Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Wednesday, March 11

♥ ♥ မြန်မာနိုင်ငံအတွင်း မရှိ မဖြစ်လိုအပ်သော Apps 5 မျိုး ♥ ♥

မြန်မာနိုင်ငံ အတွင်း မိုဘိုင်းလ် သုံးစွဲသူ နှင့် အင်တာနက် ၀င်ရောက် မှု အရှိန် မြင့် တက် လာသည်နှင့် အမျှ ဆက်သွယ်ရေး လူမှု ကွန်ယက်နှင့် စီးပွားရေး လုပ်ငန်းလုပ်သူများအတွက် မရှိ မဖြစ် လိုအပ်တဲ့ Apps များလည်းရှိလာပါတယ်။ ဒီတော့် သည်အပတ်အတွင်း မြန်မာနိုင်ငံမှာ Top လူသိများပြီး Top ဖြစ်နေတဲ့ Apps 5 ခုကို တင်လိုက်ရပါတယ်။

Viber Viber Viber

ဆက်သွယ်ရေးကို အလျှင်အမြန် လုပ်ချင်တယ်၊ ကုန်ကြသက်သာပြီး လုပ်ငန်းဆောင်တာ အ၀၀ကို မြန်မြန်လုပ်ချင်တယ်ဆိုရင်တော့် Viber ဟာမရှိမဖြစ်လိုအပ်တဲ့ Apps ဖြစ်ပါတယ်။ မြန်မာပြည်အတွင်း Mobile Internet သုံးစွဲသူ ၁၀ ယောက် မှာ ၉ ယောက် လောက်တော့ Viber ကိုသုံးပါတယ်။  Android, Mac OS, Blackberry OS, iOS, Linux နှင့် အခြားသော Windows Phone များအတွက်ပါ compatiable အံဝင်ခွင်ကြသုံးနိုင်ပါတယ်။ သုံးသူများအနေနဲ့ ရုပ်၊ အသံ၊ ပုံ နှင့် voice recording  များကို ပါ easy share အနှေနှင့် လျှင်မြန်စွာ လုပ်နိုင်ပါတယ်။ Mobile Internet Phone နှင့်ဆက်နွယ်နေသည်မို့ ပြောဆိုမည့်သူ ရဲ့ ဖုန်းနံပါတ်တော့်လိုပါတယ်။ ကုမ္ပဏီကတော့် အစ္စရေး  နိုင်ငံ မှ အခြေခံပြီး လွန်ခဲ့တဲ့ February 14, 2014 မှာ Rakuten ဂျပန်ကုမ္ပဏီမှ ဒေါ်လာသန်းပေါင်း 900 နဲ့ ၀ယ်လိုက်ပါတယ်။ ၀န်ဆောင်မှုနှင့် ထုတ်လုပ်မှုပိုင်းဆိုင်ရာမှာတော့် အစ္စရေး နိုင်ငံမှ အခြေခံပြီး ဆက်လက်လုပ်ဆောင်နေပါတယ်။

Myanmar News

နောက်ဆုံးရနိုင်ငံတကာ သတင်းများနှင့် ဒေသအတွင်း 
ဖြစ်ပေါ်နေသည့် သတင်းများကို အလျှင်အမြန်သိရှိ လိုပါက
Myanmar News apps က အကောင်းဆုံး ဖြစ်ပါတယ်။ 
သတင်း Apps ဖြစ်တဲ့အတိုင်း စီးပွားရေး၊ အားကစား၊ ဂီတနှင့် နောက်ဆုံးပေါ် IT ပိုင်းဆိုင်ရာ သတင်းများကိုပါထည့်ထားသည့် 
Apps ဖြစ်ပါတယ်။  TV  ကြည့် အချိန်ဖြုန်းနေမည့် အစားနောက်ဆုံး
ရ သတင်းများကို ချက်ခြင်း သိလိုပါက Myanmar News က အကောင်းဆုံးဖြစ်ပါတယ်။

Go-there Myanmar

မြန်မာနိုင်ငံအတွင်း စီးပွားရေးနှင့် အထွေထွေသတင်း သို့မဟုတ် လမ်းညွန်အမျိုးမျိုးအကြောင်းသိလိုပါက
Go-there Myanmar က အကောင်းဆုံးပါ။ စီးပွားရေးဆိုင်ရာ လမ်းညွန်ပေါင်း ၅၀၀၀၀ ကျော်ရှိတဲ့ ဤ Apps ဟာ စီးပွားရေး လုပ်ငန်းများ လုပ်လိုသူများနှင့် ရင်းနှီးမြုပ်နှံလို များအတွက် လျှင်မြန်စွာ အဖြေပေးနိုင်တဲ့ လက်ဆွဲ apps ဖြစ်ပါတယ်။ မိမိ သိလိုသည့် တည်နေရာ၊ အဆောက်အအုံ၊ ကို သိကြစွာမြေပုံနှင့် တကွဖော်ပြပေးနိုင်ပါတယ်။ လွန်ခဲ့တဲ့ အချိန်တုံးက တွေ့ နေကြ Yellow Book တွေမှာ ဒီ Apps ကနေရာယူသွားပါပြီ။ နောက်ပြီး မိမိသွားလိုသည့် နေရာကိုသွားလိုပါက မည်ကဲ့သို့၊ မည်သည့် လိုင်းကား စီးရမည် ဆိုသည့် Data အချက်အလက်များကိုလည်း ထည့်ထားပေးပါတယ်။ ရန်ကုန်နှင့် မန္တလေး မြို့ တွင်း Bus ကား လိုင်းပေါင်း ၃၀၀ နှင့် Bus မှတ်တိုင် ၁၀၀၀ ကျော် ကိုပါဖောပြထားသဖြင့် အင်မတန်သင့်တော်သည့် Apps ဖြစ်ပါတယ်။  နိုင်ငံခြားသားများအတွက်လည်း  မရှိမဖြစ်လိုအပ်တဲ့ လမ်းညွန်ဖြစ်ပါတယ်။

House



မြန်မာနိုင်ငံအတွင်း လွန်ခဲ့ တဲ့ ဇူလိုင်မှာ house.com.mm မှ Android Apps ကို အိမ်ခြံမြေ ရှာသည့် ပထမဦးဆုံး Apps အနေနဲ့ ဈေးကွက် မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဤ Apps  ဟာအိမ်၊ ကွန်ဒို နှင့် တိုက်ခန်များ ရောင်း၊၀ယ်လိုသူများအတွက် အကောင်းဆုံး ၀န်ဆောင်မှုပေးတဲ့ Apps ဖြစ်ပါတယ်။ လောလောဆယ်မှာတော့် house apps မှ မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေတိုက်ခန်းပေါင်း ၂၀၀၀၀ ကျော်ကို လွယ်ကူစွာ ရှာနိုင်ရန် လုပ်ဆောင်ပေးနေပါတယ်။ စီးပွားရေးလုပ်လိုသူများ၊ အိမ်ခြံမြေခြံအတွင်း ရင်းနှီးမြုနှံလိုသူများ၊ တိုက်ခန်းရှာသည့် သူများ၊ နယ်မှ လာသောမိတ်ဆွေများနှင့် နိုင်ငံခြားသားများအတွက်အကာင်းဆုံး ဆောင်သင့်သည့် Apps ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ အားဖြင့် ကြည့်နိုင်သဖြင့် နိုင်ငံတကာ အသုံးပြုရန် အဆင်ပြေပါတယ်။


Shwebook Dictionary Pro



English စာ ဝေါဟာ ရတစ်ခုခုကို ပြောချင်တိုင်း မထွက်လာ သို့မဟုတ်မေ့သွားတယ်ဆိုရင် Shwebook Dictionary Pro Apps ကအကောင်းဆုံး ရွေးချယ်မှု တစ်ခုအနေနဲ့ပြောလို့ရပါတယ်။ သိလိုသည့် ဝေါဟာရ များကို ထည့်လိုက်သည် နှင့်သက်ဆိုင်ရာအဓိပ္ပာယ်များကို သာမက အခြားသော ဆိုင်ရာဆိုင်ရာအဓိပ္ပာယ်များ ကိုပါထည့်ထားပေးပါတယ်။ အထက်တန်းကျောင်းသားများ အထူးသဖြင့်  အင်္ဂလိပ်စာလေ့လာလိုသူများအတွက် အကောင်းဆုံး App ဖြစ်ပါတယ်။   

 ပြောင်းလည်းမြန်နေတဲ့ မြန်မာပြည်အတွင်း ဒီ Apps 5 ခုရှိရင် တော်တော်လေး အဆင်ပြေနေပါပြီ။  လာမည့် အချိန်အတွင်း နောက်ဆုံးပေါ်အသုံးဝင်လူကြိုက်များသည့် Apps များကိုလည်း ပြန်လည် တင်ပြသွားပါမယ်။








  • Download လုပ်နည်းမသိလျှင်အောက်မှာဖတ်ပါ၊၊

    1. အောက်ကဒေါင်းလော့ဘောတွန်ကိုနိုပ့်ပါ၊၊
    2. ၅ စက္ကန့်လောက်စောင့်ပါ ပြီးလျှင်ညာဘက်ဒေါင့်မှာ အဝါရောင်လေးနဲ SKIP AD ဆိုတာကိုနိုပ့်ပါ၊၊
    3.  ပြီးလျှင်မိမိဒေါင်းလော့ယူမဲ့ဖိုင်နေရာရောက်သွားပါပြီး ရဲရဲ သာ ဒေါင်းလော့ဆွဲလိုက်ပါ၊၊
                                            
    ★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။★★
    ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
    Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊
    MINNTHARLAY1986@GMAIL.COM (Gtalk) 
    အားလုံးပဲအဆင်ပြေပါစေ။
    WWW.MINNTHARLAYIT.ORG
    (မင်းသားလေး နည်းပညာ) 

    Monday, December 15

    Post အဟောင်းများကို Keyword ဖြင့်ပြန်လည် ရှာဖွေနိုင်သည့် feature ကို Facebook မိတ်ဆက်

    Facebook သည် Google နှင့် Twiiter တို့ပေါ်တွင် keyword များကိုအသုံးပြု၍ post အဟောင်းများ ရှာဖွေနိုင်သည့် feature ကို ပြီးခဲ့သည့် ရက်သတ္တပတ်က ထည့်သွင်းပေးခဲ့ကြောင်း သိရသည်။
    Facebook သုံးစွဲသူများသည် ၎င်းတို့၏ News Feed အတွင်းရှိ post အဟောင်းများကို keyword များ အသုံးပြု၍ ရှာဖွေနိုင်ပြီဖြစ်သည်။ ဥပမာအားဖြင့် သုံးစွဲသူများက သူငယ်ချင်းများ၏ မင်္ဂလာဆောင်မှ post များကို လူနာမည်နှင့် မင်္ဂလာဆောင်ဟူသည့် စာလုံးကို အသုံးပြု၍ ရှာဖွေနိုင်မည် ဖြစ်သည်။ ထိုသို့ keyword များ အသုံးပြု၍ ရှာဖွေမှုသည် Google နှင့် Twitter ကဲ့သို့ နာမည်ကျော် ဝန်ဆောင်မှုများတွင် နှစ်ပေါင်းများစွာ စံသတ်မှတ်ချက် တစ်ခုအနေဖြင့် သုံးစွဲနေကြပြီး ယခုအခါမှသာ Facebook က၎င်းစနစ်ကို သုံးစွဲခြင်းဖြစ်သည်။ မြန်ဆန်သည့် ရှာဖွေမှုဖြင့် သုံးစွဲသူများ
    ဘွဲ့ယူသည့်အခါ ရိုက်ကူးထားသည့် ဗွီဒီယိုများကို ကြည့်ရူနိုင်ပြီး ဖတ်ရှုလိုသည့် ဆောင်းပါး သို့မဟုတ် သူငယ်ချင်း မင်္ဂလာဆောင်မှ ဓာတ်ပုံများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ကြောင်း Facebook မှ ထုတ်ပြန်ခဲ့သည်။
    Facebook သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် Graph Search feature ကို မိတ်ဆက်ခဲ့သော်လည်း ၎င်း feature သည် စိတ်ပျက်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။ Facebook အနေဖြင့် ၎င်း feature ကိုသုံးစွဲသူများထံသို့ ဖြန့်ချိရန် တစ်လခန့် အချိန်ယူခဲ့ရပြီး ဖြန့်ချိပြီးသည့် အချိန်တွင်လည်း အကန့်အသတ်ဖြင့်သာ သုံးခွင့်ရရှိခဲ့သည်။
    Ref: IBTimes
    Tags: Network

    အဆင်​​ပြေပါ​စေ

    Saturday, December 13

    Google Translate မှာ မြန်မာဘာသာပါဝင်လာပြီ

    Google Translate မှာ မြန်မာဘာသာ ပါဝင်လာဖို့အတွက် စောင့်နေကြ သူများအတွက် ယခုတော့ တကယ်ပါဝင်လာပါပြီ။ အများစု အနေနဲ့ ဒါကို စက်က လုပ်တယ်လို့ ထင်ထားကြပါတယ်။ အမှန်တော့ Translation တစ်ခု ဖြစ်လာဖို့ အတွက် လူတွေက လိုအပ်တဲ့ အချက်အလက် အားလုံးကို ဖြည့်ထားခြင်းပါ။
    ယင်း ဖြည့်ထားတဲ့ အချက်အလက်များကို ပြန်လည် အသုံးချလို့ Google မှ ပြန်လည်ရှာဖွေပြီး အနီးစပ်ဆုံး စကားလုံးကို ရွေးချယ် ဘာသာပြန်ပေးသွားပါတယ်။ ယခု ရက်ပိုင်းအတွင်းမှာ စတင်ပါဝင်လာပြီး ယင်းသို့ ပါဝင်လာဖို့အတွက် လုပ်အားပေးတာကတော့ ကြာခဲ့ပါပြီ။ ဆက်ပြီးတော့ လုပ်အားပေးချင်သူများ အနေနဲ့ Google Translate ကို အသုံးပြုရင်း လုပ်အားပေးနိုင်ပါတယ်။ ယင်းအတွက် အကူအညီ လိုတဲ့အခါ  https://www.facebook.com/groups/googletranslate.mm/ ထဲသို့ အဖွဲ့ဝင်ပြီး မေးမြန်း အကူအညီ တောင်းနိုင်ပါတယ်။
    ဘာသာပြန်ပေးတဲ့ ရလဒ်က Zawgyi Font နဲ့ မဟုတ်ပဲ Myanmar Unicode နဲ့သာ ဖြစ်ပါတယ်။ Google အနေဖြင့်လည်း နည်းပညာရှုထောင့်အရ စံချိန်စံညွန်းပြည့်မှီတဲ့ Unicode ကိုသာ ထောက်ပံ့ထားတာကြောင့် အနာဂတ်မှာ Myanmar Unicode font ကိုသာ လူတိုင်း အစားထိုး အသုံးပြုရတော့ဖွယ် ရှိပါတယ်။ Apple, Microsoft, Bing, Facebook စရှိသဖြင့်တို့ကလည်း Myanmar Unicode ကို အသုံးပြုလို့ မြန်မာစာကို ဖော်ပြမှာမို့ ဖြစ်ပါတယ်။
    Google Translate မှာ အချက်အလက် နည်းနေသေးတာကြောင့် ဘာသာပြန်တာ Perfect မဖြစ်သေးပါဘူး။ အချက်အလက် ပြည့်သွားသည့်တိုင် ဘာသာပြန်မှုက Perfect မဖြစ်ပါဘူး။ မြန်မာကနေ အင်္ဂလိပ်သိုအင်္ဂလိပ်ကနေလည်း မြန်မာလို ဘာသာပြန်နိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ဘာသာစကား များသို့လည်း ဘာသာပြန် အသုံးပြုနိုင်ပါသေးတယ်။ အသံနဲ့လည်း အသုံးပြုလို့ ရပါတယ်။

    Wednesday, April 9

    ★★ ထိုင်းဗီဇာရရန် ဧပြီလဆန်းမှစ၍ နေ့ စဉ် လူပေါင်းများစွာသံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေရ ★★


    ရန်ကုန် ဧပြီ ၈

    ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူများသောကြောင့် ဗီဇာရရန် ဧပြီလဆန်းမှစ၍ နေ့ စဉ်လူပေါင်း၄၀၀ ကျော်ထိုင်းသံရုံးရှေ့ တွင် ညအိပ်စောင့်ဆိုင်းနေရကြောင်းဗီဇာရရန်တန်းစီသူတစ်ဦးထံမှသိရသည်။

    “ဒီနေ့ မနက် ပေးတဲ့တိုကင်ရဖို့ ကို မနေ့ ကနေ့ လည် ၁၁း၀၀ လောက်ထဲကလာစောင့်နေရတယ်”ဟု ဗီဇာရရန် တန်းစီသူတစ်ဦးကပြောသည်။


    ထိုင်းနိုင်ငံသို့ သင်္ကြန်ကာ လတွင် အလည်ပတ် သွား သူများ၊ဆေးကုသမှုခံယူရန်သွားသူများနှင့် ရဟန်း သံဃာ များ သွားရောက်သူများသောကြောင့်ယခုလိုစောင့်ဆိုင်းရခြင်းဖြစ် ကြောင်း၎င်းကဆက်ပြောသည်။

    ယခုကဲသို့  ဗီဇာရရန်စောင့်ဆိုင်းရခြင်းမှာ ဧပြီလဆန်းပိုင်းမှ စတင်၍တဖြည်းဖြည်းများလာခြင်းဖြစ်ကြောင်း လူ အယောက်လေးရာခန့်လာစောင့်ကြသော်လည်း ဗီဇာပေးသည့်ဦးရေမှာ တစ်နေ့လျှင် ၁၅၀ သာရှိကြောင်း ၊ထို့ကြောင့် ညအိပ်စောင့်ဆိုင်းကြခြင်းဖြစ်ကြောင်း ပွဲစားတစ်ဦးက ပြောသည်။

    “အရင်ကဆိုလူတွေသိပ်တောင်မမြင်ရဘူး၊အခုသင်္ကြန်ပိတ်ရက်ရှိတာကြောင့် ပိုပိုများလာပါ”ဟု၎င်းကဆက်ပြောသည်။

    အဆိုပါဗီဇာလာရောက်စောင့်ဆိုင်းသူများတွင် ကုမ္ပဏီများ၊အေး ဂျင့်များစသည်တို့ ပါဝင်ပြီးကိုယ်တိုင်လာ ရောက်လျှောက်ထားသူပိုများကြောင်းသိရသည်။

    ယမန်နှစ်သင်္ကြန်နီးကာလများတွင်လည်း ယခုကဲ့သို့ဗီဇာရရှိရန် ညအိပ်စောင့်ဆိုင်းမူများရှိခဲ့သော်လည်း အရေ အတွက် မှာ ယခုနှစ်လောက်မများကြောင်း ပွဲစားတို့ကဆိုသည် ။

    ယခုကဲ့သို့ပွဲတော်ပိတ်ရက်ရှည်များတွင်ထိုင်းနိုင်ငံ ၊စင်ကာပူနိုင်ငံ ၊ဂျပန်စသည်တို့သို့အလည်အပတ် သွားရောက်သူ များပြားလေ့ရှိပြီး အိမ်နီးချင်းထိုင်းနိုင်ငံမှာမူ အခြားနိုင်ငံများနှင့်ယှဉ်ပါက ငွေကြေးသက်သာပြီးဈေးဝယ်၍
    ကောင်းခြင်းကြောင့်ပိတ်ရက်ရှည်များတွင် မြန်မာနိုင်ငံသားများသည်ထိုင်းသို့အများဆုံးသွားရောက်လေ့ရှိသည်။

    ဇေဝေယံ
    Popular Myanmar News Journal


    ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
    မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
    ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
     

    Thank You For Downloading And Dont Forget to Clicking Once on a Ad Banner.
    အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို  ကလစ်ခဲ့ပါခင်ဗျာ။

    ★★နည်းပညာမြို့တော်★★