Showing posts with label Viber. Show all posts
Showing posts with label Viber. Show all posts

Monday, February 24

android ဖုန်းမရှိပဲ pc မှာ viber အသုံးပြုချင်သူများအတွက်။






android ဖုန်းမရှိပဲ pc မှာ viber အသုံးပြုချင်သူများအတွက်။
မိမိတို့ မှာဖုန်းနံပါတ် တစ်ခုရှိရှံ မျှနှင့်  pc ပေါ်မှာ viber ကိုအသုံးပြု လို့ ရနိုင်ပါပြီ။
.အလွယ်ကူဆုံးဖြစ်အောင် ရှင်းလင်းပြသပေးထားပါတယ်ခင်ဗျာ....
ဒီပိုစ်လေးမှာ virtual box  ဆော့ ဝဲတစ်ခု ကိုအသုံးပြုပြီး မိမိတို့  pc မှာ android os ကို တင်ပြီး စမ်းသပ်နိုင်သလို.....မိမိတို့ ဖုန်းအတွက် root လုပ်ခြင်းများ ကိုလည်း ကွန်ပျူတာမလို ပဲ အဆင်ပြေအောင်
တစ်နေရာတည်းမှာ တစ်စုတစ်ဝေးတည်းဖော်ပြပေးထားပါတယ်။
နည်းပညာ လေ့ လာလိုက်စားတဲ့  မိတ်ဆွေများအတွက် click တစ်ချက်တည်းနဲ့ အဆင်ပြေစေရမယ်ဆိုတာ 100 % နှုန်း လုံးဝ (လုံးဝ ) သေချာပေါက် ဖြစ်အောင်
ရှင်းလင်းပေးထားပါတယ်.......video file လေးကိုကြည့် ပြီး လုပ်သွားလို့ ရအောင် ဘလော့ အောက်ခြေမှာ တင်ထားပေးပါတယ်ခင်ဗျာ........
အဆင့်  ( ၁ )
==================
အရင်ဆုံးလိုအပ် မဲ့  virtual box ကို ဒီနေရာမှာ ဒေါင်း ယူလိုက်ပါခင်ဗျာ......ပြီးရင် insall လုပ်ပေးထားပါ.
အဆင့် ( ၂ ) 
=================
လိုအပ်မဲ့  android os ကို ဒီမှာ ဒေါင်းယူလိုက်ပါ......ပြီးရင်  android os ကို double click နဲ့  run ပေးလိုက်ပါ.......ပြီးရင် import ကိုနိုပ်ပေးလိုက်တာနဲ့ android os ကစတင် ပြီးသင့် ကွန်ပျူတာမှာ အလုပ်လုပ်နေတာကိုမြင်တွေ့ ရပါမယ်...


start ဆိုတဲ့ အစိမ်းရောင်လေးကိုနိုပ်ပါ။


android logo လေးပေါ်လာပါလိမ့် မယ် ခဏစောင့် ပေးပါ


 ဒီနေရာမှာ language ကိုအောက်ကပုံအတိုင်းရွေးပေးပြီး start ကိုနိုပ်ပါ။


gmail account ရှိလားမေးလာတဲ့ ပုံပါ no ကိုနိုပ်ပြီး သွားလိုက်ပါ။




next button ဖြစ်တဲ့  အပြာရောင်လေးနဲ့ ထောက်ထားတဲ့ မြှားကို ကလစ်ပါ။


not now ကိုရွေးပေးပါ။


 ဒီနေရာမှာ မိမိနှစ်သက်တဲ့ နာမည်ကိုပေးပေးပါ။


set up complete ဖြစ်ပြီဆိုတဲ့ အတွက် finshed ကိုနိုပ်ပါ။


flashplayer ကို install လုပ်ဖို့ အတွက် ok ကိုနိုပ်ပေးပါ။


 google play store ထဲကိုဝင်ဖို့ အတွက် မိမိမှာ အသုံးပြုနေတဲ့  email နှင့်  password ကိုထည့် ပေး
လိုက်ပါ။


not now ကိုနိုပ်ပေးပါ။



playstore မှာ super su ကို install လုပ်ပြီး မိမိရဲ့  android tablet ကို root acess ယူပါ


super su ကိုဖွင့် ပြီး အပြာရောင်နဲ့ ဖြစ်နေတဲ့  TWRP/CWM ကိုနိုပ်ပါ။


ALLOW ကိုနိုပ်ပါ။


ZAWGYI FONT CHANGER ကို INSTALL လုပ်ပါ။ ပြီးရင်  FONT CHANGE ပေးပါ။



ဇော်ဂျီ ကို install လုပ်ပေးပါ။


restart ချပေးလိုက်ပါ။ပြီးရင် start ကနေတစ်ခါ ပြန်ပြီးပါဝါဖွင့် ပေးရမှာဖြစ်ပါတယ်။



ဒါကတော့  မိမိတို့  tablet မှာမြန်မာစာ အမြင်မှန် တာကိုတွေ့ ရမဲ့ အနေအထားပါ။




viber ကို playstore မှ install လုပ်ပါ


viber ကိုဖွင့် ပြီး မိမိဖုန်းနံပါတ်ကိုထည့်  ပေးလိုက်ပါ။


မိမိဖုန်း ထဲသို့  viber မှရောက်လာသော code နံပါတ်ကို ရိုက်ထည့် ပေးပါ။



မိမိဖုန်းမှာ viber အသုံးပြုလို့ ရပြီဆိုလျင် ကွန်ပျူတာမှာလည်းအသုံးပြုလို့ ရပါပြီ။ ကွန်ပျူတာအတွက် လိုအပ်သော viber ကို ဒီနေရာမှာဒေါင်းပါ။ install လုပ်ပါ။

မိမိမှာ ဖုန်းနံပါတ်ရှိပါသလားလို့ မေးလာတဲ့ အခါ yes ကိုနိုပ်ပြီး အပေါ်က ဖုန်းမှာ ထည့် သွင်းထားသောဖုန်းနံပါတ်ကို တစ်ခါထပ်ထည့် ပေးလိုက်ပါ။




မိမိတို့ ဖုန်းထဲ သို . code နောက်တစ်ကြိမ်ထပ် ပို့ ထားပါလိမ့် မယ်.....ဖြည့် ပေးလိုက်ပါ။
တကယ်လို့ မပို့ ထားရင်လည်း အရင်ဆုံး မိမိတို့ အသုံးပြုခဲ့ သောကုဒ်နံပါတ်ကို ပြန်ထည့် ပေးလျင်လည်း
အဆင်ပြေပါတယ်။





ဒါကတော့  မိမိတို့ ကွန်ပျူတာပေါ်မှာ တင်ထားတဲ့ ဖုန်းတစ်လုံးရဲ့  app တွေကိုပြသထားတာပါ။




အဆင်ပြေအောင် video file လေးပါ တင်ထားပေးပါတယ်။




အားလုံးပဲအဆင်ပြေသွားပါပြီခင်ဗျာ.........
အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင် ဒီမှာ like လုပ်ပေးပါ။
စိုင်းသူ
www.saithu102.blogspot.com

Thursday, October 17

Viber ကို PC မှာ မြန်မာလိုကောင်းမွန်စွာအသုံးပြုနိုင်ပါပြီ (သို့သော်) Firefox Browser မှာ မြန်မာစာတွေ မမှန်ခဲ့ရင်


ဒီနေ့ စောစောလေးကပဲ Viber PC ဗားရှင်းမှာ မြန်မာစာမှန်သွားတဲ့ ကိစ္စနဲ့ပါတ်သက်ပြီး
Viber ကို PC မှာ မြန်မာလိုကောင်းမွန်စွာအသုံးပြုနိုင်ပါပြီ.. ဆိုတဲ့ ပို့စ်ကို ညီလေး  ပြည့်ဖြိုး (MMiTD) က တင်ပေးထားပါတယ် .. တင်ပေးထားတဲ့ Font ကို ထည့်လိုက်တာနဲ့ Viber PC Version မှာ ရေးရင် လေးထောင့်တုန်းလေးပေါ်ပြီး Enter (or) Send လိုက်ရင်တော့ မြန်မာစာတွေ အမှန် ပေါ်လာတာ မှန်ပါတယ် .... 100% မမှန်သေးပါဘူး... တင်ပေးထားတဲ့ Font ကို Install လုပ်လိုက်တာနဲ့ Firefox Browser မှာ မြန်မာစာတွေ မပေါ်ပဲ အတုန်းတွေ ဖြစ်သွားတတ်ပါတယ်.... အဲ့ဒီလို....


အကြောင်းအမျိုးမျိုးကြောင့် Firefox Broswer,Facebook တို့မှာ အောက်ကပုံပါအတိုင်း မြန်မာစာတွေဟာ အဆင်မပြေခဲ့ဘူးဆိုရင်တော့ ပြန်လည် အဆင်ပြေသွားအောင်  စောစောက သွင်းထားတဲ့ Font လေးကို (မလိုအပ်ရင်) Uninstall လုပ်နိုင်အောင် နည်းလမ်းလေးဖေါ်ပြပေးလိုက်ပါတယ် .....။

ပထမ နည်းလမ်းကတော့...  မြန်မာစာတွေ ဖတ်မရ အပေါ်ကပုံလို ဖြစ်နေရင် Firefox > Tool > Option > Content > font and color > advanced ကိုနှိပ်ပြီး ဝင်လိုက်ပါ အဲဒီထဲက....


 Allow pages to choose their own fonts instead of my selections above  ဆိုတဲ့စာသားရှေ့က အမှန်ခြစ်လေးကိုဖြုတ်ပြီး OK ပေးလိုက်ပါ....။

အောက်မှာ Comment ပေးသွားတဲ့ Bro nat ywa thar 
ရေ ကျေးဇူးပါ....:) 


အဆင်မပြေသေးရင်.....
အောက်ပါ နည်းလမ်းအတိုင်း စောစောက Install လုပ်ထားတဲ့ Font ကို Uninstall လုပ်ပေးနိုင်ပါတယ်...။
Start > Search မှာ Font ရေးထည့်ပြီး  Font Folder ကို ဖွင့်လိုက်ပါ..။
ပုံပါအတိုင်း Arial Folder ကို ဆက်ဖွင့်ပါ...
Abg > Airal Regular ကို Select မှတ်ပြီး အပေါ်နားက Delete (or) Right Click > Delete ကိုနှိပ်ပြီး ဖျက်လိုက်ပါ...
Yes ကိုနှိပ်ပါ...။
ခုဆိုရင် Firefox Browser ကို ပြန်ဖွင့်ကြည့်လိုက်ပါ... မြန်မာစာတွေ ပြန်မှန်သွားပါပြီ...။
တခြားဖြစ်တတ်တဲ့ Firefox Browser မှာ မြန်မာစာ အဆင်မပြေတာမျိုးကိုတော့ ဒီပို့စ်ထဲက အတိုင်းပြုပြင်ပေးနိုင်ပါတယ်...
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net