sam Moore (www.techweekeurope.co.uk)
    အဆင်​​ပြေပါ​စေ
    Thursday, May 5
    “The process[e.g zapya] has stopped unexpectedly.”​ဖြေရှင်းနည်း
    “The process[ဥပမာ. Zapya်] has stopped unexpectedly.”
    ၁. Error တက်နေတဲ့ Application ကို ဗားရှင်းမြင့်လိုက်ပါ ဒါမှမဟုတ် ဖျက်ပြီးပြန်သွင်းလိုက်ပါ။
         ၂. Appရဲ့ Cache နဲ့ Data ကို ဖျက်ခြင်း
         ၃. Appကိုrestart လုပ်ပါ ။
        ၄. ဖုန်းကို Factory Restart ချခြင်း။
       ၅. Firmware ပြန်ရေးခြင်း
    ၁။ App ကို ဗားရှင်းမြင့် ခြင်း
    Force Close Error တက် တာ က သင်App ဟာဗားရှင်ုးနိမ့် နေရင် လဲ ဖြစ် နိုင်ပါတယ် ...Update လုပ်ပြီး စမ်းကြည့် ပါ ။ Update မထွက်ေ သး ရင် တော့ ဖျက်ပြီးအသစ် သွင်း ကြည့် ပါ ။
    · Google play store or 1mobile market တစ်ခုခု က နေ Update လုပ်ပါ ။ · Market ထဲ ၀င်ပြီးရင် Menu ကို နိုပ် ပါ · My Appsထဲ ကို ၀င်ပါ ။ · သင့် ဖုန်း ထဲ မှာ ရှိ တဲ့ သွင်းထားတဲ့ Appsတွေ မြင် ရပါမယ် ။ · Error တက် နေ တဲ့ App ကို Update လုပ် ပေး လိုက်ပါ ။
    ဖျက် မယ် ဆို ရင် Menu နိုပ်ပြီးSettings. · နိုပ် Applications- Manage Applications ထဲ ၀င် ပြီး မိမိ Error တက် နေ တဲ့ App ကို ဖျက်ပါ ။
    ၂။ App ရဲ့ Cache နဲ့ Data ကို ဖျက်ခြင်း
    Appရဲ့ data/ cachပိုင် တွေ ပျက် နေ ရင် လဲForce Close Error တက်နိုင်ပါတယ် ။ App ရဲ့ Cache နဲ့ Data ကို ဖျက် ခြင်းဖြင့် လည်း ဖြေ ရှင်း နိုင်ပါတယ် ။အောက် က နည်းအတိုင်း ရှင်း ပါ :
    · ဖွင့်ထား တဲ့ App အားလုံးပိတ် ပါ ။ · Menu နိုပ်ပြီး Settings. · နိုပ် Applications- Manage Applications ထဲ ၀င် ပြီး မိမိ Error တက် နေ တဲ့ App ကို ၀င် လိုက်ပါ ။ ပြီး ရင် Clear Data and Clear Cache ဆို တာ တွေ နိုပ် လိုက်ပါ ။
    ၃။ App ကို restart လုပ်ပါ ။
    · Home ခလုပ် (အလယ် ခလုပ် )ပို ဖိထားပါ ။ နောက် မှာပွင့် နေတဲ့ Appတွေ ပေါ် လာပါမယ် ။ ဖုန်း ပေါ် မူတည် ပြီး တချို့က ဘေး ဆွဲ လိုက် ရပါတယ် ။သို့ မဟုတ် အမိုက် တောင်းပုံ နှိပ် လိုက် ရပါတယ် ။
    ၄. ဖုန်းကို Factory Restart ချခြင်း။
    အပေါ် က နည်း တွေ နဲ့ မှ အဆင် မပြေ ရင် Factory restart ချ ရပါမယ် ။ Factory reset ဆိုတာက တော့မူ ရင်းစက် ရုံ ထုတ် Setting အတိုင်းဖြစ် အောင် ပြန်လုပ် ပေးတာ ပါ ။ထို့ အပြင် App တွေ ဒေတာ တွေ အကုန် ပျက် မှာ ဖြစ် တဲ့ အတွက် လို အပ် တာ တွေ အရင် ကူး ထားပါ ။
    · Menu ထဲ ၀င် |Settings | Personal data or Privacy or storage ထဲ မှာFactorydata reset လုပ် လိုက် ပါ ။ဖုန်း ပေါ် မူတည် ပြီးအနည်း ငယ် ကွာပါတယ် ။ · Select Factory Data Reset. Tap Reset Phone | Erase everything/· သင့် ဖုန်း reboot ကျ ပြီး ပြန်တက် လာ ပါမယ် ။ · ပြန်တက် လာ ရင် Skipတွေ Nextတွေ နှိပ်ပေးလိုက်ပါ ။ဖုန်းအသစ်လိုဖြစ် နေတာ တွေ့ ရပါမယ်။
    ၅. နောက် ဆုံး နည်းကတော့ System App တွေ ပျက် လို့ FC error တက် နေရင် အပေါ် က နည်းတွေ နဲ့ မရ တော့ ပါဘူး။Firmware ပြန် တင် ရပါမယ် ။
    Firmware တင်နည်းကတော့ ဖုန်းတွေပေါ် မူတည်ပြီးကွဲပါတယ် ။
    အဆင်​​ပြေပါ​စေ
    Camera Failed Error ​&Gallery has stopped ​ဖြေရှင်းနည်း
    ဖုန်း Menu ပေါ်က My File ဆိုတဲ့ Folder ကနေ Phone Storge မှ Android \ data \ com.sec.android.gallery3d \ cache ထိ တစ်ဆင့်ချင်း ရောက်အောင်သွားပါ Cache ဖိုလ်ဒါ ထဲမှာ ရှိတဲ့ ဖိုင်လ်တွေကို Salect all လုပ်ပြီး Delete လုပ်ပစ်ပါ
    Unfortunately, Gallery has stopped
    ဆိုတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက်
    ၁။File Manager ထဲကိုဝင်ပါ။ sd card ထဲ
    မှာဖြစ်ဖြစ် phone storage ထဲမှာဖြစ်ဖြစ်
    DCIM ဆိုတဲ့ Folder ထဲက Carema ဆိုတဲ့ Folder ထဲမှာ ကိုယ်ရိုက်ထားတဲ့ပုံတွေရှိပါ
    လိမ့်မယ်။အဲဒီပုံတွေကို select all ပေးပြီးcut နဲ့ယူပါ။ပြီးရင် DCIM ဆိုတဲ့ Folder ရဲ့
    အပြင်ဖက်က အဆင်ပြေရာနေရာတစ်ခုမှာ
    New Folder တစ်ခုဖွဲ့ပြီးနေရာချပေးလိုက်ပါ။
    ဒါမှမဟုတ် Camera ဆိုတဲ့ Folder တစ်ခု လုံးကို DCIM ဆိုတဲ့ Folder ရဲ့အပြင်ဖက်က
    တစ်နေရာရာကိုရွှေ့ပေးလိုက်လို့လဲရပါတယ်။
    DCIM ဆိုတဲ့ Folder ထဲမှာ ဖိုင်အလွတ်တွေ
    ရှိနေခဲ့ရင်လည်း delete လုပ်ပေးလိုက်ပါ။
    ၂။ Setting >> Apps (သို့မဟုတ်) Manage
    apps >> ALL ထဲမှာ Gallery ကိုရှာပြီးဝင်
    လိုက်ပါ။Clear cache ကိုနှိပ်ပါ၊ပြီးရင် Clear
    data ကိုနှိပ်ပေးလိုက်ပါ။
    ၃။ဖုန်းကို Restart ချပေးလိုက်ပါ။
    အဲဒါဆိုရင် အဆင်ပြေသွားပါပြီ။ပြန်တက်လာ
    ရင် Unfortunately, Gallery has stopped ဆိုတဲ့ error ကိုတွေရတော့မှာလွယ်​လွယ်​ကူကူ​ဖြေရှင်းနိုင်​ပါပြီး
    အဆင်​​ပြေပါ​စေ
    OPPO ဖုန်း Firmware /Rom များကို Update/Install လုပ်နည်း လမ်းညွှန်
    ထိုင်းနိုင်ငံ အတွင်း Samaung ပြီးရင် Android Os စမတ်ဖုန်း ထဲမှာ  ဒုတိယ ရောင်းအားအကောင်းဆုံးဟာ OPPO ဖုန်းတွေပါ..
    ဒါကြောင့် ထိုင်းနိုင်ငံရောက် Oppo ဖုန်း သုံးသူ မြန်မာသူငယ်ချင်းများအတွက်ရည်ရွယ်ပြီး
    ဒီ ပို့စ် လေးကို ရေးဖြစ်ခဲ့ပါတယ်...
    OPPO စမတ်ဖုန်းများ ဟာ ယခင် Normal rom များနဲ့ မတူ
    ယခုအခါ မှာတော့ Color Os Rom များ ကို အသုံးပြုလာကြပြီဖြစ်ပါတယ်....
    ((ဥပမာ --Find 5 စထွက် စဉ် က Normal rom ပါ၊ ယခုအခါမှာတော့ Color Os အဖြစ် အရောင်းဆိုင်များမှာရှိနေပါပြီ))
    Color Os များမှာ များသောအားဖြင့် မြန်မာ(ဗမာ) ဘာသာစကား ပါဝင်လာ
    တာတွေ့ရပါတယ်
    Color Os များ မှာ ထူးခြားတဲ့ Feature သစ်များစွာပါရှိလာပြီး
    သုံးရတာ သွက်လက်မြန်ဆန်လာတာမို့ OPPO သုံး သူငယ်ချင်းများ အနေဖြင့်
    လက်ရှိ Normal Rom ဖြစ်ပါက Color Os Rom များသို့ update လုပ် သုံးသင့်ပါတယ်..
    oppo ဖုန်းများဟာ rom/firmware များကို flash tool များနှင့် Computer မလိုဘဲ ဖုန်းထဲမှာတင်   update / install လုပ်လို့ ရတာမို့ လွယ်ကူစေပြီး ပိုပြီး စမတ် ဖြစ် စေပါတယ်
    Update လုပ်မယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့အတိုင်းလုပ်ဆောင်နိုင်ပါတယ်
    မှတ်ချက် ၊၊  ၊၊
    Color Os Rom မှ Version မြင့် Color Os Rom သို့ မြှင့်ပါက ပြသနာမရှိသော်လဲ
    Normal Rom  မှ Color Os Rom သို့ update လုပ်လျှင် storage ကို  အလို အလျှောက်  Format လုပ်မှာကြောင့် User data များပျက်ပါမည်
                    ((လိုအပ်လျှင် external SD မှာ backup or copy လုပ်ပါ))
    ဖုန်း model အလိုက် သက်ဆိုင်ရာ rom များ ကို အောက် ဖော်ပြပါ ဆိုက်များမှ download  လုပ်ပါ
     oppothai.com
    (ဒီဆိုက်မှာတော့ oppo official update Rom/firmware   များကို download ယူဖို့
    အကောင်းဆုံး website တခုဖြစ်ပါတယ်
    ဒီဆိုဒ်မှာတော့ color OS Rom နဲ့ Normal Rom ကို၂ မျိုး ခွဲပေးထားပါတယ်)
     oppomobile.vn/ho-tro/download
    (ဒီဆိုက်မှာလဲ OPPO ရဲ့  the lasted official Rom /firmware  တွေ download လုပ်နိင်ပါတယ်)
    * ဒေါင်းလော့ ယူခဲ့သော zip ဖိုင် ကို ဖုန်းရဲ့ SD card မှာ ကူးထားပါ
    * ဖုန်း ပိတ်ပါ၊ ဖုန်းရဲ့  ဘေး ဘယ်ညာတွင်ရှိသော(vol down+power button) အသံတိုးတဲ့ ခလုပ်နဲ့ ပါဝါ ခလုပ်ကို တွဲနှိပ်ပြီး Recovery mode ဝင်ပါ .
    * Recovery mode ဝင်ရောက်နေတဲ့အချိန်မှာ လက်ရှိ ဖုန်းဟာ Normal rom ဆိုရင်
    vol အထက် အောက် ကီးနဲ့ ရွေ့ပြီး  apply update from sdcard ကို  power ခလုတ် ကိုနှိပ့်ရွေးချယ်ပါ။
    sd ကဒ် အတွင်း ကူးယူခဲ့ပြီးသော firmware/rom... zip ဖိုင် ကို ရွေးချယ် install လုပ်ပါ...
    Firmware update ကို စတင်ပြီး ၁ မီးနစ် ခန့် အကြာAuto Reboot  နဲ့
    ဖုန်းပြန်ပွင့်လာရင် Firmware update လုပ်ပြီးသော ဖုန်းတလုံးကို စတင်သုံးနိုင်ပါပြီ...
    ((Nomal မှ Color သို့ မြှင့်ပါက အချိန်အနည်းငယ် ကြာတတ်ပါတယ်))
    Color Os Rom မှ Update Color Os Rom သို့ version မြှင့်သုံး ပါက
    ပုံမှာပြထားတဲ့အတိုင်း Recovery mode  ရဲ့  Select Language မှာ English ကို ရွေး ခဲ့ပါ..
    Install from sd မှ From sd သွားပြီး copy လုပ်ထားခဲ့ပြီးသော firmware/rom...zip ဖိုင်ကို
    ရွေးချယ် install လုပ်ပါ...
    Firmware update ကို စတင် Install လုပ်အပြီး ၁ မီးနစ် ခန့် အကြာ Power off  နဲ့ Reboot  လုပ်ဖို့ ပြောပါလိမ့်မယ်
    Reboot လုပ်ပါ။  ဖုန်းပိတ်ပြီး ပြန်ပွင့်လာရင် Color Os အဖြစ်
    Firmware update လုပ်ပြီးသော OPPO ဖုန်းတစ်လုံးကို တွေ့မြင်နိင်ပါပြီ.....။။
    အဆင်​​ပြေပါ​စေ
    Thursday, January 21
    လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။
    နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560
    နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560
    တြိဂံ = .၅xအခြေxအမြင့် ÷ 43560
    တြိဂံ = ½ အခြေxအမြင့် ÷ 43560
    ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560
    စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
    စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560
    ပုံသေ မြှောက်ကိန်း .၇၈၅၄
    .၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။
    အနားငါးမျက်နှာ ၆မျက်နှာနှင့် အနားများစွာ = စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက် ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။
    *** ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း
    ( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )
    (၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။
    (၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေးမြှောက်ကိန်း
    မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
    သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄
    ၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင်
    ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည် ၄၁၆ x .၁၅ = ၆၂
    ၄၁၆ + ၆၂= ၄၇၈ ပင်
    ( ၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင်
    စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
    စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁
    ၄၃၅၆၀ ÷ ၃၆၁ = ၁၂၀
    ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
    ၁၂၀ + ၁၈ = ၁၃၈ ပင်
    အဆင်​​ပြေပါ​စေ
    Wednesday, January 13
    Mobile Data နှင့် Wifi Autoပွင့်​​နေရှင်းကို​ဖြေရှင်​နည်း
    Android ဖုန်းတွေမှာ  ဖုန်း၏ System ကြောင့် Mobile Data နှင့် Wifi ဟာ ဖုန်းအသုံးပြုသူတွေမဖွင့်ဘဲ အော်တိုပွင့်ပွင့်လာတာတွေ ကြုံ​တွေတဲ့အခါအလွယ်​တကူ​ဖြေရှင်းနိုင်​​စေဖို့အတွက်​ Android ဖုန်း၏ Setting ထဲမှ Application Manager ၏ All နေရာတွင် "com.nb.superuser " ကိုရှာပြီး Clear Data အားနှိပ်ပေးပြီး "com.nb.superuser " ကိုဘဲ "Disable" ပြုလုပ်​​ပေးပါ
    အော်တို့မပွင်ဘူးဆိုရင်တော့"com.nb.superuser " ကိုတွေ့ ရလိမ့်မည်မဟုတ်ပါ။
    Wifi နှင့် Mobile Data ဟာ အော်တို ပွင့်ပွင့်လာမှသာ Setting>App>All နေရာမှာ "com.nb.superuser "ကိုတွေ့ ရမှာဖြစ်ပါတယ်။
    အထက်ပါ (၂) ချက်ကိုလုပ်ဆောင်ခြင်းဖြင့် Wifi နှင့် Mobile Data အော်တိုပွင့်​​နေရှင်းကိုအဆင်​​ပြေ​ပြေ​ဖြေရှင်းသွားပါလိမ့်​မယ်
    အဆင်​​ပြေပါ​စေ
    VIVO FIRMWAREတင်​နည်း
    VIVO ဖုန်းတွေကို ဘယ်လို FIRMWARE တင်မလဲSD ထည့်လို့ရတဲ့ကောင်တွေကတော့ ပြသနာ သိပ်မရှိပေမယ့် SD စိုက်မရတဲ့ကောင်တွေမှာတော့ FIRMWARE လဲ အသင့်ထည့်မထားမိ RECOVERY ကလဲ ခေါ်မရ တိုင်ပါတ်နေတဲ့အခါတွေရှိတတ်ပါတယ် အဲ့လိုအခြေ အနေမှာ FIRMWARE တင်တဲ့နည်းလေးပါ1.ပထမဆုံး POWER ပိတ်လိုက်ပါ2.ပြီးရင် POWER + VOL DOWN တွဲနှိပ်ပြီး LOGO တက်လာရင် POWER လွှတ်ပေးလိုက်ပါ (တရုပ်စာလေး ဘယ်ဘက်ထောင့်မှာပေါ်လာပါလိမ့်မယ်)3. COMPUTER နဲ့ ချိတ်ပေးလိုက်ပါ (ADB သိသွားပါလိမ့်မယ်)4.FASTBOOT FOLDER ထဲကို FIRMWARE.ZIP လေးထည့်ပေးထားပါ ပြီင်္းရင် CMD BOX ခေါ်ရပါမယ်5.CMD BOX မှာ ADB REBOOT RECOVERY လို့ရိုက်ပေးလိုက်ရင် ဖုန်းက REBOOT ကျပြီး RECOVERY ထဲေ၇ာက်သွားပါလိမ့်မယ်6.RECOVERY ထဲရောက်ပြီဆိုရင် UPDATE FROM ADB ကိုရွေးပေးလိုက်ပါ7.ပြီးရင် စောစောက CMD BOX မှာ ADB SIDELOAD (FIRMWARE NAME).ZIP လို့ရိုက်ပေးလိုက်ရင် FIRMWARE ကို စပြီးဖုန်းထဲကိုပို့ပေးပါလိမ့်မယ် ပြီးရင်တော့ ဖုန်းဟာ သူ့ဘာ့သာသူ REBOOT ကျပြီး FIRMWARE ဆက်ရေးသွားပါလိမ့်မယ် အားလုံးပြီးသွားရင် REBOOT NOW ပြုလုပ်​လိုက်​ပါ
    အဆင်​​ပြေပါ​စေ
    Tuesday, June 23
    ၁၀မီးနစ်​အတွင်းGmail&Facebookအ​ကောင့်​အလွယ်​ဖွင့်​နည်း
    မင်္ဂလာပါ အ​ကောင့်​မဖွင့်​တတ်​​သေးသူ​တွေအတွက်​ဒိတခါကျ​နော်​တင်​​ပေးမှာကgmailနှင့်​အ​ကောငိ့ဖွင့်​နည်း​လေးပြန်​လည်​တင်​​ပေးမှာဖြစ်​ပါတယ်​ဒိ​နေရာမှာကျ​နော်​ကholavpnသုးံပြီး gmailနဲ့ဖွင့်​ပြထားတာပါ တခြားmail​တွေနဲ့ဖွင့်​လဲဒိပုံစံပါဘဲ outlookဖွင့်​နည်းကို​တော့ http://www.khinmaunghtoo.net/2014/08/outlook-mail100.html?m=1
    အ​ပေါ်ကလခ့်​မှာ​လေ့လာနိုင်​ပါတယ်​ခုက​တော့gmailနဲ့ဖွင့်​နည်းပြသွားမှာပါ​အောက်​ကအဆင့်​​လေး​တွေအတိုင်းပြုလုပ်​သွားပါပထမဆုးံမိမိဖုန်းထဲကgmailapkကိုသွားပြီိး usernameထည့်​ပါ
    ၂။usernameထည့်​ပြီးရင်​ပုံပါအတိုင်းသွားလိုက်​ပါ
    အဆင့်​၃
    အဆင့်​၎
    အဆင့်​၎
    အဆင့်​၅
    အဆင့်​၇
    အဆင့်​၈
    အဆင့်​၉
    အဆင့်​၁၀
    အဆင့်​၁၁
    ဒိ​နေရာမှာgmailတခုပြီးဆုးံသွားပြီဖြင့်​တဲ့အတွက်​Facebookအ​ကောင့်​တခုလုပ်​ဖို့အတွက်​ holavpnကိုသွားပါ
    အဆင့်​၁၂
    အဆင့်​၁၃
    အဆင့်​၁၄
    အဆင့်​၁၅
    အဆင့်​၁၆
    အဆင့်​၁၇
    ဒိအဆင့်​​တွေပြုလုပ်​ပြီးရင်​facebookအ​ကောင့်​စဖွင့်​​တော့ပါမယ်​လွယ်​ချက်​က​တော့​ပြောမ​နေနဲ့brother​ရေ့၅မီနစ်​မကြာဘူးစမ်းလုပ်​ကြည့်​ပါ
    အဆင့်​၁၈
    အဆငိ့၁၉
    အဆင့်​၂၀
    အဆင့်​၂၁
    အဆင့်​၂၂
    အဆင့်​၂၃
    အဆင့်​၂၄
    အဆင့်​၂၅ ဒိ​နေရာမှာတင်​အ​ကောင့်​တခုပြီးဆုးံပါပြီးသူငယ်​ချင်းတို့ကိုယ်​တိုင်​အ​ကောင့်​တစ်​ခုကိုယ်​ပိုင်​ဖွင့်​နိုင်​ပါ​စေလို့ဆန္ဒပြုလျှက်
    အဆင်​​ပြေပါ​စေ
    Saturday, June 20
    Apple ID Account အလွယ်တကူဖွင့်နည်း
    iOS User တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Apple ID လေးကို ကိုယ်တိုင်ပြုလုပ်နိုင်ရန် ဝေမျှပေးလိုက်ပါတယ်။
    Apple ID ဖွင့်နည်းတွေအများကြီး တင်ပေးနေကြတာလဲတွေ့ပါတယ်။ ခုနောက်ပိုင်းမမြင်တော့တာကြာပြီဖြစ်လို့
    နောက်ပိုင်း မသိသေးတဲ့ User တွေအနေနဲ့ ဗပာုသုတတစ်ခုအဖြစ် ရေးသားပေးလိုက်ပါတယ်။
    အရင်ဆုံးလိုအပ်တာကတော့ Gmail account တစ်ခုဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာတော့ Gmail account က
    လူတိုင်းရှိပြီးသားပါ။ Gmail ထဲကိုအရင် Sing-in လုပ်ထားလိုက်ပါ။
    ပီးရင် iTune ကိုဖွင့်လိုက်ပါ။ Appstore ထဲကို ၀င်လိုက်ပါ
    Application တစ်ခုခုအောက်က Get ကို နှိပ်လိုက်ပါ။
    i have read & agree……… ကို အမှန်ခြစ်ပေးပြီး Agree ကိုနှိပ်ပါ
    နာက်တစ်ဆင့်မှာ gmail တောင်းပါမယ်။ လိုအပ်တာများဖြည့်စွက်လိုက်ပါ။ Recovery Email အနေနဲ့
    Optional Rescue Email တောင်းပါမယ်။ အပေါ်မှာ ကိုယ်သုံးမဲ့ email အနေနဲ့ထည့်ထားတဲ့ email နဲ့
    မတူတဲ့ account တစ်ခု ထည့်ပေးလိုက်ပါ။
    paypal card တို့ visa card တို့အဆင့်ကိုရောက်ရင် None ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ
    ပြီးရင်တော့ နိုင်ငံ zip code များ Adress များကို အောက်ကပုံအတိုင်းဖြည့်စွက်ပြီး Creat Apple ID ကို နှိပ်လိုက်ပါ
    iTune ကနေ verifield လုပ်ရန် ကိုယ်ရဲ့ Gmail ထဲကို mail တစ်ဆောင်ပို့ပေးထားပါမယ်။ mail ထဲဝင်ပြီး
    verifield လုပ်ပေးလိုက်ပါ။ verifield လုပ်ပြီးရင်တော့ သင် Apple ID တစ်ခု ပြုလုပ်ခြင်းပြီးစီးပါပြီ
    အဆင်​​ပြေပါ​စေ