Showing posts with label နည်းပညာများ. Show all posts
Showing posts with label နည်းပညာများ. Show all posts

Thursday, May 5

“The process[e.g zapya] has stopped unexpectedly.”​ဖြေရှင်းနည်း


“The process[ဥပမာ. Zapya်] has stopped unexpectedly.”


၁. Error တက်နေတဲ့ Application ကို ဗားရှင်းမြင့်လိုက်ပါ ဒါမှမဟုတ် ဖျက်ပြီးပြန်သွင်းလိုက်ပါ။
     ၂. Appရဲ့ Cache နဲ့ Data ကို ဖျက်ခြင်း
     ၃. Appကိုrestart လုပ်ပါ ။
    ၄. ဖုန်းကို Factory Restart ချခြင်း။
   ၅. Firmware ပြန်ရေးခြင်း


၁။ App ကို ဗားရှင်းမြင့် ခြင်း

Force Close Error တက် တာ က သင်App ဟာဗားရှင်ုးနိမ့် နေရင် လဲ ဖြစ် နိုင်ပါတယ် ...Update လုပ်ပြီး စမ်းကြည့် ပါ ။ Update မထွက်ေ သး ရင် တော့ ဖျက်ပြီးအသစ် သွင်း ကြည့် ပါ ။

· Google play store or 1mobile market တစ်ခုခု က နေ Update လုပ်ပါ ။ · Market ထဲ ၀င်ပြီးရင် Menu ကို နိုပ် ပါ · My Appsထဲ ကို ၀င်ပါ ။ · သင့် ဖုန်း ထဲ မှာ ရှိ တဲ့ သွင်းထားတဲ့ Appsတွေ မြင် ရပါမယ် ။ · Error တက် နေ တဲ့ App ကို Update လုပ် ပေး လိုက်ပါ ။

ဖျက် မယ် ဆို ရင် Menu နိုပ်ပြီးSettings. · နိုပ် Applications- Manage Applications ထဲ ၀င် ပြီး မိမိ Error တက် နေ တဲ့ App ကို ဖျက်ပါ ။

၂။ App ရဲ့ Cache နဲ့ Data ကို ဖျက်ခြင်း

Appရဲ့ data/ cachပိုင် တွေ ပျက် နေ ရင် လဲForce Close Error တက်နိုင်ပါတယ် ။ App ရဲ့ Cache နဲ့ Data ကို ဖျက် ခြင်းဖြင့် လည်း ဖြေ ရှင်း နိုင်ပါတယ် ။အောက် က နည်းအတိုင်း ရှင်း ပါ :

· ဖွင့်ထား တဲ့ App အားလုံးပိတ် ပါ ။ · Menu နိုပ်ပြီး Settings. · နိုပ် Applications- Manage Applications ထဲ ၀င် ပြီး မိမိ Error တက် နေ တဲ့ App ကို ၀င် လိုက်ပါ ။ ပြီး ရင် Clear Data and Clear Cache ဆို တာ တွေ နိုပ် လိုက်ပါ ။

၃။ App ကို restart လုပ်ပါ ။

· Home ခလုပ် (အလယ် ခလုပ် )ပို ဖိထားပါ ။ နောက် မှာပွင့် နေတဲ့ Appတွေ ပေါ် လာပါမယ် ။ ဖုန်း ပေါ် မူတည် ပြီး တချို့က ဘေး ဆွဲ လိုက် ရပါတယ် ။သို့ မဟုတ် အမိုက် တောင်းပုံ နှိပ် လိုက် ရပါတယ် ။

၎. ဖုန်းကို Factory Restart ချခြင်း။

အပေါ် က နည်း တွေ နဲ့ မှ အဆင် မပြေ ရင် Factory restart ချ ရပါမယ် ။ Factory reset ဆိုတာက တော့မူ ရင်းစက် ရုံ ထုတ် Setting အတိုင်းဖြစ် အောင် ပြန်လုပ် ပေးတာ ပါ ။ထို့ အပြင် App တွေ ဒေတာ တွေ အကုန် ပျက် မှာ ဖြစ် တဲ့ အတွက် လို အပ် တာ တွေ အရင် ကူး ထားပါ ။

· Menu ထဲ ၀င် |Settings | Personal data or Privacy or storage ထဲ မှာFactorydata reset လုပ် လိုက် ပါ ။ဖုန်း ပေါ် မူတည် ပြီးအနည်း ငယ် ကွာပါတယ် ။ · Select Factory Data Reset. Tap Reset Phone | Erase everything/· သင့် ဖုန်း reboot ကျ ပြီး ပြန်တက် လာ ပါမယ် ။ · ပြန်တက် လာ ရင် Skipတွေ Nextတွေ နှိပ်ပေးလိုက်ပါ ။ဖုန်းအသစ်လိုဖြစ် နေတာ တွေ့ ရပါမယ်။

၅. နောက် ဆုံး နည်းကတော့ System App တွေ ပျက် လို့ FC error တက် နေရင် အပေါ် က နည်းတွေ နဲ့ မရ တော့ ပါဘူး။Firmware ပြန် တင် ရပါမယ် ။

Firmware တင်နည်းကတော့ ဖုန်းတွေပေါ် မူတည်ပြီးကွဲပါတယ် ။


အဆင်​​ပြေပါ​စေ

Camera Failed Error ​&Gallery has stopped ​ဖြေရှင်းနည်း


ဖုန်း Menu ပေါ်က My File ဆိုတဲ့ Folder ကနေ Phone Storge မှ Android \ data \ com.sec.android.gallery3d \ cache ထိ တစ်ဆင့်ချင်း ရောက်အောင်သွားပါ Cache ဖိုလ်ဒါ ထဲမှာ ရှိတဲ့ ဖိုင်လ်တွေကို Salect all လုပ်ပြီး Delete လုပ်ပစ်ပါ


Unfortunately, Gallery has stopped
ဆိုတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက်
၁။File Manager ထဲကိုဝင်ပါ။ sd card ထဲ
မှာဖြစ်ဖြစ် phone storage ထဲမှာဖြစ်ဖြစ်
DCIM ဆိုတဲ့ Folder ထဲက Carema ဆိုတဲ့ Folder ထဲမှာ ကိုယ်ရိုက်ထားတဲ့ပုံတွေရှိပါ
လိမ့်မယ်။အဲဒီပုံတွေကို select all ပေးပြီးcut နဲ့ယူပါ။ပြီးရင် DCIM ဆိုတဲ့ Folder ရဲ့
အပြင်ဖက်က အဆင်ပြေရာနေရာတစ်ခုမှာ
New Folder တစ်ခုဖွဲ့ပြီးနေရာချပေးလိုက်ပါ။
ဒါမှမဟုတ် Camera ဆိုတဲ့ Folder တစ်ခု လုံးကို DCIM ဆိုတဲ့ Folder ရဲ့အပြင်ဖက်က
တစ်နေရာရာကိုရွှေ့ပေးလိုက်လို့လဲရပါတယ်။
DCIM ဆိုတဲ့ Folder ထဲမှာ ဖိုင်အလွတ်တွေ
ရှိနေခဲ့ရင်လည်း delete လုပ်ပေးလိုက်ပါ။
၂။ Setting >> Apps (သို့မဟုတ်) Manage
apps >> ALL ထဲမှာ Gallery ကိုရှာပြီးဝင်
လိုက်ပါ။Clear cache ကိုနှိပ်ပါ၊ပြီးရင် Clear
data ကိုနှိပ်ပေးလိုက်ပါ။
၃။ဖုန်းကို Restart ချပေးလိုက်ပါ။
အဲဒါဆိုရင် အဆင်ပြေသွားပါပြီ။ပြန်တက်လာ
ရင် Unfortunately, Gallery has stopped ဆိုတဲ့ error ကိုတွေရတော့မှာလွယ်​လွယ်​ကူကူ​ဖြေရှင်းနိုင်​ပါပြီး


အဆင်​​ပြေပါ​စေ

Wednesday, January 13

VIVO FIRMWAREတင်​နည်း


VIVO ဖုန်းတွေကို ဘယ်လို FIRMWARE တင်မလဲSD ထည့်လို့ရတဲ့ကောင်တွေကတော့ ပြသနာ သိပ်မရှိပေမယ့် SD စိုက်မရတဲ့ကောင်တွေမှာတော့ FIRMWARE လဲ အသင့်ထည့်မထားမိ RECOVERY ကလဲ ခေါ်မရ တိုင်ပါတ်နေတဲ့အခါတွေရှိတတ်ပါတယ် အဲ့လိုအခြေ အနေမှာ FIRMWARE တင်တဲ့နည်းလေးပါ1.ပထမဆုံး POWER ပိတ်လိုက်ပါ2.ပြီးရင် POWER + VOL DOWN တွဲနှိပ်ပြီး LOGO တက်လာရင် POWER လွှတ်ပေးလိုက်ပါ (တရုပ်စာလေး ဘယ်ဘက်ထောင့်မှာပေါ်လာပါလိမ့်မယ်)3. COMPUTER နဲ့ ချိတ်ပေးလိုက်ပါ (ADB သိသွားပါလိမ့်မယ်)4.FASTBOOT FOLDER ထဲကို FIRMWARE.ZIP လေးထည့်ပေးထားပါ ပြီင်္းရင် CMD BOX ခေါ်ရပါမယ်5.CMD BOX မှာ ADB REBOOT RECOVERY လို့ရိုက်ပေးလိုက်ရင် ဖုန်းက REBOOT ကျပြီး RECOVERY ထဲေ၇ာက်သွားပါလိမ့်မယ်6.RECOVERY ထဲရောက်ပြီဆိုရင် UPDATE FROM ADB ကိုရွေးပေးလိုက်ပါ7.ပြီးရင် စောစောက CMD BOX မှာ ADB SIDELOAD (FIRMWARE NAME).ZIP လို့ရိုက်ပေးလိုက်ရင် FIRMWARE ကို စပြီးဖုန်းထဲကိုပို့ပေးပါလိမ့်မယ် ပြီးရင်တော့ ဖုန်းဟာ သူ့ဘာ့သာသူ REBOOT ကျပြီး FIRMWARE ဆက်ရေးသွားပါလိမ့်မယ် အားလုံးပြီးသွားရင် REBOOT NOW ပြုလုပ်​လိုက်​ပါ


အဆင်​​ပြေပါ​စေ

Wednesday, September 30

Android ကို မျောက်ကိုက်ခြင်းError



PCမလိုပဲmonkey testနဲ့time serviceကို
system app remover ဆိုတဲ့apkကိုအသုံးပြု
ပြီး​ဖြေရှင်းနည်းဖြစ်​ပါတယ်​-

-ဒီနည်းကိုအသုံးပြုဖို့အတွက်​မိမိတို့ဖုန်းဟာအရင်​ဆုံး
Rootedရရှိပြီးဖြစ်​ဖို့​တော့လိုပါမယ်​။
Rootedမရှိထားတဲ့ဖုန်း​တွေဆိုရင်​​တော့
monkey testနဲ့time service app​တွေကို
Disable လုပ်​​ပေးပါ။အပြီးသတ်​ရှင်းထုတ်​ချင်​ရင်
ဖုန်းကိုrootလုပ်​ပြီးရှင်းထုတ်​ပါ။rootမလုပ်​ချင်​ရင်​၉
firmwareဖန်းဝဲလ်​အသစ်​ပြန်​တင်​ကြည့်​ပါ-

-တကယ်​လို့ဖုန်းကိုrootမလုပ်​ရ​သေးပါက
NewKingroot Apkကိုအသုံးပြုပြီးrootပြုလုပ်
လိုက်​ပါ။NewKingroot v4.50 Apkကို​အောက်​က
လင့်​ခ်​မှာ​ဒေါင်းလုပ်​ဆွဲလိုက်​ပါ-

NewKingroot v4.50 Apk
ဒေါင်း​လော့ဆွဲရန်​လခ့်
king root apkထဲဖွင့်​ဝင်​၍အင်​တာနက်​လိုင်း
ခဏဖွင့်​​ပေးထားပြီးrootingပြုလုပ်​ပါ-

-ပြီးရင်​ Root ​ရ/မရ ကိုစစ်​​ဆေးဖို့အတွက်
RootChecker Apk ကို​ဒေါင်းပြီးinstallပြီး
apkထဲဝင်​၍Verify device statusဆိုတဲ့
စာသား​နေရာကိုနှိပ်​၍စစ်​​ဆေးကြည့်​ပါ။
စစ်​​ဆေးကြည့်​လို့ Root
အောင်​တယ်​ဆိုရင်​ ​အောက်​ဆုံးနာက
Device State: ​ဘေးမှာအနီ​ရောင်​စာသားနဲ့
Rooted! လို့ပြ​ပေးမှာဖြစ်​ပါတယ်​။

တကယ်​လို့
Sorry!
This device does not has
Proper root access
လို့ပြ​နေရင်​​တော့Root​ဖောက်​တာမ​အောင်​မြင်​ပါဘူး★

-RootCheckerPro v1.5 Apk အား​ဒေါင်းရန်​-

ဒေါင်း​လော့ဆွဲရန်​လခ့်
-မိမိဖုန်းဟာrooted accessရရှိပြီးသွားပြီဆိုရင်
system app remover apkကိုအသုံးပြု၍
monkey testနဲ့time serviceကိုဖျက်​ထုတ်​ပစ်
ရပါမယ်​-

-System App Remover Proအား​ဒေါင်းရန်​-
ဒေါင်း​လော့ဆွဲရန်​လခ့်
-​ဒေါင်းပြီးသွားရင်​system app remover apk
ကိုဖုန်း​ပေါ်installလုပ်​ပြီးappထဲဖွင့်​ဝင်​ပါ။
root​တောင်းရင်​allow/grand ​ပေးလိုက်​ပါ။
ပြီးရင်​Menu Manager​အောက်​ကSystem App
နေရာကိုနှိပ်​ဝင်​လိုက်​ပါ။အဲ့ဒိမှာကိုယ့်​ဖုန်းထဲမှာရှိတဲ့
system app​တွေ​တွေ့ရပါမယ်​။
အဲ့ဒိထဲကMonkey Testနဲ့Time Serviceကို
ရှာလိုက်​ပြီးdeleteလုပ်​၍ဖျက်​ထုတ်​နိုင်​မှာပဲဖြစ်​ပါ
တယ်​။(အဲ့လိုvirus app​တွေဟာတမျိုးကိုနှစ်​ခု/
သုံးခု​လောက်​ရှိတတ်​ပါတယ်​။အဲ့ဒါ​တွေကိုdelete
လုပ်​၍ဖျက်​ထုတ်​လိုက်​ပါ။ဖျက်​ပြီးသွားရင်​ဖုန်းကို
power on/off(သို့မဟုတ်​)rebootတကြိမ်​​လုပ်
ပေးလိုက်​ပါ)

-အားလုံးပြီးသွားပြီဆိုရင်​မိမိဖုန်းထဲကို​နောက်​ထပ်
virusထပ်​မဝင်​နိုင်​​စေဖို့အတွက်​CM Security Apk
ကိုဖုန်း​ပေါ်မှာinstallလုပ်​​ပေးထားလိုက်​ပါ-

-CM Security v2.7.4 Apkအား​ဒေါင်းရန်​-
ဒေါင်း​လော့ဆွဲရန်​လခ့်


Credit,ကိုကို​ဇော်​သွင်​နည်းပညာ

Tuesday, September 1

မိုဘိုင်းမျိုးစုံ Root လုပ်နည်းနှင့် အခြေခံလိုအပ်ချက်များ

မိုဘိုင်းမျိုးစုံ Root လုပ်နည်းနှင့် အခြေခံလိုအပ်ချက်များ ဆိုတဲ့ အာကာဖြိုး(နည်းပညာ)
ရဲ့ စုစည်းမှုစာအုပ်လေးပါ။စာမျက်နှာ 400 ကျော်ပါပြီး ဖုန်းမျိုးစုံ အကြောင်းတွေပါပါတယ်။
လိုအပ်တဲ့ ဆော့ဝဲလ်တွေအတွက် ​အောက်​ကလခ့်​မှာရယူပါ


REF, )အာကာဖြိုးနည်းပညာ

Monday, August 31

ANDROID PHONE များ SCREEN LOCK ( PATTERN / PIN / PASSCODE ) ကျနေတဲ့အချိန်မှာ ဘာတွေလုပ်ထားဖို့လိုသလဲ ??

့ Android အသုံးပြုသူများအတွက် Screen Lock ( Pattern / Pin / Passcode ) ကျနေတဲ့အချိန်တွေမှာ ဘာတွေလုပ်ထား
သင့်သလဲဆိုတာကို ကျတော့်အမြင် နဲ့ အတွေ့အကြုံလေးအရ ကျတော်တင်ပြပေးလိုက်ပါတယ်။
Android ဖုန်းတစ်လုံးအသုံးပြုပြီဆိုရင်တော့ လူတိုင်းလိုလို Screen Lock ( Pattern / Pin / Passcode ) ဆိုတာတော့ ထားတက်ကြပါတယ်။
အဲဒီလို Screen Lock ချထားတဲ့အချိန်ကိုယ့်ရဲ့ lock ကို ပြန်မမှတ်မိတော့ဘူးဆိုရင်တော့ User တော်တော်များများအနေနဲ့
ကိုယ့်ရဲ့ အရေးကြီးတဲ့ data များကိုတော့ပြန်လိုချင်ကြပါတယ်။ ဒါပေမဲ့အဲလိုအခြေအနေမှာ Screen Lock ကို ပြန်ဖြည်နိုင်ရန်
နည်းလမ်း ( ၂ ) မျိုးရှိပါတယ်။ Reset ချပြီးပြန်ဖြည်တဲ့နည်း နဲ့ Software များကို အသုံးပြုပြီး ပြန်ဖြည်တဲ့နည်းတွေပဲဖြစ်ပါတယ်။
Reset ချတဲ့နည်းကတော့ ဖုန်းရဲ့ Internal Memory မှာရှိတဲ့ data တွေကို ဖုန်းကအလိုလိုမဖျက်ပစ်မှာဖြစ်ပါတယ်။
ဒီလိုဆို ကိုယ်ပြန်လိုချင်တဲ့ Contact , Message နဲ့ အခြားအရေးကြီးတဲ့ data တွေကိုပြန်ရနိုင်တော့ပါဘူး။ တကယ်လို့ data တွေကို
ကျတော်တို့ပြန်လည်လိုချင်တယ် ဆိုရင်တော့ Software များကိုအသုံးပြုမှအဆင်ပြေမှာဖြစ်ပါတယ်။ အဲလိုအခြေအနေမှာဆိုရင်
အရေးကြီးတာကတော့ Computer ကနေ ဖုန်းကိုသိနေဖို့ပါပဲ။ အဲလိုသိနေအောင် Setting ထဲကဘယ်အရာရာကို အဓိကအနေနဲ့
on ထားဖို့လိုအပ်ပါသလဲ ??? ကျတော်တို့ အဲလိုအခြေအနေမှာတော့ အဓိကအနေနဲ့ on ထားဖို့လိုအပ်တာကတော့
Setting >>> Developer option ထဲက USB Debugging ပဲဖြစ်ပါတယ်။ ဒီ Function လေးကို on ထားခြင်းမရှိဘူးဆိုရင်တော့
Screen Lock ကို Software တွေနဲ့ပြန်ဖြည်တဲ့အခါ Computer ကနေ ဖုန်းကိုသိရှိနိုင်ရန် support ပေးမှာမပာုတ်တော့ပါဘူး။
ဒါကြောင့် ဒီ Function လေးကိုတော့ on ထားဖို့လိုအပ်ပါမယ်။ နောက်အရေးကြီးတာကတော့ သင့်ဖုန်းမှာ Root လုပ်ထားဖို့ပဲဖြစ်ပါတယ်။
Root လုပ်မထားဘူးဆိုရင်တော့ Software တွေကနေ ဖုန်းကိုသိရှိနိုင်ရန် support ပေးမှာ မပာုတ်တော့ပါဘူး။
ဒါကြောင့် Screen Lock ဖြည်ချင်တဲ့အခါ data တွေမပျက်စီးချင်ရင်တော့ ဒီအချက်နှစ်ချက်ကို ပြုလုပ်ထားရန်လိုအပ်ပါမယ်လို့
မသိသေးသူများအတွက် ကျတော်နားလည်သလို ပြန်လည်တင်ပြပေးလိုက်ပါတယ် ခင်ဗျာ။
Remark ; ယခု version များတွင် Developer option ကိုမတွေ့ရှိပါက About Phone ထဲကနေပြီး Build number ကို ( ၇ ) ချက်လောက်
နှိပ်ပေးခြင်းဖြင့် Developer option ကို ဖော်ပေးပါ။
ref ;Ko Htoo( MMAS )

အဆင်​​ပြေပါ​စေ

Wednesday, August 26

Battery နှင့် Cell များအကြောင်း

လူငယ်တို့အတွက် page မှ Battery နှင့် Cell များအကြောင်းမိတ်ဆက်ပေးလိုက်ပါတယ်...
Batteries နှင့် Cells များသည် DC ဗို့အားကို ထောက်ပံ့ပေးသော လျှပ်စစ်ပစ္စည်းများဖြစ်ကြသည်။
Batteries နှင့် Cells များသည် DC ဗို့အားကို ထောက်ပံ့ပေးသော လျှပ်စစ်ပစ္စည်းများဖြစ်ကြသည်။
ဗို့အား၏ အဓိပါယ်မှာ Potential စွမ်းအားခြားနားခြင်းဖြစ်၇်ျ Batteries နှင့် Cells များကို လျှပ်စစ်စွမ်းအင် ထောက်ပံ့ပေးသော
ပင်ရင်းများဖြစ်ကြသည်။ထို့အပြင်ပါဝါသည်စွမ်းအင်အသုံးပြုသောနှုန်းဖြစ်သဖြင့် ၄င်းပစ္စည်းကိရိယာများကို Power Sources
ဟုလည်း ခေါ်ကြသည်။ လျှပ်ငုတ်နှင့်သင်္ကေတCell တစ်ခုသည် ဓာတုနည်းဖြင့်လျှပ်စစ်ဓာတ်ထုတ်ပေးသောပစ္စည်းကိရိယာ
ဖြစ်၇်ျ ကွဲပြားခြားနားသော သတ္တုများဖြင့်ပြုလုပ်ထားသော လျှပ်ငုတ် နှစ်ခုပါရှိပြီး လျှပ်လိုက်ရည်electrolyte ပါရှိသည်။ ဓာတုစွမ်းအင်မှ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲပေးသော အရေအတွက် (Unit) တစ်ခုကို Cell ဟုခေါ်သည်။
 
လျှပ်ငုတ်များနှင့် လျှပ်လိုက်ရည်များ၏ ဓါတ်ပြုမှုကြောင့် လျှပ်စစ်ဗို့အားဖြစ်ပေါ်လာရသည်။ဘက်ထရီတစ်ခုတွင် Cell နှစ်ခု (သို့)
နှစ်ခုထက်ပိုသော Cell များကို အတူတကွ ဆက်သွယ်ထားပြီး ယူနစ်တစ်ခုတည်းဖြစ်ရန် ထုပ်ပိုးထားသည်။
လက်တွေ့မှာတော့ ဘက်ထရီတစ်ခုတွင် ဘက်ထရီတစ်ခုတွင်မူ နှစ်ခု (သို့) နှစ်ခုထက်ပိုသော Cell များပါဝင်သောကြောင့်
ဘက်ထရီတစ်လုံးသည် Cell တစ်ခုတည်း (သို့) Cell များ၏ အစုအပေါင်းကိုဆိုလိုပါသည်။
အီလက်ထရောနစ် လေ့လာလိုက်စားတော့မယ်ဆိုရင်အကြမ်းဖျင်း ရှိသင့်တဲ့ အရည်အချင်းတွေပါ
၁။အသက် ၁၅ နှစ်မှ ၄၅ နှစ် အတွင်း သာဖြစ်သင့်ပါတယ်။ပညာရှာအိုသည်မရှိလို့ဆိုသော်လည်း
မှတ်သားလေ့လာ ရန်အတွက် ခရီးရောက်ပေါက်မှုနည်းသွားတတ်ပါတယ်။မျက်စိနဲ့ ကိုယ်ကာယ စွမ်းအင်အသုံးချဖို့ရာ လူငယ်များနဲ့ယှဉ်ရင် အဖက်ဖက်က အားနည်းချက်တွေရှိနိုင်လို့ပါ။
၂။အတန်းပညာအရည်အချင်း အနိမ့်ဆုံး ၅ တန်းခန့်တော့ရှိသင့်ပါတယ်။ဒါမှမဟုတ် English စာ တီးမိခေါက်မိလောက်တော့ရှိရမှာပါ။
 
၃။အတွေးအခေါ် ပုံမှန်မရှိသူ စိတ်မမှန်သူများအနေနဲ့ မသင်သင့်ပါ။ကျတ်မှတ်တွက်ချက်မှု / မှတ်သားနိုင်မှု/တွေပါဝင်နေလို့ပါ။
 
၎။မျက်စိ နား နှာခေါင်း အထိအတွေ့ အာရုံခံစားမှုတွေမှာ ထက်ထက်မြက်မြက်ရှိသင့်ပါတယ်။ပြုပြင်တဲ့နေရာမှာ အက်ကွဲခြင်း ကြိုးပြတ်နေခြင်း လွတ်နေခြင်း ခဲဂဟေ လွတ်နေခြင်းကျိုးပဲ့နေခြင်းတွေကို စေ့စပ်သေချာစွာမြင်နိုင်စွမ်းသူဖြစ်သင့်ပါတယ်။အမြင်အာရုံမကောင်းရင် မလွယ်ပါ အခက်အခဲများစွာတွေ့နိုင်ပါတယ်။ပစစ္စည်းတွေကို ပူမှန်းအေးမှန်း စမ်းတဲ့နေရာမှာလိုအပ်ပါတယ်။
၅။နောက်ဆုံးကတော့ အတွေ့အကြုံ ဖြတ်ထိုးညဏ် ပညာ လေ့လာအားထုတ်မှု့ မှန်ကန်တဲ့ဆုံးဖြတ်မှု့တွေပါ။(မျက်စိ/နား/နှာခေါင်း/လျှာ/ကိုယ်/စိတ်)
ELECTRONICS ဖြစ်ပေါ်လာပုံ
Electronics နည်းပညာကို လေ့ လာ လိုက်စားတော့မည် ဆိုလျှင် “Electronics” ဟူသော ဝေါဟာရ ကို အခြေ အ မြစ်ကျကျ သိရှိ Electronics (အီလက်ထရွန်းနစ်) ဟူသော ဝေါဟာရကို အင်္ဂလိပ် မြန်မာ အဘိဓာန်များ၌ ပရမာ အနုမြူနှင့် ဆိုင် သော ရူပဗေဒ ဘာသာရပ် ဟုအဓိပ္ပာယ် ဖွင့်ဆိုထားလေသည်။
Electronics ဟူသော ဝေါဟာရကို (GREEK) ဂရိဘာ သာစကားမှ စတင်ဆင်းသက် ပေါက်ဖွားလာခဲ့ သည်။ ဂရိဘာသာစကားတွင် Electronics ဟူသော ဝေါဟာရ ကို ပယင်းကျောက်တုံးဟု အဓိပ္ပာယ် ရလေ သည်။ စာဖတ်သူများအနေဖြင့် အီလက်ထရွန်းနစ်ပညာကိုလေ့ လာလိုက်စားရာတွင် ဗဟုသုတအနေ ဖြင့် သော်လည်ကောင်း၊ မိမိဝါသနာပါရာ အီလက်ထရွန်းနစ်ပညာ၏ သမိုင်းကြောင်းဆိုင်ရာ သိမှတ်စရာအဖြစ် လည်းကောင်း အထောက်အကူဖြစ်စေခြင်းငှာ အီလက်ထရွန်းနစ်၏ သမိုင်းကြောင်းကို စတင်ပါတော့မယ် ခင်ဗျာ။
လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်လောက်က ပိုးသားဝတ်စုံများကို မြတ်နိုးစွာ ၀တ်ဆင်လေ့ရှိ သော ဂရိလူမျိုးများစွာတို့အနက် လက်အငြိမ်မနေသောတတ်သော ဂရိလူမျိုးတစ်ဦး ရှိလေသည်။ ထိုသူ တွင် လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည့် ပယင်းကျောက်တုံး (AMBER) တစ်လုံးရှိလေသည်။ ထိုသူသည် အားလပ်သော အချိန်တိုင်းတွင် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံး ကလေးကို သူ၏ ပိုးသားဝတ်ရုံဖြင့် အစဉ်သဖြင့် ပွတ်တိုက်လှုပ်ရှား၍ သာနေသည်။ ထိုသူ၏ အငြိမ်မနေတတ်သော အကျင့်သည် သာမန် အားဖြင့်ဆိုလျှင် မည့်သို့မျှထူးခြား စိတ်ဝင်စားဖွယ် မရှိသော်လည်း ထိုသို့ အငြိမ်မနေတတ်သော ဂရိလူမျိုး တစ်ဦး၏ ပိုးသားဝတ်ရုံစဖြင့် ပယင်းကျောက်တုံးကလေးကို စဉ်ဆက်မပြတ်ပွတ်တိုက် လှုပ်ရှားရာမှ စ၍ ယခုမျက်မှောက်ကာလ ကမ္ဘာနှင့်အ၀ှမ်း အီလက်ထရွန်းနစ်နည်းပညာများ ဖွံဖြိုးတိုးတတ်လာခဲ့သည် ဆို လျှင် ယုံနိုင်ဖွယ်မရှိအောင် အံ့သြကြမည်မှာ မလွှဲပါ။
တစ်နေ့သော်ထိုသူသည် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် စဉ်ဆက်မ ပြတ် ပွတ်တိုက်ရာမှ လက်ထဲမှာ ပူနွေးညောင်းညာလာသဖြင့် ၎င်းပယင်းကျောက်တုံးကလေးကို အနီးရှိ စားပွဲခုံတစ်ခုပေါ် တင်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ ပေါ့ပါးသော စက္ကူစများ၊ ငှက်မွှေးများ၊ ဂွမ်းစကဲ့သို့ သော ပေါ့ပါးသော အရာဝတ္တုများသည် ၎င်းပယင်းကျောက်တုံးဆီသို့ အပြေးအလွှား ကပ်ညှိသွားသည်ကို အဲ့ဩဖွယ်ရာ မြင်တွေ့လိုက်ရသည်။ ထိုသူသည်လွန်စွာ အံ့အားသင့်သွားသည်။
သို့သော် အဘယ်ကြောင့်ထိုသို့ ဖြစ်ရသည်ကိုမူ ၎င်းအနေဖြင့် သိနိုင်စွမ်းမရှိခဲ့ပေ။ သို့သော် ထိုသူ သည် ၎င်း၏ ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် ပူနွေးလာစေရန် အဆက်မပြတ် ပွတ်တိုက်၍ လူပုံလယ်တွင် မည့်သည့် အဆက်အသွယ်မှ မရှိဘဲ သံနှင့်သံလိုက် မဟုတ်ပါပဲ အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစ နှင့် စက္ကူစုတ်များကို ပယင်းကျောက်တုံးသို့ ပြေးဝင်ကပ်ညှိအောင် လုပ်နိုင်စွမ်းသူ တစ်ဦးအဖြစ် ဂရိလူမျိုး များစွာတို့၏ အံ့ဩမှုကို ခံယူခဲ့ရလေသည်။
 
အမှန်စင်စစ် ထိုအချိန်က အရာဝတ္တုတစ်ခုကို အခြားအရာဝတ္တုတစ်ခုနှင့် ပွတ်တိုက်သည့်အခါ (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီ ခေါ်အပူကြောင့်ဖြစ်ပေါ်သော အပူ လျှပ်စီးကြောင်း၏ သဘောတရားကို မည်သူမျှ နားလည်သဘောပေါက်ခြင်း မရှိသေးပေ။ သို့သော ပယင်း ကျောက်တုံးကို အ၀တ်စတစ်ခုခုဖြင့် ပွတ်တိုက်ပေးလျှင် အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစနှင့် အခြားပေါပါးသော အရာဝတ္တုများ ပြေးဝင် ကပ်ညှိနိုင်သောသဘောကို အီလက်ထရွန် (သို့မဟုတ်) အီလက်ထရစ် ဟုခေါ်ဆို ကြလေသည်။ ၎င်း၏ အ ဓိပ္ပာယ်မှာ ပယင်းကျောက် ဟု၍ပင်ဖြစ်သည်။
အချိန်ကာလာ အတန်ကြာသိအထိ ပယင်းကျောက်တုံး၏ နိယာမမှာ တိုးတက်ပြောင်းလဲခြင်းမရှိဘဲ နေလာခဲ့ရာ (၁၆) ရာစုသို့ ရောက်သောအခါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ် ဆိုသူ သည် ချိတ်၊ အင်တွဲ၊ ကန့်၊ ဖန် စသောအစိုင်အခဲတို့သည်လည်း အ၀တ်စဖြင့် ပူလာသည်အထိ ကြိမ်ဖန် များစွာ ပွတ်တိုက်ပါက ပယင်းကျောက်တုံးကဲ့သို့ပင် ပေါ့ပါးသော အရာဝတ္တုများကို ဆွဲငင်နိုင်ကြောင်း ထပ်မံစမ်းသပ် တွေ့ရှိလာခဲ့သည်။
ထိုပြင် အီလက်ထရွန်တို့သည် တစ်နေရာမှ တစ်နေရာသို့ ၀ိုင်ယာကြိုးစသည့် တစ်စုံတစ်ခုဆက် သွယ်ခြင်း မရှိပဲ အာကာသ အတွင်းသို့ အလိုအလျှောက် ပျံနှံရောက်ရှိနိုင်ကြောင်း သိရှိခဲ့ရလေသည်။ ထိုပြင် (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီခေါ် အပူကြောင့် အလို အလျှောက် စွမ်းအင်တစ်မျိုး ဖြစ်ပေါ်စေကြောင်းနှင့် ပယင်း၊ ချိတ်၊ ကန့်၊ ဖန်၊ အင်တွဲ၊ ထင်းရူးဆီတို့၌ ငြိမ် ၀ပ်လျှက်ရှိသော စွမ်းအင်များသည် ပွတ်တိုက်မှုကြောင့် ပူနွေးနိုးထလှုပ်ရှားပြီး ရှင်သန်သော စွမ်းအင်များ ပေါ်ထွက်လာနိုင်သည် ဟူ၍၎င်း၊ ထိုသို့ ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင်ကို (FRICTIONAL ELECTRICITY) အပူကြောင့် ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင် (သို့မဟုတ်) ( Static Electricity) စတက်တစ်ခ် အီလက်ထရစ်စီးတီး တည်ငြိမ်မှု နိုးထသော လျှပ်စစ်စွမ်းအင် ဟုခေါ်ဆိုကြလေသည်။
ဤသို့ဖြင့် ၁၈၁၉ ခုနှစ်သို့ ရောက်ရှိလာသောအခါ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်လိုက်သော အခါအပူကြောင့် သံလိုက်ဓာတ်ကဲ့သို့ ဆွဲသင်ယူဆောင်နိုင်သော စက်ကွင်း (သို့မဟုတ်) လျှပ်စီးစွမ်းအင်များ ထွက်ပေါ်လာ သည်။ ထို့အပြင် ၎င်းလျှပ်စီးစွမ်းအင်တို့သည် ရွှေ၊ ငွေ၊ ကြေး၊ အလူမီနီယံ၊ သံ စသော သတ္တုများတွင် စီး ၀င်နိုင်သည်။ ၎င်းသတ္တုတို့တွင် အီလက်ထရွန်များ လွပ်လပ်စွာ တည်ရှိနိုင်မှုကြောင့် လျှပ်ကူးစွမ်းရည်ပို ကောင်းသည်။ မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေးတို့သည် အီလက်ထရွန်သက် ရောက်မှု နည်းပါးသဖြင့် လျှပ်ကူးမှုစွမ်းအင် နည်းပါးပြီး ရောက်ရှိလာသော လျှပ်စီးစွမ်းအားတို့ကို တားဆီး သောသဘောရှိသည်ဟု သိရှိလာသည့်အပြင် ထပ်မံစူးစမ်းလေ့လာသောအခါ ထိုသူသည် အောက်ဖော်ပြ ပါအချက်တို့ကို တွေ့ရှိနိုင်ခဲ့လေသည်။
 
အရာဝတ္တုတစ်ခုနှင့်တစ်ခု ပွတ်တိုက်သည့်အခါ အပူကြောင့် လျှပ်စီးစွမ်းအားကို ရရှိစေနိုင် သည်။
ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့သည် လျှပ်စစ်စွမ်းအင်ကို လက်ခံဖြတ်သန်းစီးဆင်းစေ နိုင်သည်။
လျှပ်စစ်စွမ်းအင်များသည် ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့ကို ဖြတ်သန်းစီးဆင်းသော အခါ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် လျှပ်စစ်သံလိုက်ကွင်းများ ဖြစ်ပေါ်နေသည်။
၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ များကို ကြိုးခွေတစ်ခုသဖွယ် ခွေ၍ထားပါက လျှပ်စစ်သံလိုက်စက် ကွင်းအင်အားများပို၍ ဖြစ်ပေါ်စေသည်။
 
၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ ကြိုးခွေအတွင်း လျှပ်စစ်စွမ်းအား ဖြတ်သန်းနေစဉ် ၎င်းကြိုးခွေ အ တွင်း၌ သံချောင်းတစ်ခုကို ထားပါက ၎င်းသံချောင်းသည် သံလိုက်ဖြစ်နေပြီး လျှပ်စစ်စွမ်း အား ရပ်ဆိုင်းသွားသည့်အခါ ၎င်းသံလိုက်ချောင်းသည် သံလိုက်ဓာတ် ကွယ်ပျောက်သွား သည်။
မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေး တို့သည် အီလက်ထရွန်ကူးသန်းမှု ကို တားဆီးခုခံနိုင်သည်။ ထိုသို့ တားဆီးခုခံမှု (Resistance) အနည်းအများသည် အရာဝတ္တု တစ်ခု၏ လျှပ်စီးတားဆီးနိုင်မှု ပမာဏအပေါ်မှုတည်၍ တိုင်းတာသိရှိနိုင်သည်။ ထိုခုခံတားဆီးမှု ပမာဏကို (OHM) ဖြင့် တိုင်းတာသတ်မှတ်နိုင်သည်။
(Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အထက်ပါ (၆) မျိုးသော အကြောင်းအ ရာ တို့ကို သာရှာဖွေနိုင်ခဲ့သောလည်း ထိုသူ၏ အကျိုးကျေးဇူးဖြင့် ထရန်စဖော်မာ ၏ အခြေခံဖြစ်သော ကွိုင်၏ သဘောတရာနှင့် လျှပ်စီးခုခံမှု ပမာဏကို တိုင်းတာနိုင်သော ( OHM Law) အုမ်းလော ခေါ် လျှပ်စစ်ခုခံမှုတိုင်း တာသော ဥပဒေများ၏ အခြေခံသဘောတရား များနှင့် အီလက်ထရွန်းနစ် ပစ္စည်းများတွင် မရှိမဖြစ် အဓိက အ သုံးပြုသော (Resistor) ရီစစ္စတာ ခေါ် အီလက်ထရွန်းနစ် လျှပ်ခံပစ္စည်းပေါ်ပေါက်ရခြင်း၏ အကျိုးကျေးဇူး များ ကို ရရှိခဲ့ရပေသည်။
ဤသို့ဖြင့် ၁၆၃၁ ခုနှစ် သို့ ရောက်သောအခါ မိုက်ကယ်ဖာရာဒေး ( MICHAL FARADAY) ဆိုသူ သည် အထက်ဖော်ပြပါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ်၊ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် တို့၏ ရှာဖွေတွေ့ရှိချက်များအပေါ် မူတည်၍ အဓိကအကျဆုံး လျှပ်စစ်စွမ်း အားထုတ်ယူသုံးစွဲနည်း ပညာများကို တိုက်ရိုက်တီထွင်နိုင်ခဲ့သည်။
ယခင်ပုဂ္ဂိုလ်များသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်ခြင်းဖြင့် အပူကြောင်း လျှပ်စစ်စွမ်းအင် ရရှိနိုင်သည်ဟု၎င်း၊ ၎င်းလျှပ်စစ်စွမ်းအင်စီးဆင်းရာ ၀န်းကျင်တွင် သံလိုက်စက်ကွင်းဖြစ်ပေါ်စေပြီး သံ ချောင်းကို ပင် သံလိုက်ချောင်းဖြစ်စေနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ သို့သော် မိုက်ကယ်ဖာရာဒေး ကမူ ၎င်းတို့ ရှာဖွေတွေ့ရှိချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော သံလိုက်မှ လျှပ်စစ်စွမ်းအားကို ထုတ်ယူ ပေးနိုင်ခဲ့လေသည်။
မိုက်ကယ်ဖာရာဒေးသည် ကြေးနီဝါယာနန်းကြိုးခွေတစ်ခုအတွင်း၌ သံလိုက်တုံးကို မရပ်အနားလှုပ် ရှားစေခြင်းကြောင့် ကြေးနီဝိုင်ယာကြိုးအတွင်း လျှပ်စစ်ဓာတ်အားကို ဖြစ်ပေါ်စေသည်ကို စမ်းသပ်လေ့လာ တွေ့ရှိခဲ့လေသည်။
မိုက်ကယ်ဖာရာဒေးသည် လျှပ်စစ်စီးအားတစ်ခုသည် ကွိုင်တစ်ခုအတွင်း ဖြတ်သန်းစီးဝင်နေပါက ၎င်း ကွိုင်၏ ပတ်ဝန်ကျင်တွင် လျှပ်စစ်သံလိုက်စက်ကွင်းများ ဖြစ်ပေါ်နေပြီး၊ ၎င်းအနီးတွင် မည်သည့် အဆက်အသွယ်မျှ မရှိဘဲ အခြားကွိုင်တစ်ခုကို ထားရှိပါကလည်း ထိုကွိုင်အတွင်းသို့ လျှပ်စစ်လှိုင်းများ အလိုလျောက် ကူးပြောင်းရောက်ရှိနိုင်ကြောင်းကို ရှာဖွေသိရှိခဲ့လေသည်။
ဤသို့အားဖြင့် မိုက်ကယ်ဖာရာဒေး၏ ကျေးဇူးဖြင့် (၁၈၃၀) ခုနှစ်၊ နှောင်းပိုင်းကာလ သို့မဟုတ် (၁၉) ရာစုနှစ်တွင် လျှပ်စစ်နှင့် ပက်သက်သော အကျိုးတရားများ ဖြစ်ထွန်းခဲ့လေသည်။ မိုက်ကယ်ဖာရာဒေး၏ လေ့လာ စူးစမ်းမှုအပေါ် အခြေပြု၍ (၁၈၃၁) နှစ်နောက်ပိုင်း ကာလတွင် အီလက်ထရွန်(ခေါ်) ပယင်း ကျောက်တုံးကလေးမှ စတင်ခဲ့သော လျှပ်စစ်စွမ်းအင်နှင့် သက်ဆိုင်သော အသိပညာများ၊ လူသား အကျိုးပြု လျှပ်စစ်ကိရိယာများစွာ တိုးတက်ဖွံဖြိုးလာပေသည်။ လျှပ်စစ်ဆိုင်ရာ အတတ်ပညာနှင့် သက်ဆိုင်နှီးနှောသော အတတ်ပညာပိုင်းဆိုင်ရာ အခေါ်အဝေါ်များကို စတင်ဖြစ်ပေါ်ခဲ့ရာ အခြေအမြစ်ဖြစ် သော ပယင်းကျောက်တုံးကိ အစွဲပြု၍ ယနေ့ချိန်ထိ အီလက်ထရွန်၊ အီလက်ထရစ်၊ အီလက်ထရွန်းနစ် စသည်အားဖြင့် ခေါ်ဝေါ် သုံးစွဲကြလေတော့သည်။
အထက်ဖော်ပြပါ အကြောင်းအရာတို့သည် အီလက်ထရွန်းနစ် (Electronics) ဟူဟော ဝေါဟာရ မည်သို့ ဖြစ်ပေါ်လာ သည်ကို ဗဟုသုတ ရရှိစေရန် ဖော်ပြလိုက်ရခြင်း ဖြစ်ပေတော့သည်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ ။
Ref: လူငယ်တို့အတွက်

အဆင်​​ပြေပါ​စေ

မိမိ၏ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ မေးမြန်း ဆွေးနွေးနိုင်မည့် Social Opinion ကွန်ရက်အား အသုံးပြုနိုင်တော့မည်

ပြည်တွင်း၊ ပြည်ပ မြန်မာ အသိုင်းအဝိုင်းမှ မိုလ်ဘိုင်း ဖုန်းသုံးစွဲသူများအနေဖြင့် တစ်ဦးချင်း ထင်မြင်ယူဆချက်များ၊ သိလိုသော မေးခွန်းများကို မေးမြန်း ဆွေးနွေး နိုင်မည့်  Mell Application အား ပိုမိုပြည့်စုံစေမည့် Social Opinion Network တစ်ခုကို တည်ဆောက်နေကြောင်း အဆိုပါ App ကို ထုတ်လုပ်သည့် Xavey Myanmar ကုမ္ပဏီမှ သတင်းရရှိသည်။
Social Poll App တစ်ခု ဖြစ်သည့် Mell App ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မိမိ သိလိုသောအကြောင်းအရာများကို အလွယ်တကူ  မေးမြန်းနိုင်မည်ဖြစ်ပြီး အခြားသူများ မေးမြန်းထားသည့် အကြောင်းအရာများကိုလည်း လွတ်လပ်စွာ ဖြေဆိုပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် Mell App ကိုသုံးစွဲသူ အချင်းချင်းသည် မည်သည့် အကြောင်းအရာကိုမဆို Comment များမှတစ်ဆင့် အပြန်အလှန်ဆွေး နွေးနိုင်မည်ဖြစ်ပြီး မေးခွန်း၏ အဖြေရလဒ်များကိုလည်း Face-book ကဲ့သို့ လူမှုကွန်ရက် စာမျက်နှာတွင် အလွယ်တကူ မျှဝေနိုင်မည် ဖြစ်သည်။ ယခုတစ်ပတ် အတွင်း ထွက်ရှိလာသော နောက်ဆုံး version တွင် မေးခွန်း တစ်ခုချင်းစီနှင့် ဓာတ်ပုံများပါ တွဲလျက်တင်နိုင်မည့် Feature များပါ  ပါဝင်လာမည် ဖြစ်ကြောင်း Xavey Myanmar ကုမ္ပဏီ၏  တည်ထောင်သူ ကိုအောင်စည်သူကျော်က ဆိုသည်။
“ရည်ရွယ်ချက်က နှစ်ပိုင်းရှိပါတယ်။ တစ်ခုကပြည်တွင်း၊ ပြည်ပက စမတ်ဖုန်းသုံးတဲ့ လူငယ်တွေ သူတို့သိချင်တဲ့ အကြောင်းအရာတွေနဲ့ သူတို့ ထင်မြင်ချက်တွေကို မေးမြန်း ဖြေဆို ဆွေးနွေးနိုင် တဲ့ ပျော်စရာ social app တစ်ခုအနေနဲ့ ဖန်တီးပေးချင်တာပါ။ နောက်တစ်ခုက လူငယ်တွေရဲ့ အမြင်တွေကို လိုအပ်တဲ့ စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းတွေကြာက media platform တစ်ခု အနေဲ့ ဆောင်ရွက်ပေးပြီး ဝန်ဆောင်မှုနဲ့ ထုတ်ကုန် အရည်အသွေးတွေ မြင့်လာဖို့အတွက်ပါ ”ဟု ကိုအောင်စည်သူကျော်က ဆိုသည်။
ယခုနှစ် ဇွန်လကစတင်၍ Google Play Store ပေါ်၌ စတင်ဖြန့်ချိခဲ့သော Mell App အား အဖွဲ့အစည်းများအတွက် Premium Account ကို သီးသန့် ဝန်ဆောင်မှု ပေးသွားရန်ရှိကြောင်း သိရသည်။ “အဖွဲ့အစည်းတွေ အနေနဲ့ ကိုယ်နဲ့ သက်ဆိုင်တဲ့နယ်ပယ်တစ် ခုအတွက် အချက်အလက်တွေကို သုတေသန လုပ်ချင်တဲ့ အခါ မျိုးမှာ အသုံးဝင်အောင် လို့ပါ”ဟု အထက်ပါ တာဝန်ရှိသူက ဆက် လက်ပြောသည်။
ယခုလက်ရှိအချိန်တွင် Mell App အား Android Platform အတွက်သာ ထုတ်လုပ်ထားသေးပြီး လာမည့်လ အနည်းငယ်အတွင်း iOS Platform  အတွက် ထပ်မံ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လူမှုကွန်ရက်  Mobile  Application တစ်ခုဖြစ်သည့် Mell App အား Play Store နှင့်  http://www.mellapp.com/mell_app.apk တို့၌ အခမဲ့ Download ရယူသုံးစွဲနိုင်မည် ဖြစ်သည်။
Credit to ==> Internet Journal

အဆင်​​ပြေပါ​စေ

Tuesday, August 25

Facebook မစွဲလမ်းတော့လျှင် ရရှိလာမည့်ကောင်းကျိုး (၁၀)ခု


Facebook မစွဲလမ်းတော့လျှင် ရရှိလာမည့်ကောင်းကျိုး (၁၀)ခု Social Network တွေဖြစ်တဲ့ Facebookတို့ Twitterတို့ဆိုတာ လူတွေနဲ့ဆက်ဆံရာမှာ၊ မိတ်ဆွေအသစ်တွေ ရှာဖွေရာမှာFacebookကို အသုံးဝင်ကောင်း ၀င်ပါလိမ့်မယ်။ ဒါပေမဲ့ လူတိုင်းတော့ အဲ့ဒီလိုအကျိုးရှိရှိ အသုံးချမနေကြပါဘူး။ လူတော်တော်များများအတွက် Facebook ကို Checkတာဟာ အလုပ်တစ်ခုလိုတောင် ဖြစ်လာနေပါပြီ။ တစ်ချို့သောလူတွေက Likes ရဖို့အတွက် Postတွေတင်ကြတယ်။ အခြားသူတွေ ဘာလုပ်နေမလဲ Facebook ပေါ်မှာကြည့်မယ်။ ဘယ်နေရာမှာ ဘာဖြစ်နေလဲကြည့်မယ်။ ဂိမ်းဆော့မယ်။ အစရှိသဖြင့်  အသုံးပြုနေကြပါတယ်။ မြန်မာပြည်မှာကလည်း အင်တာနက်ဆိုတာကို Gtalk, Facebook, Viberနဲ့ စသိပြီး သုံးကြတာများပါတယ်။ ဒီတော့ အချိန်တွေဖြုန်းနေလို့ ဖြုန်းမှန်းမသိအောင်ကို Facebook သုံးကြပါတယ်။ သင်ရော အဲ့ဒီအထဲ ပါနေပြီလား? ဒါဆိုရင်တော့ သင်ရပ်တန်းကရပ်သင့်ပါပြီ။ သင်Facebookကို ခနခနသုံးမနေဘူးဆိုရင် ဖြစ်လာနိုင်မယ့် အချက် (၁၀)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ သင့်ဘ၀ ပြန်လည်အသက်ဝင်လာလိမ့်မယ်။ ‘ပြန်လည်အသက်ဝင်လာမယ်’ဆိုတဲ့ စကားကိုသုံးရတာ အကြောင်းရှိပါတယ်။ သင်Facebookကို ကြည့်တဲ့ အကြိမ်ရေကို ပြန်တွက်ဖူးပါသလား? တစ်နေ့မှာ၂၄နာရီ ရှိပါတယ်။ ၈နာရီက အိပ်ပါတယ်။ ၈နာရီက အလုပ်လုပ်ပါတယ်။ ကျန်တဲ့၈နာရီမှာရော ဘယ်နှကြိမ်လောက် Facebookကို ကြည့်ပါသလဲ? တနေကုန်အလုပ်မှာလည်း Facebook ကြည့်တယ်၊ ကျန်တဲ့ ၈နာရီမှာလည်း Facebook ကြည့်တယ်ဆိုရင် သင့်ရဲ့နေစဉ်ဘ၀က ရှင်သန်သေးရဲ့လား၊ ပြန်စဉ်းစားဖို့လိုပါပြီ။ Facebook မပေါ်ခင်တုန်းကရော သင်ဘာလုပ်ခဲ့လဲ ပြန်စဉ်းစားပါ။ သူငယ်ချင်းနဲ့ ဖုန်းပြောမယ်၊ သူငယ်ချင်း (သို့) မိသားစုနဲ့ မုန့်သွားစားမယ် (သို့) တစ်ယောက်ထဲရုပ်ရှင်ကြည့်မယ် (သို့) စာဖတ်မယ် ဒါမှမဟုတ် သင်ဝါသနာပါတာ တစ်ခုခုလုပ်မယ်။ တစ်ခုခုတော့ သင်လုပ်ခဲ့မှာပါ။ တစ်ချို့က Facebookကို အလကားသုံးတာ မဟုတ်ဘူး၊ Facebookပေါ်မှာ စာဖတ်တယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ Facebookပေါ်မှာ အဲ့လိုအကျိုးရှိတာတွေလုပ်တာကိုတော့ အားပေးပါတယ်။ ဒါပေမဲ့ သင်တကယ်ရော စာအကြာကြီး ဖတ်ဖြစ်လို့လား? More….ဆိုတဲ့နေရာကိုနှိပ်လိုက်လို့ စာကြီးက ရှည်နေရင် သင်ဖတ်ဖြစ်လို့လား? သတင်းတိုတိုလေးတွေပဲ သင်ဖတ်ဖြစ်တာ များပါလိမ့်မယ်။ သင်Facebookကို ခဏခဏစိတ်ရောက်နေချိန်မှာ သင်အစာကျွေးမှာကို စောင့်နေတဲ့ သင့်ရဲ့ခွေးလေးလဲ ရှိချင်ရှိမယ်။ ဒါမှမဟုတ် သင်နဲ့အတူတူ တစ်နေရာရာသွားချင်တဲ့ သူငယ်ချင်းလည်း ရှိချင်ရှိမယ်။ သင့်ရဲ့ Social ပိုင်းကောင်းလာတယ်လို့ သင်ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တမ်းက သင်အတုအယောင်လောကတစ်ခုမှာ ပျော်နေတာပါ။ Englishစာလုံးလေးလုံးနဲ့ ပေါင်းထားတဲ့ Likeဆိုတဲ့စာလုံးမှာ သင်ပျော်ဝင်နေတာပါ။ သင့်ဘေးက သင့်အပေါ် မေတ္တာရှိတဲ့အရာအားလုံး၊ သင့်အတွက် တကယ်အကျိုးရှိတဲ့ အရာအားလုံးကို သင်မေ့နေတာပါ။ သင်တစ်နေရာရာကိုသွားရင်တောင် သင့်ဖုန်းလေးကို တကြည့်ကြည့်နဲ့ ဖြစ်နေပါလိမ့်မယ်။ Facebook ခဏခဏသုံးနေတာကို ရပ်ပြီး ပတ်ဝန်းကျင်ကို တစ်ခါလောက် စေ့စေ့စပ်စပ်လေး ကြည့်လိုက်ပါ။ သင်အများကြီး တိုးတက်လာလိမ့်မယ်။ သင့်ရဲ့ သူငယ်ချင်းအရင်းတွေအတွက်၊ သင့်ရဲ့ မိသားစုအတွက် Likeထက်ပိုပြီး အဓိပ္ပါယ်ရှိတဲ့အရာတွေကို လုပ်ကြည့်လိုက်ပါ။ ၂။ အလုပ်တွေပိုပြီးလာလိမ့်မယ်။ ဘလော့ဂါတစ်ယောက်အနေနဲ့ ကျွန်တော်တို့အတွေ့အကြုံကိုပြောပြပါ့မယ်။ ကျွန်တော်က အင်တာနက်ကို အချိန်ပြည့်သုံးရပါတယ်။ စာတွေကို အင်တာနက်ကနေ ရှာဖွေပြီးဖတ်ရှုရပါတယ်။ ကျွန်တော့်ရဲ့ အကြီးမားဆုံးရန်သူကတော့ Social Mediaပါပဲ။ စာဖတ်လိုက် Facebook ကိုကြည့်လိုက်နဲ့ အလုပ်ပေါ် အာရုံစူးစိုက်မှု အားနည်းလာပါတယ်။ Facebookကို ခဏလေးဆိုပြီး ကြည့်ရာကနေ ၁၅မိနစ်လောက် ကြည့်ဖြစ်တဲ့အခါ ကြည့်ဖြစ်သွားပါတယ်။ အဲဒီအခါမှာ ကျွန်တော့်ရဲ့ Productivity က သိသိသာသာ ကျသွားပါတယ်။ စာဖတ်နေရင်းနဲ့ Facebookကို ကြည့်ချင်စိတ်တွေ ပေါ်လာပါတယ်။ အလုပ်မပြီးတဲ့အတွက် stress များလာပါတယ်။ အရာရာ အဆင်မပြေတော့ပါဘူး။ ဒါပေမဲ့အချိန်မီပဲ ကျွန်တော်ဖြေရှင်းနိုင်ခဲ့ပါတယ်။ နေ့တစ်နေ့ရဲ့ ဘယ်အချိန်မှာ Facebookကို ဖွင့်မယ်ဆိုတာကို အချိန်ဇယား လုပ်လိုက်ပါတယ်။ အဲ့ဒီနောက်ပိုင်း အလုပ်တွေ ပိုပြီးလာပါတယ်။ Stressတွေလည်း နည်းလာပါတယ်။ ဒါကြောင့်အလုပ်ချိန်မှာ Facebook သုံးတာကို ဖြစ်နိုင်ရင် ရှောင်ရှားပါ။ မရှောင်ရှားနိုင်ရင် အချိန်တစ်ခုသတ်မှတ်ပြီး သုံးပါ။ သင့်အလုပ်တွေပိုပြီးလာပါလိမ့်မယ်။ ၃။ အခြားအရာတွေမှာ အာရုံစူးစိုက်မှု ပိုကောင်းလာပါလိမ့်မယ်။ Facebook ကတက်လာမယ့် Update Status တွေကို မအိပ်ဘဲ ရူးရူးမိုက်မိုက် စောင့်ဖူးပါသလား? အဲဒီအချိန်တွေကို အခြားမှာသုံးဖို့ရော စဉ်းစားဖူးပါသလား? အဲ့ဒီ New Status တွေတက်တာကို စောင့်နေတဲ့ မိနစ်၃၀လောက်ကို စာအုပ်ဖတ်ဖို့ဖြစ်ဖြစ် စဉ်းစားဖူးပါသလား? စာအုပ်ဖတ်တာဖြစ်ဖြစ်၊ မနက်ပိုင်းမှာဆိုလည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာဖြစ်ဖြစ် တစ်ခုခုလုပ်ကြည့်ပါ။ အခြားအရာတွေပေါ်မှာ သင့်ရဲ့ အာရုံစူးစိုက်မှုပိုမို ကောင်းလာပါလိမ့်မယ်။ ၄။ သင့်သူငယ်ချင်းအစစ်တွေက ဘယ်သူတွေလဲဆိုတာ သင်သိလာပါလိမ့်မယ်။ Facebookပေါ်မှာ ခင်ရတာ အရမ်းလွယ်ကူပါတယ်။ လူတွေရဲ့ postsတွေကို likeပေး comment ပေးတယ်ဆိုတာ ပြောပါးလောက်အောင် အချိန်မကုန်ပါဘူး။ သင်Facebook မသုံးဘဲ နေကြည့်လိုက်ပါ။ သင့်ကို ဘယ်နှစ်ယောက်လောက် ဖုန်းဆက်မလဲ၊ သင်နဲ့ အပြင်မှာ ဘယ်သူကတွေ့ပြီး မုန့်အတူတူစားမလဲ စောင့်ကြည့်လိုက်ပါ။ သင့်သူငယ်ချင်းအစစ်တွေ ပေါ်လာပါလိ့မ်မယ်။ ၅။ သင်စွဲလမ်းခဲ့ဖူးတဲ့ Likeဆိုတာ ဘာမှတကယ့်ဘ၀မှာ သုံးမရဘူးဆိုတာ သင်သိလာလိမ့်မယ်။ Facebookပေါ်မှာ Like တယ်ဆိုတာ တကယ်တော့ Likeရဲ့ Meaning တောင်ပျောက်နေပါပြီ။ ဓာတ်ပုံမမြင်ရပဲနဲ့လည်း Likeချင် Likeမယ်။ Likeပြန်ရချင်လို့ Likeတာလည်း ဖြစ်ချင်ဖြစ်မယ်။ တာဝန်ဝတ္တရားအရ လုပ်ပေးတဲ့အရာ တစ်ခုတောင်ဖြစ်နေပါပြီ။ ဒါပေမဲ့ လူတော်တော်များများက အဲ့ဒါကိုမမြင်နိုင်ကြဘူး ဖြစ်နေကြပါတယ်။ ဒါကြောင့်Facebookနဲ့ နည်းနည်းခွဲနေကြည့်လိုက်ပါ။Facebookပေါ်က Likeဆိုတာ ဘာမှမဟုတ်ဘူးဆိုတာ သင်သိလာပါလိမ့်မယ်။ ၆။ လက်တွေ့ဘ၀မှာ ပိုပြီးအောင်မြင်လာလိမ့်မယ်။ Facebookကပေးတဲ့ အဓိကပြသနာကတော့ ဘယ်တော့မှ Facebookပေါ်မှာ လုပ်စရာတွေမ မကုန်သွားတာပါပဲ။ ကြည့်စရာအသစ်တွေ၊ Likeစရာအသစ်တွေ သူငယ်ချင်းအသစ်တွေ၊ comment ပေးစရာတွေ၊ Share စရာတွေနဲ့ သံသရာလည်နေတာပါ။ ဒါပေမဲ့ အပြင်လက်တွေ့ဘ၀မှာတော့ သင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်တာတွေ အများကြီးရှိပါတယ်။ စာအုပ်တစ်အုပ်ကိုပြီးအောင် ဖတ်နိုင်ပါတယ်။ ဥယျာဉ်လေးတစ်ခု ပြီးမြောက်အောင် အပင်စိုက်နိုင်ပါတယ်။ ပန်းကန်တွေ ကူဆေးပေးနိုင်ပါတယ်။ Facebookကနေ ခဏထွက်ပြီး အပြင်ဘ၀မှာ တစ်ခုခု ပြီးမြောက်အောင် လုပ်ဆောင်ကြည့်ပါ။ ၇။ Facebook မလိုလားအပ်တဲ့ပြသနာတွေ အေးသွားပါလိမ့်မယ်။ Facebook သုံးတဲ့သူတိုင်းအတွက် သင့်ကို စောင့်ကြည့်နေတဲ့သူ ရှိနိုင်ပါတယ်။ အထူးသဖြင့် သင်ကမိန်းကလေးဖြစ်ရင်ပေါ့။ သင့်ရဲ့ ဓာတ်ပုံတွေ၊ သင်ရဲ့ စိတ်ထဲက လျှို့ဝှက်ချက်တွေ အားလုံးကို အလွယ်တကူသိနိုင်ပါတယ်။ သင်က Privacy Settingကိုမြှင့်ထားပေမယ့် Privacy Setttingမမြှင့်ထားတဲ့ သင့်ရဲ့ သူငယ်ချင်းတစ်ယောက်က သင့်ကို `မနက်ဖြန် Junction Sqareသွားကြမယ်လို့´ tagထားတယ်ဆိုပါဆို့။ သင့်ကိုစောင့်ကြည့်နေတဲ့သူက သင်နဲ့Friend ဖြစ်မနေဘူးဆိုရင်တောင် သင့်သူငယ်ချင်းကတစ်ဆင့် သိနိုင်ပါတယ်။ ဒီတော့ သင့်ကိုနှောက်ယှက်ချင်တဲ့သူက သင်မနက်ဖြန် ဘယ်သွားမလဲ သိသွားပြီပေါ့။ ဒါပေမဲ့ သင်Facebookနဲ့ ခပ်ခွာခွာနေရင်တော့ အဲ့ဒီလိုပြသနာတွေ ကြုံတော့မှာမဟုတ်ပါဘူး။ ၈။ သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာလိမ့်မယ်။ လေ့လာတွေ့ရှိချက်တွေအရတော့ Facebookက လူတော်တော်များများကို စိတ်ဒုက္ခပေးလေ့ရှိပါတယ်တဲ့။သင်postတစ်ခုတင်လို့ Likeနည်းတဲ့အခါ၊ သင့်ပုံတင်လိုက်လို့ Likeနည်းတဲ့အခါ၊ သင့်ကိုယ်သင် ယုံကြည်မှုတွေပါ ကျဆင်းလာတတ်ပါတယ်။ သင့်ကို စိတ်ဓာတ် ကျလာစေပါတယ်။ ခနလောက် Facebook နဲ့ ဝေးဝေးနေကြည့်လိုက်ပါ။ သင့်ကိုယ်သင်ပိုပြီး အကောင်းမြင်လာပါလိမ့်မယ်။ ၉။ သင်ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေနဲ့ပက်သက်ပြီး ပိုမိုအကောင်းမြင်လာလိမ့်မယ်။ ဂျာမနီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရတော့ Facebookအသုံးပြုသူ တော်တော်များမျာဟာ ၀န်တိုစိတ်တွေ များလာကြပါတယ်လို့ ဆိုပါတယ်။ Facebookပေါ်မှာ သူများတွေတင်ထားတဲ့ အရာတွေကိုကြည့်ပြီး မနာလိုဖြစ်လာကြပါတယ်လို့ ဆိုပါတယ်။ သူများတွေတင်ထားတဲ့ဖုန်းအသစ်ပုံ၊ ကားအသစ်ပုံ၊ အိမ်အသစ်ပုံတွေ၊ ချစ်သူတွေ တွဲရိုက်ထားတဲ့ပုံတွေ၊ မိသားစုတွေ ပျော်ရွှင်တဲ့ပုံတွေ ကိုကြည့်ပြီး တစ်ချို့က မနာလိုဖြစ်တတ်ကြပါတယ်။ Facebook ဆိုတာ အရမ်းကြွားလို့ ကောင်းတဲ့အရာဖြစ်တာကြောင့် လူတွေကတော့ ကြွားနေမှာပါပဲ။ ဒီတော့ သင်အဲဒီလိုမနာလိုမှုတွေရှိတယ်ဆိုရင် Facebookကနေ ခနလောက်ထွက်ပြီး သင့်မှာရှိတဲ့ အရာတွေကို တန်ဖိုးထားကြည့်လိုက်ပါ။ ၁၀။ Facebook ဆိုတာ ကြော်ငြာတွေအများကြီး မြင်နိုင်တဲ့နေရာတစ်ခုထက် မပိုဘူးဆိုတာ သင်နားလည်လာလိမ့်မယ်။ Facebookက သင်ကြိုက်နှစ်သက်တဲ့အရာတွေကို မှတ်သားထားပြီး သင်ကြိုက်လောက်မယ့် အရာတွေကိုသင်မြင်ရအောင် ခဏခဏဖော်ပြပေးနေတာပါ။ Facebookကတကယ်တော့ သင့်ကိုDataအဖြစ်အသုံးချပြီး စီးပွားရေးလုပ်နေတာပါ။ ဒါကြောင့်မို့လို့ လိုအပ်တာထက်ပိုပြီး Facebookကိုမသုံးစွဲပါနဲ့။ ကျွန်တော်က Facebookကို ပြစ်တင်ရှုတ်ချနေတာမဟုတ်ပါဘူး။ Social Media ဆိုတာတစ်ချိန်ကအရမ်းကောင်းတဲ့ ရည်ရွယ်တစ်ခုနဲ့ ဖြစ်ပေါ်လာခဲ့တာပါ။ ဒါပေမဲ့အခုတော့သင်ရော၊ ကျွန်တော်ရော Social Mediaတွေကိုယ်တိုင်ရော မူရင်းရည်ရွက်ချက်ဖြစ်တဲ့ မိတ်ဆွေကောင်း အသစ်တွေရရှိဖို့ဆိုတာကို မေ့နေကြပါပြီ။ Facebookဆိုတာ အလုပ်တစ်ခု၊ စီးပွားရေးတစ်ခု၊ စွဲလမ်းမှုတစ်ခု ဖြစ်လာပါပြီ။ Facebookကနေ ကောင်းတဲ့အချက်တွေ အများကြီးရပါတယ်လို့ သင်ထင်ရင်တော့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို စိတ်အေးအေးလေးထားပြီး နှိုင်းယှဉ်ကြည့်လိုက်ပါအုံး။ Facebookကို ထာဝရမသုံးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ အကျိုးရှိအောင်ပဲသုံးပြီး သင့်ရဲ့ အချိန်အများစုကို အရေးမကြီးတဲ့ ကိစ္စတွေမှာ မဖြုန်းဖို့ ပြောချင်တာပါ။ Facebok စွဲလမ်းခြင်းရောဂါ အမြန်ဆုံး ပျောက်ကင်းကြပါစေ
… Credit: မိုးရှင်း { I.M.T }



ှု


အဆင်​​ပြေပါ​စေ 

မိုဘိုင်းဖုန်းအင်​တာနက်​အသုးံပြုလမ်းညွန်း


T.E.C မှ ဖြန့်ဝေထားတဲ့
မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုလမ်းညွန်
Guide to mobile phone internet
စာအုပ်ကောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
စာအုပ်အမည်.....မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုလမ်းညွန်
စာရေးဆရာ.....T.E.C
Size....1.07MB

အဆင်​​ပြေပါ​စေ

Monday, August 10

My Dear Diary

နေ့စဉ်မှတ်တမ်းကို လုံခြုံစိတ်ချစွာ ရေးသားနိုင်မည့် app တစ်ခုဖြစ်ပြီး စိတ်ခံစားမှုများကိုပါ ဖော်ပြ ရေးသားနိုင်ရန်အတွက် Emoji များကိုလည်း ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ app တွင် ရေးထည့်ထားသည့် မှတ်တမ်းများကို အလိုအလျောက် save ပြုလုပ်ပေးသွားမည် ဖြစ်သည်။
အဆိုပါ app ကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၂.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့်ပေးထားသည်။ iOS version 7.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည်ပြီး
Credit to internetjournal

အဆင်​​ပြေပါ​စေ

Thursday, August 6

Gmail 2-Step Verificationခံနည်း

Google 2-Step Verification
ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ပြောရရင် Gmail ကို မိမိရဲ့ ဖုန်းနဲ့ ချိတ်ထားတဲ့ နည်းလမ်းပါပဲ။ Google 2-Step Verification လို့ ခေါ်ပါတယ်။ သူက ဘာတွေ စွမ်းသလဲ ဆိုရင် တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ Gmail Password ကို သိသွားတယ်။ ပြီးတော့ ဖွင့်ကြည့်တယ်ပေါ့ဗျာ။ Username လည်း မှန်တယ်။ Password လည်း မှန်တယ်။ ဒါပေမယ့် Gmail က ပွင့်မလာဘူး။ ကြားထဲမှာ တစ်ဆင့်ခံနေတယ်။ ဒီအဆင့်ကတော့ မိမိရဲ့ ဖုန်းကို ပို့ပေးတဲ့ ကုဒ်နံပါတ်ကို ထည့်သွင်းရခြင်းပါပဲ။
ဒီလို လုပ်ထားဖို့အတွက် ဘယ်လို လုပ်ရမယ်ဆိုတာ အောက်မှာ ပုံတွေနဲ့တကွ ရှင်းပြထားပါတယ် ဒိက​နေသွားပါ အဲ့ဒီမှာ Get Started ဆိုတာ တွေ့ရပါလိမ့်မယ်။ နှိပ်လိုက်ပါ
အဆင့် - ၁
Gmail Login ဝင်သလိုပါပဲ။ Username, Password ရိုက်ထည့်ပြီး ဝင်လိုက်ပါ
အဆင့် - ၂
အဆင့် (၄) ဆင့်ကို ဖြတ်ကျော်ရပါမယ်။
ပထမ အဆင့်အတွက် Phone Number ဆိုတာရဲ့ အောက်က Box ထဲမှာ မိမိရဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးလိုက်ပါ။ How should we send you codes? ဆိုတာရဲ့ အောက်မှာ နှစ်မျိုး တွေ့ရပါလိမ့်မယ်။ အဲ့ဒီမှာ SMS နဲ့ ပို့ခြင်း၊ ဖုန်းခေါ်ခြင်း ဆိုတဲ့ (၂) ချက်ကို ရွေးချယ်နိုင်ပါတယ်။ SMS နဲ့ ပို့ခြင်းဟာ Error တွေ ရှိနိုင်ပါတယ်။ အကောင်းဆုံးကတော့ Voice Call ကို ရွေးချယ်ပေးလိုက်ပါ။ ပြီးသွားရင် Send Code ဆိုတာလေးကို နှိပ်လိုက်ပါ
အဆင့် - ၃
Voice Call ရွေးချယ်ခဲ့တဲ့ အတွက်ကြောင့် မိမိရဲ့ ဖုန်းနံပါတ် ကို Google က ဖုန်းခေါ်လာပါလိမ့်မယ်။ ဒီအခါ ဟလို တွေ ဘာတွေ လုပ်နေစရာ မလိုပါဘူး။ သူပြောတာ နားထောင်ရုံပါပဲ။ ဘယ်ကမှန်း မသိတဲ့ မိန်းမကြီးက ကုဒ်နံပါတ်ကို နှစ်ခါပြန် ပြောပေးပါလိမ့်မယ်။ ဒီကုဒ်နံပါတ်ကို မှတ်ထားပြီး ဒီထဲမှာ ဖြည့်ပေးလိုက်ပါ။ ပြီးရင် Verify ဆိုတာလေးကို နှိပ်လိုက်ပါ
အဆင့် - ၎
ဒီအဆင့် (၃) မှာတော့ မိမိ လက်ရှိ သုံးနေတဲ့ ကွန်ပျူတာကို ယုံရမှာလားဆိုပြီး မေးတာပါ။ မိမိက ကိုယ်ပိုင် လက်ပကျွတ်၊ ကွန်ပူတာ တွေနဲ့ သုံးနေတာ ဆိုရင်တော့ Trust this computer? ကို အမှန်ခြစ်လေး ပေးလိုက်ပေါ့ဗျာ။ အကယ်၍ အများသုံး ကွန်ပြူတာ ဖြစ်နေမယ် ဆိုရင်တော့ Trust this computer? ကို အမှန်ခြစ်လေး ဖြုတ်ထားလိုက်ပါ။ ပြီးရင် Next ကို နှိပ်လိုက်ပါ
အဆင့် - ၅
ဒါကတော့ နောက်ဆုံး အဆင့်ပါပဲ။ ဘာမှ လုပ်မနေပါနဲ့တော့။ Comfirm ကိုသာ နှိပ်ချလိုက်ပါ
အဆင့် - ၆
ဒီအဆင့် ကတော့ Google က သူ့ရဲ့ အခြားဟာတွေအတွက် Pasword အသစ် တောင်းတာပါ။ ဒါကလည်း ဖုန်းနဲ့ တွဲသုံးနိုင်ဖို့ အတွက်ပါပဲ။ လုပ်မယ့်လုပ် တစ်ခါတည်းသာ Join ထားလိုက်ပေါ့။ နောက်အခါ အလုပ်ရှုပ် သက်သာတာပေါ့ဗျာ။ Create Passwords ဆိုတာကိုသာ နှိပ်လိုက်ပါ။ Passwords အသစ် တောင်းတယ် ဆိုပေမယ့်လည်း ကိုယ့်ရဲ့ Gmail Password ကိုသာ ဖြည့်ပေးလိုက်ရုံပါပဲ
အဆင့် - ၇
ဒီလို ပေါ်လာရင်တော့ Gmail Login ဝင်သလိုပါပဲ။ Username, Password ဖြည့်ပြီး Verify ကိုသာ နှိပ်လိုက်ပါ
အဆင့် - ၈
ဒီလို ပေါ်လာပြီ ဆိုရင်တော့ Update Now ကိုသာ နှိပ်လိုက်ပါ
အဆင့် - ၉
နောက်ဆုံး ဒီလိုလေး ပေါ်လာခဲ့ရင်တော့ ပြီးသွားပါပြီ။ 2-Step Verification ကို On ပြီးသွားပါပြီ။
အဆင့် - ၁၀
ဒီလို လုပ်ထားလိုက်ခြင်း အားဖြင့် တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ Password ကို သိသွားပြီး ဖွင့်ခဲ့ရင်လည်း ကုဒ်နံပါတ် တောင်းမှာ ဖြစ်တဲ့အတွက် သူ့အနေနဲ့ ဖွင့်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်က Trust this computer? ကို အမှန်ခြစ်ပေးမထားတဲ့ ကွန်ပြူတာ တွေကနေ ဖွင့်မယ်ဆို ကိုယ့်ရဲ့ ဖုန်းဆီကို ကုဒ် နံပါတ် လှမ်းတောင်းမှာပါ။ ကုဒ်နံပါတ် အမှန် ဖြည့်ပေးမှသာ Gmail က ပွင့်လာပါလိမ့်မယ်။ Trust this Computer? ကို အမှန်ခြစ် ပေးထားတဲ့ ကွန်ပြူတာတွေကနေ ဖွင့်မယ် ဆိုရင်တော့ နောက်တစ်ကြိမ် ပြန်ပြီးတော့ ဖုန်းဆီကို ကုဒ်နံပါတ် လှမ်းတောင်းမှာ မဟုတ်ပါဘူး
REFး မဟာရာဇာ အံစာတုံး

အဆင်​​ပြေပါ​စေ

Monday, August 3

COC Gmail Account ပြန်​ချိန်းနည်း

မိမိ အကောင့်ကို ခိုးပြီးဝင်ဆော့နေလို့ email ချိန်းခြင်သူများ  အတွက် အောက်ပါနည်းလမ်း
အတိုင်းစမ်းသပ်ကြည့်ကြပါ.ပုံနှင့်တကွရှင်းပြထားပါတယ်

အဆင်​​ပြေပါ​စေ

Clash Of Clans အကောင့် ပြန်ယူနည်း (How to Recovery Your Lost Village)

အမှန်တိုင်း ကျွန်တော် ဝန်ခံရရင် ကျွန်တော့ အကောင့်က GMAIL မေ့သွားတဲ့ အကောင့်ပါ ...
ဖုန်းကလည်း factorydata reset ချလိုက်တော့ ဘာမှမမှတ်မိတော့ဘူးး ...
ကျွန်တော် သိတာဆိုလို့ coc name /clan name/start play date(စဆော့တဲ့ လ နဲ့ နှစ် )/live in country & region (နေတဲ့နေရပ်လိပ်စာ) / devices (သုံးတဲ့ ဖုန်းအမျိုးအစား) ... ok ပါပြီ .....
သူလိုတာတွေနဲ့ကျွန်တော်လည်းကိုက်သွားပါတဟ်..တခုပါပဲ ကျွန်တော် သွားတဲ့ပုံစံက Lost gmail အနေ
နဲ့သွားတာဆိုတော့ အချိန်ဘယ်လောက်ပေးရလဲ မသိဘူးးဗျ ကျွန်တော်တော့ မေ့သွားလို့ဝင်မဆော့ဖြစ်တာ 3 ပတ်မြောက်လောက်မှ mail စတင်ဖြစ်တာပါ ..
ပထမဆုံး အပ်ါက အခြက်အလက်တွေစုံပြီဆို coc game ရဲ့ ညာဘက် setting(စက်သွားပုံ) ကိုတချက်နိုပ်ပါ Help and
support ကိုရွေးပါ ...
Lost Village ကို ရွေးပါ 
 I lost my village ! How do i get it back? ကို နိုပ်ပါ

အဲ့အထဲက မှ အပေါ်ညာဘက်တွင် massage ပုံ အကွက် လေးကို တချက်နိုပ်ပါ ..
 အဲ့နောက်အဆင့်တွင် အပေါ်ညာဘက်တွင် ဓါတ်ပုံ အပေါင်းလေးကို နိုပ်ပြီးကို့ clan name ပါတဲ့ ပုံကို ss ရိုက်ထားတဲ့ တပုံ ထည့်ပါ ..
အပေါ်အကွက်ထဲကျယ် ထဲတွင် အကောင့်ပြောက်ရခြင်း Clan နာမည်နဲံ အကောင့်နာမည် TH Level နှင့် Townhell Level တွေကို english လို ဖြီးပြီး ထည့်ပေးလိုက်ပါ ပြီး အဲ့အောက်က အကွက်ထဲတွင် ကို့ coc name ထည့်ပေးပါ
အာက်ဆုံးက email (optional) နေရာတွင် ကို နောက်ချိန်းချင်သည့် mail ထည့်ပါ (တခြားgmail ထည့်လည်းရပါတယ်
ဒီအတိုင်းပြီးရင် အခုနကထည့်ပေးထားတဲ့ gmail ထဲ super cell က စာ ရောက်နေပါလိမိ့မယ်
အဲ့ကနေ အခုနက ရေးထားတဲ့အတိုင်း အကောင့်ပြောက်ရခြင်း clan နာမည်နဲံ အကောင့်နာမည်
TH level နှင့် Townhell level တွေကို english လို ဖြီးပြီး ထည့်ပေးလိုက်ပါ ..
နာက်တခေါက် စာပြန်လာ တဲ့အခါကျ သင့်ကို သေချာမေးပါလိမ့်မယ် coc name /clan name/start play date(စဆော့တဲ့ လ နဲ့ နှစ် )/live in country & region (နေတဲ့နေရပ်လိပ်စာ) / devices (သုံးတဲ့ ဖုန်းအမျိုးအစား) အဲ့ဒါလေးတွေထည့်ပေးပြီးရင်တော့ နောက်တခေါက် super cell က ပြန်လာတဲ့ ပြန်စာတွင် သင့် အကောင့် info တွေအကုန်မှန်ပါက ဝင်ဖို့ code တခုပို့ပေးပါလိမ့်မယ် အဲ့code ကို မှတ်၍သင်ချိန်းခြင်တဲ့ Gmail နဲ့
coc မှာ အကောင့် setting ပေါ်တဲ့ထိ ဝင်ဆော့ပါ ....
(အသစ်တွေရဲ့ထုံးစံအတိုင်း နည်းနည်းတော့ အချိန်ပေးရပါတယ် ကျွန်တော်က အဲ့နေရာမှာမသိပဲ ဆော့လက်စ level 5 အကောင့်နဲ့ဝင်မိလို့ အဲ့အကောင့်ပျက်သွားပါတယ် ) ပြီး setting နိုပ်ပြီး အပေါ်သုံးကွက်ထဲက link a device ကိုနိုပ်ပြီး အခုနက save ထားတဲ့ code ကို ရေးလိုက်ပါ ခနစောင့်ပြီးပြန်တက်လာရ် အဲ့ gmail နဲ့ သင် coc ဆော့လို့ ရပါပြီ ခင်ဗျာ အဆင်ပြေကြပါစေဗျာ ...
Credit: Zaw Myo Htun 

အဆင်​​ပြေပါ​စေ