Thursday, May 5

OPPO ဖုန်း Firmware /Rom များကို Update/Install လုပ်နည်း လမ်းညွှန်


ထိုင်းနိုင်ငံ အတွင်း Samaung ပြီးရင် Android Os စမတ်ဖုန်း ထဲမှာ  ဒုတိယ ရောင်းအားအကောင်းဆုံးဟာ OPPO ဖုန်းတွေပါ..
ဒါကြောင့် ထိုင်းနိုင်ငံရောက် Oppo ဖုန်း သုံးသူ မြန်မာသူငယ်ချင်းများအတွက်ရည်ရွယ်ပြီး
ဒီ ပို့စ် လေးကို ရေးဖြစ်ခဲ့ပါတယ်...
OPPO စမတ်ဖုန်းများ ဟာ ယခင် Normal rom များနဲ့ မတူ
ယခုအခါ မှာတော့ Color Os Rom များ ကို အသုံးပြုလာကြပြီဖြစ်ပါတယ်....
((ဥပမာ --Find 5 စထွက် စဉ် က Normal rom ပါ၊ ယခုအခါမှာတော့ Color Os အဖြစ် အရောင်းဆိုင်များမှာရှိနေပါပြီ))
Color Os များမှာ များသောအားဖြင့် မြန်မာ(ဗမာ) ဘာသာစကား ပါဝင်လာ
တာတွေ့ရပါတယ်
Color Os များ မှာ ထူးခြားတဲ့ Feature သစ်များစွာပါရှိလာပြီး
သုံးရတာ သွက်လက်မြန်ဆန်လာတာမို့ OPPO သုံး သူငယ်ချင်းများ အနေဖြင့်
လက်ရှိ Normal Rom ဖြစ်ပါက Color Os Rom များသို့ update လုပ် သုံးသင့်ပါတယ်..

oppo ဖုန်းများဟာ rom/firmware များကို flash tool များနှင့် Computer မလိုဘဲ ဖုန်းထဲမှာတင်   update / install လုပ်လို့ ရတာမို့ လွယ်ကူစေပြီး ပိုပြီး စမတ် ဖြစ် စေပါတယ်

Update လုပ်မယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့အတိုင်းလုပ်ဆောင်နိုင်ပါတယ်

မှတ်ချက် ၊၊  ၊၊
Color Os Rom မှ Version မြင့် Color Os Rom သို့ မြှင့်ပါက ပြသနာမရှိသော်လဲ
Normal Rom  မှ Color Os Rom သို့ update လုပ်လျှင် storage ကို  အလို အလျှောက်  Format လုပ်မှာကြောင့် User data များပျက်ပါမည်
                ((လိုအပ်လျှင် external SD မှာ backup or copy လုပ်ပါ))

ဖုန်း model အလိုက် သက်ဆိုင်ရာ rom များ ကို အောက် ဖော်ပြပါ ဆိုက်များမှ download  လုပ်ပါ

 oppothai.com

(ဒီဆိုက်မှာတော့ oppo official update Rom/firmware   များကို download ယူဖို့
အကောင်းဆုံး website တခုဖြစ်ပါတယ်
ဒီဆိုဒ်မှာတော့ color OS Rom နဲ့ Normal Rom ကို၂ မျိုး ခွဲပေးထားပါတယ်)

 oppomobile.vn/ho-tro/download

(ဒီဆိုက်မှာလဲ OPPO ရဲ့  the lasted official Rom /firmware  တွေ download လုပ်နိင်ပါတယ်)

* ဒေါင်းလော့ ယူခဲ့သော zip ဖိုင် ကို ဖုန်းရဲ့ SD card မှာ ကူးထားပါ
* ဖုန်း ပိတ်ပါ၊ ဖုန်းရဲ့  ဘေး ဘယ်ညာတွင်ရှိသော(vol down+power button) အသံတိုးတဲ့ ခလုပ်နဲ့ ပါဝါ ခလုပ်ကို တွဲနှိပ်ပြီး Recovery mode ဝင်ပါ .


* Recovery mode ဝင်ရောက်နေတဲ့အချိန်မှာ လက်ရှိ ဖုန်းဟာ Normal rom ဆိုရင်
vol အထက် အောက် ကီးနဲ့ ရွေ့ပြီး  apply update from sdcard ကို  power ခလုတ် ကိုနှိပ့်ရွေးချယ်ပါ။

sd ကဒ် အတွင်း ကူးယူခဲ့ပြီးသော firmware/rom... zip ဖိုင် ကို ရွေးချယ် install လုပ်ပါ...

Firmware update ကို စတင်ပြီး ၁ မီးနစ် ခန့် အကြာAuto Reboot  နဲ့
ဖုန်းပြန်ပွင့်လာရင် Firmware update လုပ်ပြီးသော ဖုန်းတလုံးကို စတင်သုံးနိုင်ပါပြီ...
((Nomal မှ Color သို့ မြှင့်ပါက အချိန်အနည်းငယ် ကြာတတ်ပါတယ်))

Color Os Rom မှ Update Color Os Rom သို့ version မြှင့်သုံး ပါက
ပုံမှာပြထားတဲ့အတိုင်း Recovery mode  ရဲ့  Select Language မှာ English ကို ရွေး ခဲ့ပါ..
Install from sd မှ From sd သွားပြီး copy လုပ်ထားခဲ့ပြီးသော firmware/rom...zip ဖိုင်ကို
ရွေးချယ် install လုပ်ပါ...

Firmware update ကို စတင် Install လုပ်အပြီး ၁ မီးနစ် ခန့် အကြာ Power off  နဲ့ Reboot  လုပ်ဖို့ ပြောပါလိမ့်မယ်
Reboot လုပ်ပါ။  ဖုန်းပိတ်ပြီး ပြန်ပွင့်လာရင် Color Os အဖြစ်
Firmware update လုပ်ပြီးသော OPPO ဖုန်းတစ်လုံးကို တွေ့မြင်နိင်ပါပြီ.....။။


အဆင်​​ပြေပါ​စေ

0 comments:

Post a Comment