Showing posts with label iOS နည်းပညာ. Show all posts
Showing posts with label iOS နည်းပညာ. Show all posts

Tuesday, September 15

IOS User တွေအတွက် ဖောင့်ဒီဇိုင်း ရှစ်မျိုး

IOS user တွေအတွက် ဖောင့်ဒီဇိုင်းပြောင်းသုံးနိုင်ရန်
ဖောင့်ဒီဇိုင်းရှစ်မျိုးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
မိမိတို့နှစ်သက်ရာဖောင့်ဒီဇိုင်းကို အောက်ကလင့်ကနေ
download ရယူလိုက်ပါ

အဆင်​​ပြေပါ​စေ

Monday, August 24

Viber version 5.5.0(for Ios)

Viberအသုးံပြုသူ​တွေအတွက်​version5.5.0​လေးပြန်​လည်​မျှ​ဝေလိုက်​ပါတယ်​အသုးံပြုလိုသူများ​အောက်​ကလခ့်​မှာရယူပါ
 Viber.5.5.0.apk 

အဆင်​​ပြေပါ​စေ

Facebook versions 37.0(for Ios)

Facebookအသုးံပြုသူ​တွေအတွက်​versions37.0​လေးပြန်​လည်​မျှ​ဝေလိုက်​ပါတယ်​facebookဆို​တော့အားလုးံရင်းနှီးပြီးသားမို့အ​ထွေထူးရှင်းပြ​နေစရာလိုမယ်​မထင်​ပါဘူး

အဆင်​​ပြေပါ​စေ

Thursday, August 20

ဓါတ်ပုံတွေကို Effect မျိုးစုံဖြင့် ဖန်တီးတိုင်တဲ့ VSCO Camera

Smart Phone အသုံးပြုသူတို့ အများဆုံး အသုံးပြုတဲ့ Feature ကတော့ Camera ဖြစ်ပါလိမ့်မယ်။ ကင်မရာကို အသုံးပြုပြီး ဓါတ်ပုံရိုက်မှတ်တမ်းတင်ကြသလို၊ အချို့ကလည်း အလှဓါတ်ပုံများရိုက်လေ့ရှိကြပါတယ်။ အရင်ကတော့ Camera 360 ဟာ ဓါတ်ပုံတွေကို အကောင်းဆုံး ပြန်ပြင်နိုင်တဲ့ Application အဖြစ် တည်ရှိနေပေမဲ့ အခုနောက်ပိုင်းမှာ အရည်သွေးကောင်း Effect မျိုးစုံ ပါဝင်တဲ့ Application မျိုးစုံကလည်း ပေါ်လာခဲ့ပါပြီ။ ဒီ Application တွေထဲကမှ ဖုန်းနဲ့ ဓါတ်ပုံကို အကောင်းဆုံးပြင်နိုင်တဲ့လူတွေကတော့ VSCO ကို အသုံးပြုလာကြပါတယ်။
VSCO ဆိုတာ Visual Supply Co ကို အတိုကောက်ခေါ်ဆိုတဲ့ နာမည်ဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ Effect တွေကလည်း ဓါတ်ပုံဆရာတွေကြိုက်နှစ်သက်တဲ့ Effect တွေဖြစ်ပြီး အချို့ အရည်အသွေးအရမ်းကောင်းတဲ့ Effect တွေကိုတော့ အခကြေးငွေပေးပြီး ဝယ်ရပါတယ်။ အခုဆိုရင် VSCO Camera Application က update version ထွက်ရှိလာပါပြီ။
Update Version ဟာထွက်ရှိလာပေမဲ့ ဘာမှတော့ ကွဲပြားခြားနားသွားခြင်း သိပ်မရှိပါဘူး။ ဒါပေမဲ့ English စာ နဲ့ ရင်းနီးကျွမ်းဝင်မှု မရှိတဲ့ user တွေအတွက် နေထိုင်ရာ နိုင်ငံနဲ့လိုက်ပြီး ဘာသာစကားတွေကို ရွေးချယ်ခွင့်ပေးလိုက်ပါတယ်။ ၈၀ ရာခိုင်နှုန်းသော VSCO Camera အသုံးပြုသူတို့ဟာ အခြားနိုင်ငံမှ လူများဖြစ်ခြင်းကြောင့်လည်း အခုလို ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။  VSCO Camera ကို Android နဲ့ iOS ဆိုပြီး နှစ်မျိုးထုတ်လုပ်ထားတဲ့အတွက်ကြောင့် iOS မှာ အင်္ဂလိပ်စာနဲ့ ရင်းနီးမှု မရှိတဲ့ လူတွေအတွက် ဒတ်ခ်ျ ၊ အီတလီ ၊ မလေးရှား နဲ့ ထိုင်း ဘာသာစကားများကို ထည့်သွင်းပေးပြီး Android မှာတော့ ဘာသာစကား ၁၃ မျိုးကို ထည့်သွင်းပေးထားပါတယ်။ VSCO ကို အသုံးပြုလိုပါက အောက်က link တွေကနေ Download လုပ်နိုင်ပါတယ်။

အဆင်​​ပြေပါ​စေ

Saturday, June 20

Apple ID Account အလွယ်တကူဖွင့်နည်း

iOS User တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Apple ID လေးကို ကိုယ်တိုင်ပြုလုပ်နိုင်ရန် ဝေမျှပေးလိုက်ပါတယ်။
Apple ID ဖွင့်နည်းတွေအများကြီး တင်ပေးနေကြတာလဲတွေ့ပါတယ်။ ခုနောက်ပိုင်းမမြင်တော့တာကြာပြီဖြစ်လို့
နောက်ပိုင်း မသိသေးတဲ့ User တွေအနေနဲ့ ဗပာုသုတတစ်ခုအဖြစ် ရေးသားပေးလိုက်ပါတယ်။
အရင်ဆုံးလိုအပ်တာကတော့ Gmail account တစ်ခုဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာတော့ Gmail account က
လူတိုင်းရှိပြီးသားပါ။ Gmail ထဲကိုအရင် Sing-in လုပ်ထားလိုက်ပါ။

ပီးရင် iTune ကိုဖွင့်လိုက်ပါ။ Appstore ထဲကို ၀င်လိုက်ပါ
Application တစ်ခုခုအောက်က Get ကို နှိပ်လိုက်ပါ။
နောက်ထပ် Get ကိုပဲထပ်နှိပ်ပါ။ Apple ID နဲ့ Password တောင်းပါမယ်။ Creat Apple ID ကိုနှိပ်လိုက်ပါ
နောက်တစ်နေရာရောက်ပါမယ်။ Continue ကိုနှိပ်လိုက်ပါ
i have read & agree……… ကို အမှန်ခြစ်ပေးပြီး Agree ကိုနှိပ်ပါ
နာက်တစ်ဆင့်မှာ gmail တောင်းပါမယ်။ လိုအပ်တာများဖြည့်စွက်လိုက်ပါ။ Recovery Email အနေနဲ့
Optional Rescue Email တောင်းပါမယ်။ အပေါ်မှာ ကိုယ်သုံးမဲ့ email အနေနဲ့ထည့်ထားတဲ့ email နဲ့
မတူတဲ့ account တစ်ခု ထည့်ပေးလိုက်ပါ။
paypal card တို့ visa card တို့အဆင့်ကိုရောက်ရင် None ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ
ပြီးရင်တော့ နိုင်ငံ zip code များ Adress များကို အောက်ကပုံအတိုင်းဖြည့်စွက်ပြီး Creat Apple ID ကို နှိပ်လိုက်ပါ
iTune ကနေ verifield လုပ်ရန် ကိုယ်ရဲ့ Gmail ထဲကို mail တစ်ဆောင်ပို့ပေးထားပါမယ်။ mail ထဲဝင်ပြီး
verifield လုပ်ပေးလိုက်ပါ။ verifield လုပ်ပြီးရင်တော့ သင် Apple ID တစ်ခု ပြုလုပ်ခြင်းပြီးစီးပါပြီ

အဆင်​​ပြေပါ​စေ

Tuesday, April 21

IPHONE PASSCODE ကို ပြန်လည် ရယူနည်း

iDevice ကို အသုံးပြုသူ လူတိုင်းနီးပါးက မိမိ၏ အရေးကြီးသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို iDevice အတွင်းမှာ သိမ်းဆည်းထားတတ်ကြပြီး.. အခြား တစ်စုံတစ်ယောက် အလွယ်တစ်ကူ အသုံးမပြုနိုင်စေရန် ကိုယ်ပိုင် Passcode လေးများနှင့် Lock လုပ်ထားတတ်ကြပါတယ်.. 
မိမိကိုယ်တိုင် Set up လုပ်ထားတဲ့ Passcode ကို မေ့သွားခဲ့မယ်ဆိုရင်တော့...
အရင်ကဆိုရင် Restore ပြန်လုပ်ရုံကလွဲ၍ အခြားနည်းလမ်း မရှိခဲ့ပါဘူး။
ယခုတော့ iDevice ကို Restore ပြန်လုပ်ရန် မလိုပဲနှင့် Passcode ကို ပြန်လည်ရှာဖွေနိုင်မယ့် Toolkit တစ်ခုကို iPhone Dev Team က ဖန်တီးပေးလိုက်ပါပြီ... 
"Gecko Toolkit" လို့ အမည်ရတဲ့ Tool ဟာ iDevice ရဲ့ Passcode ကို ပြန်ရှာပေးနိုင်ရုံမျှမကပဲ အကြောင်းကြောင်းကြောင့် 'Disable' ဖြစ်နေတဲ့ iPhone ကိုပါ ပြန်လည် ကုစားပေးနိုင်ပါတယ်၊ ဒါ့အပြင် Apple logo မှာ တစ်နေခြင်း ပြဿနာကိုလည်း ဖြေရှင်းပေးပါလိမ့်မယ်...
Features
      -Bypass iDevice's (A4) Lock Code
      -Bypass iDevice's (A4) "iPhone Disabled" after failed attempts
      -Fix stuck on Apple logo problems
      -And more!
ဖော်ပြပါ လုပ်ဆောင်ချက်များကိုတော့ (A4) iDevice များဖြစ်တဲ့...
iPodTouch 1, 2, 3, 4
iPhone1G, 2G, 3G, 3GS, 4
iPad 1
တို့မှာသာ ရရှိနိုင်ပါသေးတယ်...
Bypassing the Lock Code
မိမိရဲ့ မေ့သွားတဲ့ Passcode ကို ပြန်လည်ရယူနိုင်ရန် အတွက်:
      ၁) iDevice ကို PC နှင့် ချိပ်ဆက်၍ "Gecko Toolkit" ကို Run လိုက်ပါ
      ၂) "Read lockscreen password" tab ကိုသွားပြီး မိမိ iDevice အမျိုးအစားကိုရွေးပါ
      ၃) ထို့နောက် "Boot" ကိုနှိပ်ပါ။
      ၄) iDevice ၏ iOS version (ipsw) ကို ရွေးပေးပါ (မရှိသေးပါက  ဒိ​နေရာမှာ Download လုပ်ပါ။
      ၅) အလိုလျှောက် ဆောင်ရွက်နေပြီး "Launch" ကို နှိပ်ရန် ပြောလာပါက နှိပ်ပါ။
      ၆) Pascode ကို ရှာဖွေပေးနေပါပြီ
Starting the Process
Process Results
Bypassing the "iPhone Disabled" Function
      ၁) "Disable" ဖြစ်နေသော iPhone ကို ဖြေရှင်းရန်:
      ၂) Bypass "phone disabled" tab ကိုသွားပြီး မိမိ iDevice အမျိုးအစားကိုရွေးပါ
      ၃) ထို့နောက် "Bypass" ကို နှိပ်ပါ
Other Fix
Cydia မှ သွင်းယူလိုက်သော sources များကြောင့်ဖြစ်စေ၊ အခြားအကြောင်း အမျိုးမျိုးကြောင့် Apple logo တွင် ရပ်နေသော iDevice များအတွက် ဖြေရှင်းရန် နည်းလမ်း နှစ်ခု ရွေးချယ်ခွင့် ပေးထားပြီး နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ (method 1) ကတော့ အန္တရာယ်ကင်းသော နည်းလမ်းဖြစ်ပြီး (method 2) မှာတော့ မိမိစိတ်ကြိုက် payloads ထည့်သွင်းပြီး customize လုပ်နိုင်ပါတယ်
မှတ်ချက်
ဖော်ပြပါ လုပ်ဆောင်ချက်များ အားလုံးသည် (A4) Device များတွင်သာ အသုံးပြုနိုင်ပါသည်။ အကြောင်းရင်းခံမှာ Program မှ custom RAMdisk တစ်ခု ပြုလုပ်ပေးပြီးနောက် data များကို new RAMdisk အဖြစ် device ပေါ်တွင် ကူးယူပေးလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် A5+ device များကဲ့သို့ exploit မလုပ်နိုင်သော A4 device သီးသန့်များတွင်သာ အထက်ပါ လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်
Refး မိုးသိကြား

အဆင်​​ပြေပါ​စေ

Tuesday, March 31

iDevices များအတွက်လက်တွေ့သုံးနည်းပညာ (iPhone,iPod,iPad အသုံးပြုနည်း)

iPhone,iPod, iPad ကိုင်ဆောင်ထားသူတွေအတွက် ဆရာ သန်းထိုက် (ရွှေရိပ်) ရေးထားတဲ့  iDevices များအတွက် လက်တွေ့ သုံးနည်းပညာ စာအုပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်





အဆင်​​ပြေပါ​စေ

Thursday, March 26

iphone အတွက် မြန်မာ Font သွင်းနည်း

ဒီ Post လေးကို Myanmar Mobile Development မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့
ဦးက သူ့ဖုန်းမှာ မြန်မာ Font သွင်းချင်တယ်ပြောလို့ ကျွန်တော်လိုက်ပြီးမွှေနှောက်ရှာဖွေနေတုန်း ဒီ Post
လေးကို တွေ့သွားတာဖြစ်ပါတယ်။ Myanmar Mobile Development ကို Credit ပေးပါတယ်။
           iPhone တွေအတွက်  မြန်မာ font သွင်းရလဲ ဆိုပြီး ကျွန်တော့်ဆီ Mail ပို့ ပြီး မေးလာတဲ့အတွက် ဒီ Post လေးကိုတင်လိုက်ပါတယ်။ ဒီနည်းကတော့ iOS 4.3.3 နဲ့ အထက် မြန်မာ Font နဲ့  မြန်မာ Keyboard သွင်းနည်းလေးပါ။ အောက်မှာ Step by step ရှင်းပြသွားပါမယ်။
1. အရင်ဆုံး Cydia >> Manage >> Sources >>  Edit >> Add ထဲကနေ cydia.macforus.com ကို add လိုက်ပါ
2. Source Add ပြီးရင် URL ကို Verify လုပ်ပါလိမ့်မယ်။ ပြီးတဲ့ အထိခဏစောင့်လိုက်ပါ
3. ပြီးသွားရင် Cydia >. Manage >>Sources >> cydia.macforus.com ထဲကနေ Zawgyi iOS 4.3 Font ကိုရှာပြီး Install လုပ်လိုက်ပါ
4. Font Install လုပ်ပြီးသွားရင် ဒီတစ်ခါ Keyboard ကို install လုပ်ပါမယ်။  Cydia >> Manage >>Sources >> cydia.macforus.com ထဲကပဲ Zawgyi Keyboard iPhone ကိုရှာပြီး install လုပ်လိုက်ပါ
5. Zawgyi Font ရော Keyboard ရော install လုပ်ပြီးသွားရင်တော့ Cydia ထဲကနေထွက်ပြီး
 Settings >> General >> Keyboard >> International Keyboards >> Add New Keyboard >> ထဲမှာ Myanmar မြန်မာ ဆိုတဲ့ Keyboard လေးရှိလိမ့်မယ်။ အဲဒါကို Add လိုက်ပါ
6. အပေါ်အဆင့်တွေ အားလုံးလုပ်ပြီး သွားရင်တော့ သင့်ရဲ့  iPhone မှာ Myanmar Font ရော Myanmar Keyboard ရော ရသွားပါပြီ
REF(:ပြည့်​ဖြိုးနည်းပညာ)

အဆင်​​ပြေပါ​စေ

Monday, March 23

iPhone တွေအတွက် Video Call ပါဝင်လာတဲ့ Viber v5.0.0

iPhone တွေအတွက် Video Call ပါဝင်လာတဲ့ Viber v5.0.0.4090 ကိုတင်ပေးလိုက်ပါတယ်။ Viber ဟာ ဗီဒီယိုခေါ်ဆိုမှု video calling ကို မိုဘိုင်းဖုန်းတွေမှာ အသုံးပြုလို့ရစေမယ့် feature ကိုထည့်သွင်းပေးလိုက်ပါပြီ။ အခုဆိုရင် Viber ကို သုံးပြီး ဗီဒီယိုခေါ်ဆိုမှုကို သင့်ရဲ့ဖုန်းမှာသာမက PC နဲ့ Mac ပေါ်မှာပါ တစ်ပြိုင်တည်း သုံးနိုင်ပြီ ဖြစ်တာကြောင့် သင့်အတွက် အဆင်ပြေဆုံး ဖြစ်မှာပါ။ Viber 5.0 မှာ ဗီဒီယိုခေါ်ဆိုမှု ပါဝင်လာရုံမက သူငယ်ချင်းတွေရဲ့ Viber နံပါတ်ကို ရိုက်ထည့်လိုက်တာပဲဖြစ်ဖြစ်၊ QR code နဲ့ Scan ဖတ်တာပဲဖြစ်ဖြစ် လုပ်ဆောင်ပြီး သင့်ရဲ့ Contacts တွေကို အလွယ်တကူ စီမံခန့်ခွဲနိုင်သည့် နည်းစနစ်လည်း ပါဝင်လာပါသည်။ iPhone တွေအတွက် Video Call ပါဝင်လာတဲ့ Viber v5.0 ကိုအောက်က Link မှာရယူနိုင်ပါတယ် Viber v5.0 for iPhone အားရယူရန် 
Ref:www.myanmarmobileapp

အဆင်​​ပြေပါ​စေ

Facebook v 13.0 for iphone/ipad/ipod touch

Iphone/ipad/ipod touch ကိုင်ဆောင်ပြီး Facebook အသုံးပြုသူများအတွက် App Store မှာ သြဂုတ်လ(၁)ရက်က Facebook v 13.0 update ပေးလိုက်ပြန်ပါပြီ။အခုဒီဗားရှင်းမှာထူးထူးခြားခြားပြောင်းလဲလာမှုတော့မရှိပါဘူး။ဒါပေမယ့် Facebook ကို အသုံးပြုရာမှာ သုံးစွဲသူတွေများအတွက်ပိုမိုကောင်းမွန်ဖို့အတွက် every 4 weeks တိုင်းမှာ update ပေးသွားမှာဖြစ်ကြောင်းမိမိဖုန်း ဖုန်းဟာ ios7 or up ဖြစ်ပါက အလိုအလျောက် update လုပ်ပေးနိုင်ဖို့အတွက် Settings > iTunes & App Store > Automatic Downloads and turning on updates ပြုလုပ်ထားခြင်းဖြင့် App store ကိုသွားပြီး update လုပ်စရာမလိုတော့ကြောင်း Facebook ဗားရှင်း အသစ်တိုင်းမှာ ဆော့ဝဲ့လ်အသုံးပြုရာမှာ မြန်ဆန်မှုနှင့်ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ဖို့အတွက်ပိုမိုကောင်းမွန်အောင်လုပ်ဆောင်သွားမှာဖြစ်ပြိး တခြားသောလုပ်ဆောင်ချက်အသစ်များကိုပါ ထည့်သွင်းပေးသွားမှာဖြစ်တဲ့အတွက် ဒီဆော့ဝဲလ် update ပေးကတည်းကမီမောင်းထိုးပြသထားတာဖြစ်ကြောင်း သိရပါတယ်။Facebook version 13.0 ကိုအောက်မှာရယူပါ
ref.myanmar mobile app store

အဆင်​​ပြေပါ​စေ

Tuesday, March 17

Latest Apple Firmware ! ( 8.2.0 )စုစည်းမူ

အသစ်ထွက်ရှိလာတဲ့ ” Apple Devices ” တွေအတွက် Firmware Update လေးတင်ပေးလိုက်ပါတယ်
လိုအပ်သူများ​အောက်​ကလခ့်​မှာကြိုက်​နှစ်​သက်​ရာ​ဒေါင်း​လော့ဆွဲရယူနိုင်​ပါပြီး…..
Apple iPhone Devices Firmwareများ
Apple IPad Devices Firmwareများ

Thursday, March 12

i-Phone နှင့် i-Pad သုံး၍ Apple ID - i_Tunes အကောင့် အလွယ်ပြုလုပ်နည်း

ပုံမှာပြထားသလို ဆော့ဝဲတစ်ခုစမ်းထည့်ပြီး New Apple ID နှိပ်ပါ
ဒီအဆင့်ရောက်ရင် နိုင်ငံတစ်ခုရွေးပါ ပြည်ပကဆို နေတဲ့နိုင်ငံရွေး
ဒီအဆင့်မှာ Agree ကိုနှိပ်လိုက်ပါ
သူစည်းကမ်းအနဲ့အညီထည့်​ပါမှားရင်​အနီပြပါလိမ့်​မယ်
Security မေးခွန်းလေးတွေ သေချာဖြေပါ ဖြည့်လိုက်ပါ
Free ID လုပ်မှာဖြစ်လို့ ဒီလိုပြလာရင် Non ကိုရွေးလိုက်ပါ
ဒီမှာဖြည့်တဲ့လိပ်စာက အစတုံးကရွေးခဲ့တဲ့ နိုင်ငံလိပ်စာဖြစ်ရမယ်
မွေး​နေ့ကိုမှတ်​မိတာထည့်​ပါအ​ကောင့်​ပျတ်​သွားရင်​လိုအပ်​ပါတယ်
အားလုံးသေချာဖြည့်ပီးရင် Next ကိုနှိပ်ပါ-တစ်ခုခုမှားရင် အနီရောင်စာနဲ့ ပြတယ်
ဒီအဆင့်ရောက်ရင် Email ဖွင့်ပါ Apple ကပို့ တဲ့Mail ရှာပီး Verify လုပ်ပါ
သတိထားရမှာက အကောင့်တစ်ခုခုဖြစ်ရင် ပြန်ယူနိုင်ဖို့ ဖြည့်ခဲ့တဲ့အချက်
မွေးနေ့ မွေးရက် ဖြေခဲ့တဲ့မေးခွန်း သေချာ မှတ်ထားပါ ။ ဒါဆိုရင် ဖုန်းက
အကောင့်ဖွင့်နည်း အဆင်ပြေပါပြီ ပုံလေးတွေကြည့်ပီး တစ်ချက်ချင်းဖတ်
သေချာဖြည့်မယ်ဆို Apple ID လုပ်တာ ခဏလေးနဲ့ အဆင်ပြေပါမယ်
မောင်(စွယ်စုံကျမ်း) အကောင့်လုပ်ရင်း ပုံလေးတွေ ရိုက်ပြီးယူထားတာ
10 မိနစ်တောင်မကြာပါဘူး ID လုပ်ရ အဆင်မပြေသူများ စမ်းသပ်နိုင်ပြီး

Apple (iPhone ios ) ID Account Free ဖွင့်နည်းလေးပါ( မြန်မာလိုင်းလည်းရပါတယ်​)်

အဆင့် (1)
အဆင့်​(2)
အဆင်​(3)
အဆင်​(4)
အဆင့်​(5)
အဆင့်​(6)
အဆင့် (7)
အထက်ကပုံတွေနဲ့အတူတစ်ဆင့်ခြင်းပြပေးထားပါတယ်
မြန်မာနိုင်ငံကလည်းးလိုင်းကောင်းရင် ဒီနည်းနဲ့ဖွင့်ရပါတယ်ခဗျာ

Wednesday, March 4

TapeACall Pro For iOS

iOS User တွေအတွက် TapeACall Pro Version ကိုပြန်ရှယ်ပေးလိုက်ပါတယ်....
TapeACall Pro ကိုအသုံးပြုပြီး...Imcoming and Outgoing Calls တွေကို Record လုပ်နိုင်ပါတယ်...






<<<<အဆင်​​ပြေရင်​​ကြေညာ​လေးကလစ်​ခဲ့ပါ>>>>

Thursday, February 26

IPhone 5S ရဲ့ Touch ID Fingerprint Sensor ကို အသုံးပြုနည်း (5) နည်း

 iPhone 5S မှာ ပါတဲ့ Touch ID ဟာ သင့် iPhone ကို Unlock လုပ်ဖို့အတွက် အရင် အသုံးပြုနေကျ 4-digit PIN code တွေကိုအသုံးပြုစရာမလိုဘဲ သင့် လက်ချောင်း ကိုအသုံးပြုပြီးလွယ်ကူစွာ Unlock လုပ်ဖို့ပြုလုပ်ပေးထားပါတယ်။ iTunes , App Store တွေကနေ ပစ္စည်းတွေဝယ်ယူတဲ့အခါမှာလည်း Touch ID ကိုသုံးနိုင်တဲ့အတွက် အဆင်ပြေစေပါတယ်။
PIN Code တွေကိုအသုံးပြုနေကျသူတွေဆိုရင်တော့ Touch ID ဟာ ပိုမိုလွယ်ကူအဆင်ပြေလို့သင်သဘောကျမှာသေချာပါတယ်။ ဖုန်းကို Lock လုပ်မထားတတ်တဲ့သူတွေအတွက်လည်းTouchID ကအသုံးပြုချင်စရာကောင်းအောင်စွဲဆောင်နိုင်ပါတယ်။

Touch ID ကို Setup လုပ်ရတာလွယ်ကူလှပါတယ်။ Settings>General>Touch ID & Passcode>Touch ID ကိုသွားပြီးညွှန်ကြားချက်တွေအတိုင်းပြုလုပ်ပါ။ Touch ID ကို အသုံးပြုရတာလွယ်ကူပေမယ့် ပိုမိုကောင်းမွန်စွာအသုံးပြုဖို့နည်းလမ်းတွေရှိပါတယ်။

လက်ချောင်းတွေကို နှစ်သက်တဲ့ အနေအထားနဲ့ Scan လုပ်နိုင်ပါတယ်။

သင့်လက်ချောင်းတွေကို Touch ID မှာ မှတ်ပုံတင်ဖို့ပြုလုပ်တဲ့အခါမှာ ပဲဖြစ်ဖြစ် ၊ Touch ID ကို အသုံးပြုပြီး Unlock လုပ်တဲ့ အခါမှာပဲဖြစ်ဖြစ် ပုံမှန်အနေအထားအတိုင်းပြုလုပ်စရာမလိုဘဲ နှစ်သက်ရာ အနေအထားနဲ့ ပြုလုပ်နိုင်ပါတယ်။ Touch ID က 360 ဒီဂရီ အနေအထားကို ဖတ်နိုင်ပါတယ်။

အများဆုံးလက်ချောင်းငါးချောင်း အထိ မှတ်ပုံတင်နိုင်ပေမယ့် အနည်းငယ်ပဲ မှတ်ပုံတင်ပါ။

Touch ID မှာ အများဆုံး လက်ချောင်းငါးချောင်းအထိ မှတ်ပုံတင်ထားလို့ရပါတယ်။ ဒါပေမယ့် လက်ချောင်းများများ  မှတ်ပုံတင် ထားလေလေ Scan လုပ်တဲ့အချိန် ကြာမြင့်လေလေဖြစ်ပါတယ်။ Touch ID ကမှတ်ပုံတင်ထားတဲ့ လက်ချောင်းတွေအများကြီးနဲ့လိုက်တိုက်စစ်နေရလို့ဖြစ်ပါတယ်။အဲဒီအတွက် လက်ချောင်း အနည်းငယ်သာမှတ်ပုံတင်ထားသင့်ပါတယ်။

လက်ချောင်းတွေကို ခွဲခြားပါ။

လက်ချောင်းတွေ တစ်ခုထက်ပို မှတ်ပုံတင်ထား မိပြီးဘယ်လက်ချောင်းက ဘယ် Fingerprint ဆိုတာ မသိတော့ဘူးဆိုရင် Touch ID Settings ထဲသွားပြီး လက်ချောင်းကို Scan လုပ်ပါ။ဒါဆိုရင် သက်ဆိုင်ရာ Fingerprint ကို ပြပေးပါမယ်။

ငါး ကြိမ် အထိကြိုးစားပါ။

Touch ID ကိုအသုံးပြုပြီးသင့်ဖုန်းကို Unlock လုပ်ဖို့ကြိုးစားတဲ့ အခါမှာ  သုံးကြိမ်အထိ အဆင်မပြေသေးရင် PIN Code ထည့်ဖို့ပြောပါလိမ့်မယ်။ Touch ID ကိုအသုံးပြုဖို့ ခွင့်ပြုထားတဲ့ အကြိမ်အရေအတွက် ဟာ ငါး ကြိမ် ဖြစ်တဲ့အတွက် သင်ကြိုးစားဖို့ နှစ်ကြိမ် ကျန်ပါသေးတယ်။

Home Button တစ်ခုလုံးကို ခြုံငုံပြီး အသုံးပြုပါ။

Touch ID ဟာ သင့်လက်ချောင်းတွေကို ကောင်းမွန်စွာ Scan လုပ်နိုင်ပါတယ်။ဒါပေမယ့် တစ်ခါတစ်လေ မှာ အဆင်မပြေတာတွေလည်းဖြစ်တတ်ပါတယ်။အဲဒီလိုအခြေအနမှာ သင့် လက်ချောင်း ကို Home Button တစ်ခုလုံးအပေါ်မှာခြုံငုံ ပြီး အသုံးပြုပါ

ref:MMICT


အဆင်​​ပြေပါ​စေ