Friday, August 12
Psiphon.apk(ForAndorid)
  • Andoridဖုန်းပိုင်​ရှင်​​တွေအတွက်​အ​ကြောင်းအမျိုးမျိုး​ကြောက့်​တခါတ​လေvpn​ကျော်​ရ​လေ့ရှိတတ်​ပါတယ်​vpn​ကျော်​တဲ့အခါအလွယ်​ကူဆုးံနှငိ့မြန်​မြန်​ဆန်​ဆန်​အသုးံပြုလို့ရ​စေမည့်​Psipnon.apk​လေးနဲ့မိတ်​ဆတ်​​ပေးလိုက်​ပါတယ်​ဒိ​ကောင်​​လေးက​တော့အသုးံပြုဖူးသူတိုင်​အကြိုက်​​တွေ့​စေမှာဖြစ်​ပါတယ်​facebook lock​ဖြေတဲ့အခါတုးံကဒိ​ကောင်​​လေးကvpn​ကျော်​၇ာမှာနမည်​ကြီးခဲ့ပါတယ်​အသုးံပြုလိုသူများ​အောက်​ကလခ့်​မှာရယူပါ
  • ★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။★★
    ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
    Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
    အားလုံးပဲအဆင်ပြေပါစေ။
    (ခင်မောင်ထူး နည်းပညာ) 
    ZapaအသုးံပြုပြီးFile sharedပြုလုပ်​သူ​တွေအတွက်
  • ၁။ဒီကောင်က အကျိုးပြုသလိုလိုနဲ့ နောက်ကွယ်မှာ အ​နှောက်​ယှက်​အ​တော်​​ပေး​နေတဲ့သူလို​ပြောလိုရနိုင်​ပါတယ်
  • ၂။သူ့ကိုတင်ပြီးတာနဲ့ Run အ​တော်​များများကိုအသုးံပြု​နေပါနယ်
  • ၃။အင်တာနတ်ဖွင့်နေချိန်မှာ နောက်ကွယ်ကနေ run ပေးနေပြီး
  • အမည်မသိ app တွေ .c file တွေ auto ဒေါင်းနေလိမ့်မယ်
  • ၄။Rom တွေကို အသုးံပြုများနဲ့အတွက်​စက်​ဟန်းသွားနိုင်​ပါတယ်
  • ၅။virus app တွေ ဒေါင်းပြီး install တင်လိမ့်မယ်
  • ၆။ အင်တာနတ်ဖွင့်တာနဲ့ file တွေ ဒေါင်းနေပါလိမ့်မယ်
  • ဘေလ်တွေ အလိုလိုတတ်​လာပါလိမ့်​မယ်
  • ၇။Browser ဖွင့်တိုင်း app ​ကြေညာ​တွေတတ်​လာပြီးdownloadပြုလုပ်​ခိုင်းပါလိမိ့မယ်
  • ၈။Phone အားကုန်​မြန်​လာပါလိမ့်​မယ်
  • ၉။ rom ကိုစားပြစ်နေတဲ့အတွက် ဖုန်းက အရင်​​လောက်​သွက်​လက်​မူမရှိနိုင်​​တော့ပါဘူး
  • App က သုံးနေရင် ပြန်ပြန်ထွက်သွားပါလိမ့်မယ်
  • ၁၀။Zapya file share လုပ်နေရင်း တစ်ဖက်ဖုန်းမှ
  • Virus တွေ သယ်ဆောင်လာပါလိမ့်မယ်
  • File ထဲမှာ ရှိတဲ့ virus တွေ ဆွဲထုတ်လာပါလိမ့်မယ်
  • မိမိစက်​တုန်​ခါပြီး​နောက်ဆုံး ဖုန်းက ပါဝါကျလိုက်တက်လိုက်ဖြစ်ပြီး
  • လဲရတဲ့ အဆင့်အထိ ဖြစ်သွားပါလိမ့်မယ်ဒိလိုဖြစ်​သွားရင်​​တော့​သေခါပါတယ်​မိတ်​​ဆွေဖုန်း ​ဆော့ဝဲပြန်​​ရေးရဖို့
  •                                 
    ★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။★★
    ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
    Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
    အားလုံးပဲအဆင်ပြေပါစေ။
    (ခင်မောင်ထူး နည်းပညာ) 
    Saturday, August 6
    Poke’mon Go ဂိမ်းမှာဆရာတစ်ဆူဖြစ်လာစေမယ့်အချက်များ
    အမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာ Poke’mon Go ကို အစွဲကြီးစွဲနေကြပြီး အတော်ဆုံး Poke’mon trainer တစ်ယောက်ဖြစ်လာဖို့  ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ player ပေါင်းသန်းနဲ့ ချီပြီး ကစားနေကြပါတယ်။ အလုပ်ထွက်ပြီး ကစားတဲ့သူတွေတောင်ရှိနေပါတယ်။
    Pokemon Go မိုဘိုင်းဂိမ်းကို Apple App Store နဲ့ Google Play တို့ကနေတဆင့် Download ရယူနိုင်နေပြီဖြစ်ပြီး နိုင်ငံတစ်ချို့မှာတော့ ဆော့ကစားလို့မရသေးပါဘူး။ သြဂုတ်လနောက်ပိုင်းမှာတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ဆော့ကစားလို့ရနိုင်တော့မယ်လို့လည်းသိရပါတယ်။ Pokemon Go ဂိမ်းကိုအောက်က link များမှာရယူနိုင်ပါတယ်။
     Pokémon GO Game for Android အားရယူရန်
     Pokemon.go Game For Iphoneရယူရန်
    Poke’mon မာစတာတစ်ယောက်ဖြစ်လာဖို့ ဆိုတာ မလွယ်ပါဘူး။ သို့ ပေမယ့် သင်အနေနဲ့ နည်းလမ်းကို သာသိသွားမယ်ဆိုရင် ကိုယ့်အိမ်ကနေ ခွာစရာမလိုဘဲ ဥ (eggs) တွေကို ပေါက်အောင်လုပ်လို့ ရပါတယ်။ Poke’mon ကို မျှားလို့ ရပြီး ball တွေကိုလည်း ဆွဲလို့ ရသွားမှာပါ။
    အခုပြောမှာကတော့ ကမ္ဘာ့အဟော့ဆုံး Poke’mon Go မှာ ဆရာတစ်ဆူဖြစ်ဖို့ သင့်အနေနဲ့ သိဖို့ လိုအပ် တဲ့ အချက်လေးတွေ (tip) အကြောင်းပါ။
    Poke’mon Go Tips
    eggs တွေ အကောင်ပေါက်ဖို့ သင့် iPhone ကို fan တစ်ခုနဲ့ တွဲလိုက်ပါ။
    Poke’mon eggs အသစ်တစ်လုံး အကောင်ပေါက်လာဖို့  ၅ ကီလိုမီတာလမ်းလျှောက်သွားရမှာ ပျင်းပါ သလား။သင့် iPhone ကို မျက်နှာကြက်ပန်ကာတစ်ခုမှာ တိပ်ကပ်လိုက်ရုံပါပဲ။ မိနစ်ပိုင်းအတွင်း ဥတွေ အကောင် ပေါက်လာပါလိမ့်မယ်။
    AR (အာရုံခံဒေတာတွေ ပါတဲ့ လက်တွေ့ ရုပ်သံမြင်ကွင်း) ကို ပိတ်ထားပါ။
    Poke’mon Goဟာ AR ကို အကြီးအကျယ် ဖန်တီးထားတဲ့ ပထမဆုံးအက်ပ် တစ်ခုဖြစ်ပါတယ်။ဒါပေမယ့် သင်ဟာ အဲဒီ AR ရုပ်သံ မြင်ကွင်းကို ပိတ်ထားလိုက်ရင် Poke’mon လေးတွေကို ဖမ်းရာမှာ တကယ်လွယ်လာ ပါတယ်။ Poke’ Balls လေးတွေကို တော့ ကိုယ့်ခြံထဲမှာ မွေးယူနေရဦးမှာပါ။ အကောင်လေးတွေကို ရှာဖွေဖို့  ကိုယ့်ကင်မရာကို ထားရှိမယ့်အစား ဒီကောင်လေးတွေဟာ ဖန်တီးထားတဲ့ မြက်ခင်းထဲမှာ သူ့ ဘာသာသူ ပေါ်လာ ပါတယ်။
    Poke’Balls တွေကို ထုတ်ယူပါ။
    သင့်ရဲ့ အိတ်ထဲမှာ Poke’Balls တွေ အများကြီး ရှိနေရမှာပါ။ အကြောင်းကတော့ monster ကောင် တစ်ကောင်ကို ဖမ်းမရတဲ့အခါ Poke’Ball ပေါ်ကို နှိပ်နှိပ်ပြီး လွတ်သွားတဲ့ကောင်ကို ဖမ်းလို့ ရနိုင်လို့  ဖြစ်ပါတယ်။
    Poke’Stops အားလုံးကို ရှာဖွေပါ။
    သင့်အနေနဲ့ ဒီညနောက်ပိုင်းမှာ သွားတဲ့ စားသောက်ဆိုင်မှာ Poke’Stop တစ်ခု ရှိနေတယ်ဆိုတာ သိချင် ပါသလား။အပေါ်မှာ ကစားသမားတွေ ဖန်တီးထားတဲ့ မြေပုံကိုသုံးပြီး ရှာလို့ ရနိုင်ပါတယ်။ ဘယ်သူမဆို ဒီမြေပုံ မှာ လာပြီးပူးပေါင်းလို့ ရနိုင်ပါတယ်။ သို့ သော်လည်း အချက်အလက်တစ်ချို့ တော့ မှန်ချင်မှ မှန်မှာပါ။
    ဘောလုံးမြှောက်တာ လေ့ကျင့်ပါ။
    သင့်အနေနဲ့  Poke’Ball တစ်လုံးကို ပစ်ဖို့  နှိပ်လိုက်တာနဲ့ တစ်ပြိုင်နက် အရောင်မှိန်လာတဲ့ Poke’mon တစ်ဝိုက်က ရောင်ခြယ်စက်ဝိုင်းကို တွေ့ ရပါတယ်။Poke’monရဲ့ အသေးဆုံးအမှတ်မှာရှိတဲ့ စက်ဝိုင်းကို ထိအောင် ပစ်ဖို့  အချိန်လိုပါတယ်။ စက်ဝိုင်းအရောင်ကနေ Poke’mon ကောင်လေးတွေကို ဖမ်းရတာ ဘယ်လောက်ခက် သလဲဆိုတာ သင်သိမှာပါ။ အစိမ်းကတော့ လွယ်ပြီး အနီဆိုရင် ခက်သွားပါပြီ။
    အငှားမောင်းသမားတစ်ယောက် ငှားပါ။
    မြို့ ပတ်ပတ်လည် လျှောက်လိမ့်ရမှာ ပျင်းနေပါသလား။အခုဆို Poke’mon hunters တွေအတွက်  ကြော်ငြာဝက်ဘ်ဆိုက် ပေါ်မှာ အငှားမောင်းသမား ဝန်ဆောင်မှုတွေ ပေးနေပါတယ်။ နယူးယော့ခ်မှာဆို Balloon Poke’mon ဖြစ်တဲ့ Jigglypuffs နဲ့ Venonats ကောင်လေးတွေကို မြို့ အနှံ့ ရှာဖွေပေးဖို့  တစ်နာရီ ၂၅ ဒေါ်လာ    လောက်နဲ့ ငှားလို့ ရနိုင်ပါတယ်။
    အနီးအနားက နေရာအမျိုးမျိုးကို ကြည့်ခြင်းအားဖြင့် Poke’mon လေးတွေကို ဖမ်းလို့ ရမယ့် အခွင့် အလမ်းကို ရှာဖွေဖော်ထုတ်လို့ ရပါတယ်။ Poke’mon တစ်ကောင်စီရဲ့ အိုင်ကွန်လေးတွေအောက်ခြေမှာဆို    ခြေချောင်းလေးတစ်ချို့ ရှိပါလိမ့်မယ်။ ဒါလေးတွေက ဒီကောင်လေးတွေကို ရှာဖို့ သင်ဘယ်လောက်ဝေးဝေးထိ   လျှောက်သွားရမယ်ဆိုတာကို ညွှန်ပြနေပြီး ခြေထောက်လေးတွေက နည်းလေလေ အကောင်လေးတွေက  နီးနီးလေးမှာ ရှိလေလေပါပဲ။
    Poke’mon တွေကို ပွားယူပြီး ဖမ်းပါ။
    Poke’mon တစ်ခုရှိနင့်ထားပြီးဖြစ်တာနဲ့  သင့်ရဲ့ pokedex ထဲမှာနောက်ထပ် Poke’mon တစ်ကောင် ထပ်ဖမ်းစရာ မလိုဘူးလို့ မဆိုပါဘူး။ ဒီကောင်လေးဟာ ရှိပြီးသား Poke’mon ထက် ပိုပြီးတောင် အားကောင်းနိုင် ပါတယ်။အဲ့လိုမှ မဟုတ်ရင် သင်ဟာ သင့်ရဲ့ တစ်ခြား Poke’mon တစ်ခု ထွက်ပေါ်လာဖို့  နောက်ထပ် ပါဝါတွေ ထပ်ရလာအောင် အမြဲပဲ ဝယ်ရပြုရ လုပ်နေရတော့မှာပါ။
    curveball ပစ်ပါ။
    တကယ့် Poke’mon Master လိုမျိုး ခံစားချင်ပါသလား။ သင့်ရဲ့ Poke’Ball ပေါ်မှာ နှိပ်နှိပ်ပြီး Poke’mon   ကို curveball (ဝိုက်ဘောလုံးတွေ) နဲ့  ပစ်ပါ။ ပြီးတာနဲ့  ဘောလုံးကို စက္ကန့် အနည်းငယ်လောက် လှည့်ပေးပါ။  အဲ့သည့်နောက် သင့်ရဲ့ ဖုန်းscreen ဘေးဘက်ဆီကို လှုပ်မြှောက်လိုက်ပြီး သင့်ရဲ့ ပစ်မှတ်ကို ထိဖို့ ကွေ့ ဝိုက်ပြန်  လာတာကို စောင့်ကြည့်ပါ။ မျဉ်းကွေးအတိုင်း ပစ်လိုက်တာနဲ့  XP ပေါ်မှာ ဘောနပ်စ်ပေးမှာပါ။
    နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ကစားပါ။Poke’mon Go ကို သင့်နိုင်ငံမှာ မဖြန့် ချိရသေးဘူးလား။ကိစ္စမရှိပါဘူး။ အထက်ပါ ဗွီဒီယိုဖိုင် မှာ ပြောပြထားတဲ့ အဆင့်များကို လိုက်နာခြင်းအားဖြင့် ကစားလို့ ရနိုင်ပါတယ် ။ ဒီတော့ သင့်အနေနဲ့  ဘယ်နေရာမှာပဲ  နေနေ Poke’mon Go ကို ဆော့နိုင်ပါတယ်။
    (Myanmar Mobile App)
    Thursday, July 7
    ကိုယ့်စမတ်ဖုန်း ပေါ့ပါးသွက်လက်အောင် ကူပေးမည့် App ၁၀ မျိုး
    email ဝင်လာသည်။ Notification ပေါ်ထောက်ပြီး ဖွင့်လိုက်သည်။ Email စာမျက်နှာ ပွင့်လာဖို့ တစ်သက်လောက်ကြာအောင် စောင့်ရသည်ဆိုတာမျိုး စမတ်ဖုန်းသုံးသူ အများစု ကြုံဖူးလိမ့်မည်။ စမတ်ဖုန်းများသည် ယနေ့လူသားတို့အဖို့ နေ့စဉ်သွားလာ လုပ်ကိုင်ရာတွင် အမြဲလိုက်ပါသည့် အဖော်မွန်ဖြစ်သည်။ သို့သော် အဖော်မွန်သည်လည်း အသက်ကြီးလာလျှင်၊ အလုပ်တွေ ပိလာလျှင် နှေးကွေးလေးလံစမြဲ။ စမတ်ဖုန်းသည်လည်း ပါကင်စဖောက်ပြီး သုံးတုန်းက လျှပ်စီးတွေပါ လက်အောင်မြန်ကောင်း မြန်ခဲ့မည်မှန်သော်လည်း ကြာလာလေ ဝန်ပိလေဖြစ်ကာ လေးလံလာသည်မှာလည်း အမှန်တရား ဖြစ်သည်။
    ဖုန်းလေးလာသည့်ကိစ္စ ဘယ်လိုရှင်းကြမည်နည်း။ ဆော့ဖ်ဝဲကို ဆော့ဖ်ဝဲနှင့် တိုက်ရမည်။ လေးနေသော ဖုန်းဆော့ဖ်ဝဲကို မြန်ဆန်သွက်လက်လာအောင် ဖုန်းရှင်းလင်းရေး ဆော့ဖ်ဝဲတွေ သုံးပေးရမည်။ အောက်တွင် App ၁၀ မျိုး အကြံပြုဖော်ပြပါမည်။
    Clean Master
    ဤနာမည်ကို လူတော်တော်များများ ကြားဖူးလိမ့်မည်။ အထူးသဖြင့် Android သမားများ ပိုရင်းနှီးလိမ့်မည်။ ဖုန်းထဲက ဝန်ထုပ်ပိုတွေကို ရှင်းကာ ဖုန်းပေါ့အောင် လုပ်ပေးနိုင်သည်။ ဖုန်းထဲက App များ လုပ်ငန်းလည်ပတ်ပြီး ကျန်နေသော ဖိုင်ဟောင်းများကို ရှာဖွေရှင်းလင်းပေးလိမ့်မည်။ ဖုန်း၏ RAM Memory ပေါ် ဝန်ထုပ်ပိနေတာကိုလည်း Clean Master က ရှင်းပေးလိမ့်မည်။ Clean Master သည် ဖုန်းရှင်းလင်းရေးအပြင် App များလုံခြုံရေးအတွက် Lock လုပ်ပေးနိုင်သလို၊ ဘက်ထရီစား သက်သာအောင်လည်း ကူပေးနိုင်သည်။ Clean Master ထဲတွင်ပါသော App Manager ဖြင့်လည်း  အသုံးမလိုသော App များကို ရှင်းထုတ်၊ ဖျက်ထုတ်ပစ်နိုင်သည်။
    Clean Master ဖြင့် ဖုန်းကိုပုံမှန်လေး ရှင်းပေးမည်ဆိုလျှင် ဖုန်းသည် ပေါ့ပါးသွက်လက်စွာ အလုပ်လုပ်နေသည်ကို တွေ့ရလိမ့်မည်။
    Shoebox
    Gigabyte နဲ့ချီသော ပုံတွေ၊ ဗီဒီယိုတွေ ဖုန်းထဲပြည့်ကျပ် နေပြီဆိုလျှင် ဖုန်းလေးလာလိမ့်မည်။ Shoe box သည် ဖုန်းထဲက ပုံတွေ၊ ဗီဒီိယိုတွေကို ၎င်း၏ အွန်လိုင်းဒေတာ စင်တာမှာ သိမ်းပေးထားလိမ့်မည်။ လိုသည့်အချိန်ကျမှ download ပြန်ဆွဲလိုက်ရုံ။ Shoebox တွင် ဒေတာများ သိမ်းဆည်းပြီးကြောင်း သေချာပါက ဖုန်းထဲကပုံနှင့် ဗီဒီယို တော်တော်များများကို ဖျက်ထားလိုက်နိုင်ပြီ။ ဖုန်းလည်း Memory များများလွတ်ကာ ပေါ့ပါးလာလိမ့်မည်။
    Battery Doctor
    ဘက်ထရီ ဆရာဝန်ဟူသော နာမည်နှင့်အညီ ဖုန်းထဲမှာဘာတွေ ချို့ယွင်းနေသည်၊ မကျန်းမမာ ဖြစ်နေသည်ကို Battery Doctor က စူးစမ်းဖော်ထုတ် ပေးလိမ့်မည်။ ဖုန်းဘက်ထရီ အခြေအနေကို အချိန်နှင့်တစ်ပြေးညီ သိနိုင်အောင် စာရင်းဇယား အတိအကျနဲ့ ပြပေးလိမ့်မည်။ ဖုန်းလေးအောင် လုပ်နေသည့် လက်သည်များကိုလည်း ဖော်ထုတ်ပြသ ပေးလိမ့်ဦးမည်။ လက်သည်ကို သိပြီဆိုလျှင် မိမိကလိုသလို အရေးယူ ကိုင်တွယ်လို့ရပြီ မဟုတ်ပါလား။
    Google Drive
    Google Drive ကိုယ်တိုင်မူကား ဖုန်းရှင်းလင်းရေး App မဟုတ်။ သို့သော် ဖုန်းထဲက ပုံ၊ ဗီဒီယို၊ စာနှင့် အခြားသော ဖိုင်များကိုပါ Google Drive အွန်လိုင်းဒေတာ စင်တာပေါ် တင်ထားနိုင်ရာ Google Drive ပေါ်ရောက်ပြီ သေချာလျှင် ဖုန်းထဲက ဖိုင်တွေ ဖျက်ထားလိုက်နိုင်ပြီ။ ဖုန်းလည်း Memory များများစားစားလွတ်ကာ ပေါ့ပါးသွားလိမ့်မည်။ ကိုယ့်ဖိုင်တွေထဲက လိုချင်တာရှိလျှင် Google Drive အွန်လိုင်းမှာ သွားရှာကာ download ဆွဲလိုက်ရုံဖြစ်သည်။
    CCleaner
    Windows ကွန်ပျူတာ သုံးဖူးသူအများစု CCleaner နဲ့ရင်းနှီးပြီးသား ဖြစ်လိမ့်မည်။ ကွန်ပျူတာ လေးလာလျှင် CCleaner ဖွင့်ပြီး ကွန်ပျူတာထဲက ဖိုင်ဟောင်းတွေ ရှင်းလိုက်မှ ကွန်ပျူတာက ပြန်ပေါ့ပါး သွက်လက်သွားသည်။ CCleaner App ကို Android ဖုန်းများအတွက်လည်း ထုတ်လုပ်ထားသည်။ ကွန်ပျူတာတွင် သုံးနေကျအတိုင်း ဖုန်းမှာလည်း CCleaner ဖွင့်ကာ အမှိုက်ဖိုင်တွေ ရှင်းနိုင်သည်။ ဖုန်းကိုမလိုအပ်ဘဲ ဝန်ပိစေသော အမှိုက်ဖိုင်တွေ၊ ဖိုင်အကြီးစားတွေကို ဖော်ထုတ်ရှင်း လိုက်ပြီးလျှင် ဖုန်းသိသိသာသာ ပေါ့သွားတာ ကြုံရလိမ့်မည်။
    Dropbox
    အွန်လိုင်းဒေတာ သိမ်းဆည်းရေး ဝန်ဆောင်မှု ဖြစ်သည်။ မိမိဖုန်းထဲမှာ သိမ်းထားဖို့ မလိုသည့် ပုံ၊ ဗီဒီယို၊ စာဖိုင်နှင့် အမျိုးမျိုးသော ဖိုင်များကို Dropbox ပေါ်သို့ပြောင်းပို့ သိမ်းထားနိုင်သည်။ ပြီးလျှင် ဖုန်းထဲကဖိုင်များကို ဖျက်လိုက်ခြင်းဖြင့် ဖုန်းသည် Memory များများစားစား လွတ်သွားကာ ခွန်အားပြည့်သော လူတစ်ယောက်လို သွက်လက်မြန်ဆန် နေလိမ့်မည်။ Dropbox ထဲက ဖိုင်များကို အချိန်မရွေး ပြန်ရှာကာ လိုတာကို download ပြန်ဆွဲနိုင်သည်။ မလိုသည့် ပုံ၊ ဗီဒီယိုနှင့် စာတွေ ဖုန်းထဲမှာ ပြည့်ကျပ်ခဲနေတာကို ရှင်းလင်းဖို့ Dropbox ကဲ့သို့ အွန်လိုင်းဒေတာ သိုလှောင်ဝန်ဆောင်မှုများက အားကိုးရသည်။
    Memory & Disk Scanner Pro
    မန်လိုသူများ Memory & Disk Scanner Pro ကိုလည်း စမ်းကြည့်သင့်သည်။ ဖုန်း PCU အခြေအနေ၊ ဖုန်း memory အခြေအနေ အသေးစိတ်ကို Memory & Disk Scanner Pro က အစီရင်ခံ တင်ပြလိမ့်မည်။ အခြေအနေမှန်ကို သိရလျှင် စာဖတ်သူအနေဖြင့် ဘာတွေရှင်းမည်ဆိုတာ ဆုံးဖြတ်နိုင်ပြီ။ Lightning Disk Cleaner ဆိုသည့် ဝန်ဆောင်မှု အသစ်လည်း ပါသည်။ နာမည်နှင့်အညီ လျှပ်စီးလက်သည့်အလား မြန်ဆန်သွက်လက်စွာ အမှိုက်ဖိုင်တွေကို ရှင်းပေးလိမ့်မည်။ စာဖတ်သူလည်း Memory & Disk Scanner Pro ကို down ပြီး လျှပ်စီးလက်ကြည့်ပါဟု တိုက်တွန်းပါရစေ။
    Photo Compress
    ဖုန်းထဲကပုံတွေကို Dropbox၊ Google Drive စသော အွန်လိုင်းဒေတာ သိမ်းဆာဗာတွေဆီ တင်ပြီးနောက် ဖုန်းထဲကနေ ဖျက်လိုက်ခြင်း နည်းလမ်းမျိုးဖြင့် ဖုန်း Memory နေရာလွတ်အောင် မရှင်းလို။ ကိုယ့်ပုံလေးတွေ အမြဲမြင်နေရမှ နေသာထိုင်သာ ရှိသည်ဆိုသူများအဖို့ Photo Com-press က အသုံးဝင်လိမ့်မည်။ Photo Compress သည် ပုံတွေကို ဖျက်စရာမလို။ ပုံဆိုက်တွေကိုချုံ့ပေးသော နည်းဖြင့် ဖုန်း Memory နေရာသိပ်မယူအောင် လုပ်ပေးသည်။ သို့ဖြစ်ရာ ကိုယ့်ပုံတွေကိုလည်း ကြည့်ချင်သည့်အချိန် ဖွင့်ကြည့်နိုင်မည်၊ ဖုန်းထဲမှာလည်း Memory ဝန်ထုပ်ဝန်ပိုး သိပ်မဖြစ်သဖြင့် အဆင်ပြေသည်။
    iRefresh Pro
    ကိုယ့်ဖုန်းကို ဘာတွေကလေးအောင် လုပ်နေသည်ဆိုတာ ခေါင်းခြောက်အောင် စဉ်းစားနေရပါသလား။ ကိုယ့်ဖုန်းရဲ့ လက်ရှိလုပ်ဆောင်နိုင်စွမ်းက ဘယ်လောက်ရှိလဲ စူးစမ်းချင်နေမိပါသလား။ iRefresh Pro က ဆန္ဒဖြည့်ပေးလိမ့်မည်။ ဖုန်း Memory, CPU စသည်တို့၏ လုပ်ဆောင်ချက်များကို အချိန်နဲ့တစ်ပြေးညီ ပြပေးလိမ့်မည်။ ဖုန်းကို ဘာတွေက အများဆုံးဝန်ပိအောင် လုပ်နေလဲမြင်ရမည်။ ပြဿနာကောင်များကို တိတိကျကျ ဖော်ထုတ်နိုင်ပြီဆိုလျှင် ဖြေရှင်းဖို့က လွယ်သွားပြီ။
    DU Battery Saver & Fast Charge
    Memory ဝန်ပိလို့ ဖုန်းလေးခြင်းအပြင်၊ ဘက်ထရီ ဝန်ပိလျှင်လည်း ဖုန်းလေးတတ်သည်။ ဖုန်းဘက်ထရီကို မည်သည့် Application များက လက်ဝါးကြီးအုပ် ကြီးစိုးထားလဲ ဖော်ထုတ်ဖို့ DU Battery Saver & Fast Charge က တာဝန်ယူလိမ့်မည်။ Android ဖုန်းများတွင်သာ အသုံးပြုနိုင်သည်။
    DU Battery Saver & Fast Charge သည် ဖုန်းဘက်ထရီ ကြီးကြပ်ရေးမှူး တာဝန်ယူလိမ့်မည်။ ဖုန်းဖွင့်ထားသည့် တစ်ချိန်လုံး နောက်ကွယ်ကနေ လိုက်စောင့်ကြည့် ပေးနေလိမ့်မည်။ ဖုန်းဘက်ထရီ များများစားသည့် Application များကို သူက ထိန်းကွပ်ပေးလိမ့်မည်။ ပုံမှန်ထက် ၅၀ ရာခိုင်နှုန်းလောက် ဘက်ထရီပိုခံအောင် ကူပေးနိုင်သည်ဟု ဆိုထားသည်။ လုပ်ဆောင်ချက်များထဲတွင် ဖုန်းအေးမြစနစ်လည်း ပါသေးသည်။ CPU ကို အလုပ်တွေ သိပ်ခိုင်းသည့် Application မျိုးကို ထိန်းချုပ်ပေးခြင်းနည်းဖြင့် ဖုန်းဘက်ထရီ ဝန်ထုပ်ပိမှု လျှော့ချကာ ဖုန်းအပူသက်သာအောင်ပါ ကူပေးလိမ့်ဦးမည်။ DU Battery Saver & Fast Charge ကို Android  Play Store ကနေ Download ဆွဲသူ သန်းတစ်ရာကျော် ရှိနေသည်ဖြစ်ရာ တော်ရုံအဆင့်နဲ့တော့ ထိုမျှပရိသတ် ရစရာမရှိသဖြင့် ယုံကြည်စွာ အသုံးပြုနိုင်သည်။
    Ref: 10 Apps To Speed Up Your Smartphone by Sam Moore (www.techweekeurope.co.uk)
    အဆင်​​ပြေပါ​စေ
    Wednesday, July 6
    Viber6.1.5.93(for andorid)
    Viberအသုးံပြုသူ​တွေအတွက်​versionမမြင့်​ရ​သေူသူ​တွေအတွက်​versionအမြင့်​​လေးတင်​​ပေးလိုက်​ပါပြီး။viberကိုအသုးံပြုပြီးfree call, free message,များ​ပေးပို့နိုင်​မှာဖြစ်​ပြီးရပ်​နီးရပ်​​ဝေးမှမိတ်​​ဆွေသူငယ်​ချင်းများနှင့်​နီးနီးကပ်​ကပ်​ခံ့စား​စေရမှာဖြစ်​ပါတယ်​အသုးံပြုလိုသူများ​အောက်​ကလခ့်​မှာရယူပါ
    အဆင်​​ပြေပါ​စေ
    FacebookGroups68.0.0.19.70.apk
    Andorid ဖုန်းတက်​ပလက်​ကိုင်​​ဆောင်​သူသူငယ်​ချင်း​တွေအတွက်​facebook group.apk​လေးပြမ်​လည်​မျှ​ဝေလိုက်​ပါတယ်​group​ထောင်​ထားသူမိတ်​​ဆွေ​တွေအတွက်​အသုးံဝင်​တာမို့​အောက်​ကလခ့်​မှာရယူပါ
    အဆင်​​ပြေပါ​စေ
    Messenger77.0.0.27.71 for AndroidFacebook
    Facebookအသုးံပြုသူသူငယ်​ချင်း​တွေအတွက်​ Facebook Messenger 77.0.0.27.71​လေးမျှ​ဝေ​ပေးလိုက်​ပါတယ်​versionမမြင့်​ရ​သေးသူများ​အောက်​ပါလခ့်​မှရယူပါ
    အဆင်​​ပြေပါ​စေ