Showing posts with label iso ဆိုင်​ရာ. Show all posts
Showing posts with label iso ဆိုင်​ရာ. Show all posts

Tuesday, September 15

IOS User တွေအတွက် ဖောင့်ဒီဇိုင်း ရှစ်မျိုး

IOS user တွေအတွက် ဖောင့်ဒီဇိုင်းပြောင်းသုံးနိုင်ရန်
ဖောင့်ဒီဇိုင်းရှစ်မျိုးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
မိမိတို့နှစ်သက်ရာဖောင့်ဒီဇိုင်းကို အောက်ကလင့်ကနေ
download ရယူလိုက်ပါ

အဆင်​​ပြေပါ​စေ

Monday, August 24

Facebook versions 37.0(for Ios)

Facebookအသုးံပြုသူ​တွေအတွက်​versions37.0​လေးပြန်​လည်​မျှ​ဝေလိုက်​ပါတယ်​facebookဆို​တော့အားလုးံရင်းနှီးပြီးသားမို့အ​ထွေထူးရှင်းပြ​နေစရာလိုမယ်​မထင်​ပါဘူး

အဆင်​​ပြေပါ​စေ

Thursday, August 20

ဓါတ်ပုံတွေကို Effect မျိုးစုံဖြင့် ဖန်တီးတိုင်တဲ့ VSCO Camera

Smart Phone အသုံးပြုသူတို့ အများဆုံး အသုံးပြုတဲ့ Feature ကတော့ Camera ဖြစ်ပါလိမ့်မယ်။ ကင်မရာကို အသုံးပြုပြီး ဓါတ်ပုံရိုက်မှတ်တမ်းတင်ကြသလို၊ အချို့ကလည်း အလှဓါတ်ပုံများရိုက်လေ့ရှိကြပါတယ်။ အရင်ကတော့ Camera 360 ဟာ ဓါတ်ပုံတွေကို အကောင်းဆုံး ပြန်ပြင်နိုင်တဲ့ Application အဖြစ် တည်ရှိနေပေမဲ့ အခုနောက်ပိုင်းမှာ အရည်သွေးကောင်း Effect မျိုးစုံ ပါဝင်တဲ့ Application မျိုးစုံကလည်း ပေါ်လာခဲ့ပါပြီ။ ဒီ Application တွေထဲကမှ ဖုန်းနဲ့ ဓါတ်ပုံကို အကောင်းဆုံးပြင်နိုင်တဲ့လူတွေကတော့ VSCO ကို အသုံးပြုလာကြပါတယ်။
VSCO ဆိုတာ Visual Supply Co ကို အတိုကောက်ခေါ်ဆိုတဲ့ နာမည်ဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ Effect တွေကလည်း ဓါတ်ပုံဆရာတွေကြိုက်နှစ်သက်တဲ့ Effect တွေဖြစ်ပြီး အချို့ အရည်အသွေးအရမ်းကောင်းတဲ့ Effect တွေကိုတော့ အခကြေးငွေပေးပြီး ဝယ်ရပါတယ်။ အခုဆိုရင် VSCO Camera Application က update version ထွက်ရှိလာပါပြီ။
Update Version ဟာထွက်ရှိလာပေမဲ့ ဘာမှတော့ ကွဲပြားခြားနားသွားခြင်း သိပ်မရှိပါဘူး။ ဒါပေမဲ့ English စာ နဲ့ ရင်းနီးကျွမ်းဝင်မှု မရှိတဲ့ user တွေအတွက် နေထိုင်ရာ နိုင်ငံနဲ့လိုက်ပြီး ဘာသာစကားတွေကို ရွေးချယ်ခွင့်ပေးလိုက်ပါတယ်။ ၈၀ ရာခိုင်နှုန်းသော VSCO Camera အသုံးပြုသူတို့ဟာ အခြားနိုင်ငံမှ လူများဖြစ်ခြင်းကြောင့်လည်း အခုလို ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။  VSCO Camera ကို Android နဲ့ iOS ဆိုပြီး နှစ်မျိုးထုတ်လုပ်ထားတဲ့အတွက်ကြောင့် iOS မှာ အင်္ဂလိပ်စာနဲ့ ရင်းနီးမှု မရှိတဲ့ လူတွေအတွက် ဒတ်ခ်ျ ၊ အီတလီ ၊ မလေးရှား နဲ့ ထိုင်း ဘာသာစကားများကို ထည့်သွင်းပေးပြီး Android မှာတော့ ဘာသာစကား ၁၃ မျိုးကို ထည့်သွင်းပေးထားပါတယ်။ VSCO ကို အသုံးပြုလိုပါက အောက်က link တွေကနေ Download လုပ်နိုင်ပါတယ်။

အဆင်​​ပြေပါ​စေ

Saturday, June 20

Apple ID Account အလွယ်တကူဖွင့်နည်း

iOS User တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Apple ID လေးကို ကိုယ်တိုင်ပြုလုပ်နိုင်ရန် ဝေမျှပေးလိုက်ပါတယ်။
Apple ID ဖွင့်နည်းတွေအများကြီး တင်ပေးနေကြတာလဲတွေ့ပါတယ်။ ခုနောက်ပိုင်းမမြင်တော့တာကြာပြီဖြစ်လို့
နောက်ပိုင်း မသိသေးတဲ့ User တွေအနေနဲ့ ဗပာုသုတတစ်ခုအဖြစ် ရေးသားပေးလိုက်ပါတယ်။
အရင်ဆုံးလိုအပ်တာကတော့ Gmail account တစ်ခုဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာတော့ Gmail account က
လူတိုင်းရှိပြီးသားပါ။ Gmail ထဲကိုအရင် Sing-in လုပ်ထားလိုက်ပါ။

ပီးရင် iTune ကိုဖွင့်လိုက်ပါ။ Appstore ထဲကို ၀င်လိုက်ပါ
Application တစ်ခုခုအောက်က Get ကို နှိပ်လိုက်ပါ။
နောက်ထပ် Get ကိုပဲထပ်နှိပ်ပါ။ Apple ID နဲ့ Password တောင်းပါမယ်။ Creat Apple ID ကိုနှိပ်လိုက်ပါ
နောက်တစ်နေရာရောက်ပါမယ်။ Continue ကိုနှိပ်လိုက်ပါ
i have read & agree……… ကို အမှန်ခြစ်ပေးပြီး Agree ကိုနှိပ်ပါ
နာက်တစ်ဆင့်မှာ gmail တောင်းပါမယ်။ လိုအပ်တာများဖြည့်စွက်လိုက်ပါ။ Recovery Email အနေနဲ့
Optional Rescue Email တောင်းပါမယ်။ အပေါ်မှာ ကိုယ်သုံးမဲ့ email အနေနဲ့ထည့်ထားတဲ့ email နဲ့
မတူတဲ့ account တစ်ခု ထည့်ပေးလိုက်ပါ။
paypal card တို့ visa card တို့အဆင့်ကိုရောက်ရင် None ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ
ပြီးရင်တော့ နိုင်ငံ zip code များ Adress များကို အောက်ကပုံအတိုင်းဖြည့်စွက်ပြီး Creat Apple ID ကို နှိပ်လိုက်ပါ
iTune ကနေ verifield လုပ်ရန် ကိုယ်ရဲ့ Gmail ထဲကို mail တစ်ဆောင်ပို့ပေးထားပါမယ်။ mail ထဲဝင်ပြီး
verifield လုပ်ပေးလိုက်ပါ။ verifield လုပ်ပြီးရင်တော့ သင် Apple ID တစ်ခု ပြုလုပ်ခြင်းပြီးစီးပါပြီ

အဆင်​​ပြေပါ​စေ

Tuesday, March 31

iDevices များအတွက်လက်တွေ့သုံးနည်းပညာ (iPhone,iPod,iPad အသုံးပြုနည်း)

iPhone,iPod, iPad ကိုင်ဆောင်ထားသူတွေအတွက် ဆရာ သန်းထိုက် (ရွှေရိပ်) ရေးထားတဲ့  iDevices များအတွက် လက်တွေ့ သုံးနည်းပညာ စာအုပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်





အဆင်​​ပြေပါ​စေ

Thursday, March 26

iphone အတွက် မြန်မာ Font သွင်းနည်း

ဒီ Post လေးကို Myanmar Mobile Development မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့
ဦးက သူ့ဖုန်းမှာ မြန်မာ Font သွင်းချင်တယ်ပြောလို့ ကျွန်တော်လိုက်ပြီးမွှေနှောက်ရှာဖွေနေတုန်း ဒီ Post
လေးကို တွေ့သွားတာဖြစ်ပါတယ်။ Myanmar Mobile Development ကို Credit ပေးပါတယ်။
           iPhone တွေအတွက်  မြန်မာ font သွင်းရလဲ ဆိုပြီး ကျွန်တော့်ဆီ Mail ပို့ ပြီး မေးလာတဲ့အတွက် ဒီ Post လေးကိုတင်လိုက်ပါတယ်။ ဒီနည်းကတော့ iOS 4.3.3 နဲ့ အထက် မြန်မာ Font နဲ့  မြန်မာ Keyboard သွင်းနည်းလေးပါ။ အောက်မှာ Step by step ရှင်းပြသွားပါမယ်။
1. အရင်ဆုံး Cydia >> Manage >> Sources >>  Edit >> Add ထဲကနေ cydia.macforus.com ကို add လိုက်ပါ
2. Source Add ပြီးရင် URL ကို Verify လုပ်ပါလိမ့်မယ်။ ပြီးတဲ့ အထိခဏစောင့်လိုက်ပါ
3. ပြီးသွားရင် Cydia >. Manage >>Sources >> cydia.macforus.com ထဲကနေ Zawgyi iOS 4.3 Font ကိုရှာပြီး Install လုပ်လိုက်ပါ
4. Font Install လုပ်ပြီးသွားရင် ဒီတစ်ခါ Keyboard ကို install လုပ်ပါမယ်။  Cydia >> Manage >>Sources >> cydia.macforus.com ထဲကပဲ Zawgyi Keyboard iPhone ကိုရှာပြီး install လုပ်လိုက်ပါ
5. Zawgyi Font ရော Keyboard ရော install လုပ်ပြီးသွားရင်တော့ Cydia ထဲကနေထွက်ပြီး
 Settings >> General >> Keyboard >> International Keyboards >> Add New Keyboard >> ထဲမှာ Myanmar မြန်မာ ဆိုတဲ့ Keyboard လေးရှိလိမ့်မယ်။ အဲဒါကို Add လိုက်ပါ
6. အပေါ်အဆင့်တွေ အားလုံးလုပ်ပြီး သွားရင်တော့ သင့်ရဲ့  iPhone မှာ Myanmar Font ရော Myanmar Keyboard ရော ရသွားပါပြီ
REF(:ပြည့်​ဖြိုးနည်းပညာ)

အဆင်​​ပြေပါ​စေ

Monday, March 23

Facebook v 13.0 for iphone/ipad/ipod touch

Iphone/ipad/ipod touch ကိုင်ဆောင်ပြီး Facebook အသုံးပြုသူများအတွက် App Store မှာ သြဂုတ်လ(၁)ရက်က Facebook v 13.0 update ပေးလိုက်ပြန်ပါပြီ။အခုဒီဗားရှင်းမှာထူးထူးခြားခြားပြောင်းလဲလာမှုတော့မရှိပါဘူး။ဒါပေမယ့် Facebook ကို အသုံးပြုရာမှာ သုံးစွဲသူတွေများအတွက်ပိုမိုကောင်းမွန်ဖို့အတွက် every 4 weeks တိုင်းမှာ update ပေးသွားမှာဖြစ်ကြောင်းမိမိဖုန်း ဖုန်းဟာ ios7 or up ဖြစ်ပါက အလိုအလျောက် update လုပ်ပေးနိုင်ဖို့အတွက် Settings > iTunes & App Store > Automatic Downloads and turning on updates ပြုလုပ်ထားခြင်းဖြင့် App store ကိုသွားပြီး update လုပ်စရာမလိုတော့ကြောင်း Facebook ဗားရှင်း အသစ်တိုင်းမှာ ဆော့ဝဲ့လ်အသုံးပြုရာမှာ မြန်ဆန်မှုနှင့်ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ဖို့အတွက်ပိုမိုကောင်းမွန်အောင်လုပ်ဆောင်သွားမှာဖြစ်ပြိး တခြားသောလုပ်ဆောင်ချက်အသစ်များကိုပါ ထည့်သွင်းပေးသွားမှာဖြစ်တဲ့အတွက် ဒီဆော့ဝဲလ် update ပေးကတည်းကမီမောင်းထိုးပြသထားတာဖြစ်ကြောင်း သိရပါတယ်။Facebook version 13.0 ကိုအောက်မှာရယူပါ
ref.myanmar mobile app store

အဆင်​​ပြေပါ​စေ

Tuesday, March 17

Latest Apple Firmware ! ( 8.2.0 )စုစည်းမူ

အသစ်ထွက်ရှိလာတဲ့ ” Apple Devices ” တွေအတွက် Firmware Update လေးတင်ပေးလိုက်ပါတယ်
လိုအပ်သူများ​အောက်​ကလခ့်​မှာကြိုက်​နှစ်​သက်​ရာ​ဒေါင်း​လော့ဆွဲရယူနိုင်​ပါပြီး…..
Apple iPhone Devices Firmwareများ
Apple IPad Devices Firmwareများ

Tuesday, February 24

Clash of Clans ဂိမ်းကို PC ပေါ်တွင် ကစားခြင်း

နာမည်ကျော် မိုဘိုင်းဂိမ်းဖြစ်တဲ့ Clash of Clans ဂိမ်းကို PC ပေါ်မှာ ကစားလိုသူများ အနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။
(၁) Bluestacks ကို  ဒိမှာရယူပါ မှာ download လုပ်ပါ။
(၂) Bluestacks ကို install လုပ်ပြီးပါက Clash of Clans apk ဖိုင်ကို install လုပ်ပါ။ APK ဖိုင် မရှိသူများ ဒိမှာရယူပါ ၃) COC.apk ဖိုင်ကို click နှစ်ချက်နှိပ်ပါ။ Bluestacks မှာ install လုပ်သွားပါလိမ့်မယ်။ Click နှစ်ချက်နှိပ်ချိန်မှာ Bluestacks မပေါ်လာခဲ့ရင် COC.apk ဖိုင်ပေါ်မှာ right-click နှိပ်ပြီး Open with… ကိုနှိပ်ပါ။ Browse ကိုနှိပ်ပြီး Bluestacks directory ထံသွားပါ။ Bluestacks directory က C:\Program Files\BlueStacks ဖြစ်ပါတယ်။ 64-bit သုံးသူများကတော့ C:\Program Files (x86)\BlueStacks ထံသွားပါ။ ပြီးရင် HD-ApkHandler.exe ကိုရွေးပါ။ Bluestacks မှာ COC က install လုပ်သွားပါလိမ့်မယ်။
(၄) Android user တွေကတော့ Google+ ခလုတ်ကိုနှိပ်ပြီး log in လုပ်ပြီးတာနဲ့ COC ကို PC ပေါ်မှာ ကစားနိုင်ပါပြီ။
(၅) iOS user တွေကတော့ Link ချိတ်ရမယ့်အဆင့် လုပ်ဖို့လိုပါတယ်။ Link ချိတ်ဖို့အတွက် အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။
- Bluestacks နဲ့ iOS ပေါ်မှာ COC ဂိမ်းကို ဖွင့်ပါ။
- ပြီးရင် နှစ်ခုစလုံးက in-game settings window ကို ဖွင့်ပါ
- Link a device ခလုတ်ကိုနှိပ်ပါ
- Old device နဲ့ New device ကို သတ်မှတ်ပါ။ iOS မှာ old device လို့ရွေးပြီး Bluestacks မှာ new device ကိုရွေးပါ
- “I want to link to another device” ကိုရွေးပါ။
- အဲ့ဒီနောက် iOS မှာ code တစ်ခုပေါ်လာပါမယ်။ အဲ့ဒီ code ကို device အသစ်မှာ (Bluestacks) ရိုက်ထည့်ဖို့အတွက် အချိန် ၅ မိနစ် ရပါတယ်။ ၅ မိနစ်အတွင်း မရိုက်နိုင်ရင်တော့ နောက်ထပ် code တစ်ခု ထပ်ယူရပါမယ်။
- Already linked ဆိုတဲ့ စာတန်းပေါ်လာရင်တော့ COC ဂိမ်းကို Bluestacks မှာ ဆက်ကစားနိုင်ပါပြီ။
Credit<<internetjournal.media>>>

အဆင်​​ပြေပါ​စေ

iOS 8.1.2 ကို Jailbreak ပြုလုပ်နိင်သော TaiG Jailbreak Tool ဗားရှင်း

Apple က ဒီဇင်ဘာ ၉ ရက်နေ့တွင် iPhone/Pad/Pod touch များအတွက် iOS 8.1.2 ကိုထုတ်ပေး လိုက်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့တွင် TaiG Jailbreak Team က iOS 8.1.2 ကို Jailbreak ပြုလုပ်နိုင်သော TaiG Jailbreak Tool ဗားရှင်းအသစ် 1.2.0 ကိုထပ်မံထုတ်ပေးလိုက်သည်။ iOS 8.1.2 တင်ပြီး Jailbreak မရမှာစိုးရိမ်နေသူတွေအတွက် သတင်းကောင်းပါပဲ။ iOS 8.1.1 - 8.1.2 တို့ကို Jailbreak ပြုလုပ်နိုင်သော TaiG Jailbreak Tool v1.2.0 ကိုအောက်က link မှာရယူနိုင်ပါတယ်။


အဆင်​​ပြေပါ​စေ

Sunday, February 22

i Phone Internet Setting ချိန်နည်း

မိုဘိုင်းလိုင်းကဒ်များဖြင့် i Phone တွင် အင်တာနက် သုံးစွဲ မည်ဆိုပါက Internet Setting ထည့်သွင်းပေးရန် မသိသေးသော သူများအတွက် ရည်ရွယ်ပါသည်...
1 . Settings -> General -> Network အောက်ရှိ
     Cellular  Data နှင့် Enable 3G နှစ်ခုစလုံးကို
     "ON" ပေးလိုက်ပါ
2. Cellular Data Network သို့ သွားပါ
3. Cellular Data အောက်ရှိ APN တွင် mptnet
    ရိုက်ထည့်ပေးလိုက်ပါ
ပြီးရင်  ဖုန်းကို Reboot   ပြန်လုပ်ပါ ။ (Power ပိတ်ပြီး ပြန်ဖွင့်ပါ )
Internet  ချိတ်မိပြီ ဆိုရင် ဖုန်းလိုင်း အတုံးလေးများ ( Network Signal ) ဘေးမှာ "E"  အမှတ်အသားလေး  ပြနေပါလိမ့်မည် ။ ဒါဆို Cellular Data ကို On / Off လုပ်ပြီး အင်တာနက်အသုံးပြု နိုင်ပြီ ဖြစ်ပါသည်

အဆင်​​ပြေပါ​စေ

Saturday, February 21

TaiG jailbreak for ios 8.1.3 and others

♥ ♥

ကျွန်တော်က အမှန်တိုင်းဝန်ခံရရင် iphone တွေဘာတွေ အချိန်အကြာကြီးကိုယ်ပိုင်လိုမသုံးဘူးပါဘူး သူများတွေကဟိုဟာလုပ်ပေးဒါလုပ်ပေးလောက်ဆိုလို့ ခနတဖြုတ်ပဲကိုင်ဘူးတာပါ ခုလည်းသူငယ်ချင်းတစ်ယောက်က တောင်းလို့သူ့ iphone ios 8.1.3 jailbreak လုပ်ချင်လို့ပူဆာနေတာနဲ့ရှာတွေ့လို့တစ်ခါတည်းလက်စနဲ့တင်ပေးလိုက်ပါတယ်

  • TaiG jailbreak ကအောက်ပါအမျိုးအစားအားလုံးကို jailbreak လုပ်နိုင်တယ်လို့ဆိုထားပါတယ်
  •  iOS 8.1.1 and iOS 8.1.2 devices:
    • iPhone 6, iPhone 6 Plus, iPhone 5s, iPhone 5c, iPhone 5, iPhone 4S
    • iPad Air 2, iPad Air, iPad 4, iPad 3, iPad 2
    • iPad mini 3, iPad mini 2, iPad mini
    • iPod touch 5G

အဆင့် 1: နောက်ဆုံးဗားရှင်းTaiG jailbreak ကို >>ဒီမှာဒေါင်းပါ
အဆင့်2:USB cable ကြိုးဖြင့်သင်၏ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ
အဆင့်3:Settingsမှ Passcode ကို disable လုပ်ထားပါ
           ( setting>> Touch ID & Passcode.)
အဆင့်4:  Setting မှ Find my iPhone ကိုလည်းပိတ်ထားရပါမယ်                  Settings > iCloud > Find my iPhone.
အဆင့် 5: ဒေါင်းပီးသားzip ဖိုင်ကို ဖြည်ပီး install လုပ်ပါ နောက်“Run                   as Administrator"ဖြင့် TaiG exe ဖိုင်ကို run ပါ။
အဆင့် 6: TaiG ဆော့ဝဲကသင်ဖုန်းနှင့် ချိတ်မိဖို့ရန်ခနစောင့် ပေးရပါမယ်။.               The correct firmware version လို့ပေါ်လာပါက confirm ကိုနှိပ်ပေးရပါ့မယ် Cydia 1.1.16 ရဲ့အောက်မှာပါတဲ့ TaiG App Store(the one in Chinese)ဆိုတာကို deselect လုပ်ပေးရပါ့မယ်။
အဆင့် 7:အစိမ်းရောင်jailbreak (Begin or Start) button ကိုနှိပ်ပါ ထိုအခါ အလုပ်လုပ်နေသည်ကိုသင်မြင်တွေ့ရပါလိမ့်မယ်
Note: If TaiG gets stuck at 30% or so then don’t worry, wait for 20-30 minutes for the process to progress, it can take time if you’re using it in a virtual machine.  အသေးစိတ်သိရှိလိုပါကဒီpostကိုသွားပါ။
အဆင့် 8: jailbreak ပီးဆုံးသွားပါက သင်၏ဖုန်းreboot ကျပီးပြန်ပွင့် လာလျှင် ဖုနိး၏Home screen တွင် Cydia icon ကိုမြင်တွေ့ရပါလိမ့်မယ်ခင်ဗျာ 
အားလုံးအဆင်ပြေကြပါ                                        
★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။★★
ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
အားလုံးပဲအဆင်ပြေပါစေ။
(ခင်မောင်ထူး နည်းပညာ) 

Wednesday, February 18

ပန်းစကား စတစ်ကာများကို ရယူနည်း (Android)

Facebookပေါ်တွင်မြန်မာဘာသာဖြင့်ပြုလုပ်ထားသော Speak Panzagar အမည်ရှိတဲ့ sticker လေးတွေ အသစ်ထွက်ရှိလာပါတယ်။ Facebook အတွက်ဘာလို့ ဒီ sticker လေးတွေလုပ်ဖြစ်တယ်ဆိုတဲ့အကြောင်းကို မနက်ဖြန်(19th Feb)မှာသတင်းစာရှင်းလင်းပွဲလုပ်မယ်လို့သိရပါတယ် အ​သေးစိတ်​ကြည့်​ချင်​ရင်​ဒိမှာ ​လေ့လာ​ပေးပါ မန်မာနိုင်ငံအတွက်ပဲရသေးပြီး ပြည်ပမှာမရရှိသေးပါဘူး။ Sticker Store မှာ Speak Panzagar လို့ရှာပြီးရယူနိုင်ပါတယ်။ ပြည်ပက ရွှေမြန်မာတွေအသုံးပြုချင်ရင်တော့ Android ဆို Facebook App ကို clear data လုပ် fake location နဲ့ မြန်မာနိုင်ငံကိုပြောင်းလိုက်ပြီး login ပြန်ဝင်ကာ Speak Panzagar Sticker တွေကိုဒေါင်းနိုင်မှာဖြစ်ပါတယ်။ iOS ဆိုရင် Facebook ကို Logout လုပ်ပြီး location faker(jailbreak only) နဲ့မြန်မာနိုင်ငံကိုပြောင်း login ဝင်ကာ Sticker တွေရယူနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးဘယ်လိုမှမရဘူးဆိုရင်တော့ ကိုယ့် acc ကိုယုံကြည်ရတဲ့မြန်မာနိုင်ငံကသူငယ်ချင်းတစ်ယောက်ကို login ဝင်ခိုင်းပြီး download လုပ်ခိုင်းလို့ရပါတယ အရင်ဆုံး iOS Device ဟာ jailbreak  လုပ်ထားဖို့လိုပါလိမ့်မယ်။ မလုပ်ထားရင်တော့ မြန်မာပြည်ကသူငယ်ချင်းတစ်ယောက်ကို login ဝင်ပြီးဒေါင်းခိုင်းမှပဲရပါမယ်။
iOS အတွက်ပြည်ပမှ ပန်းစကားစတစ်ကာယူနည်း
1) Cydia ထဲဝင်ပြီး LocationFaker ကိုဒေါင်းပါ။ (source = “http://repo.biteyourapple.net”)
2) Location Faker ထဲဝင်ပြီး Yangon ကို ကိုယ့် location မြှားလေးကို ရွေ့ပေးပါ။ပြီးရင် အောက်မှာ on ကိုရွေးပေးလိုက်ပါ။
3) Facebook App ကို logout လုပ်ပြီး login ပြန်ဝင်ပါ။
4) Sticker Market ထဲဝင်ပြီး Panzagar sticker များဒေါင်းနိုင်ပါပြီ။
5) Location Faker ကိုအသုံးပြုရန်မလိုတော့ပါဘူး ပြန် off လုပ်ပေးပါ
Android အတွက်ပြည်ပမှ ပန်းစကားစတစ်ကာယူနည်း
Android Devicesတွေအတွက် Speak Panzagar Myanmar Sticker For Facebookကို မြန်မာပြည်ပြင်ပ နိုင်ငံရပ်ခြားမှာနေထိုင်တဲ့လူတွေအတွက်ဒေါင်းပြီးသုံးနိုင်ရန်အလွယ်ကူဆုံးနည်းလေးပါ…
အရင်ဆုံး Fake GPS Freeကိုဒေါင်းပြီးသွင်းပါ
ပြီးရင်မိမိဖုန်းရဲ့ Setting>>>developer optionထဲက Allow Mock Location(တည်နေရာအတုကိုလက်ခံအသုံးပြုခွင့်)ကိုဖွင့်ပေးထားပါ
နောက်တဆင့်ကတော့ Fake GPS Freeကိုဖွင့်ပြီး Devicesရဲ့ Location(or)GPSကို ဖွင့်ပေးထားပါ
Fake GPSရဲ့ Search BarမှာYangonလို့ရိုက်ပြီးရှာပါ
Yangonရဲ့တနေရာကိုSet Destination ပြပေးပါတယ်
ပြီးရင် Play iconလေးကိုနှိပ်ပေးပါက Fake Location Engaged ပြရင်ရပါပြီ
သေချာအောင်လို့အရင်ဆုံး..Facebook ကို Clear Data လုပ်ပေးပါ
ပြီးမှ Sticker Marketထဲကိုဝင်ပြီး Speak Panzagar Stickerကိုတွေ့ပါလိမ့်မယ်…်

အဆင်​​ပြေပါ​စေ

Monday, February 16

Myanmar Music Store Android App

Myanmar Music Store ဆိုတော်တော်များများ သိကြမှာပါ။ Online ကနေ မြန်မာသီချင်းတွေကို Phone bill ကနေတဆင့် ဒါမှမဟုတ် gift card ထည့်ပြီး တရားဝင်ဝယ်လို့ရတဲ့ သီချင်းရောင်းတဲ့ အွန်လိုင်းစတိုး တစ်ခုပဲဖြစ်ပါတယ်။ အရင်က browser ကနေ  www.myanmarmusicstore.comကိုဝင်ပြီး သီချင်းတွေဝယ်ယူရတာပဲဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Myanmar Music Store Android App ထွက်ရှိလာပါပြီ။ (iOS အတွက်လဲထွက်ရှိပြီးသားဖြစ်ပါတယ် iTunes Link) Google Play Store မှာအခမဲ့ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။
Playstory၀င်​ရန်​အခက်​ခဲရှိသူများ

အဆင်​​ပြေပါ​စေ