Monday, January 25

ညီမ​လေးဖတ်​ဖို့

ညီမလေးဖတ်ဖို့
~~~~~~~~~

ဒူးထောက်ပြီး မျက်ရည်ကျပြတိုင်း တစ်သက်လုံး ကိုယ့်ကို ချစ်မယ့်သူလို့ မထင်ပါနဲ့။

ကိုယ့်ပြန်မချစ်လို့ နံရံကို လက်သီးနဲ့ထိုးတိုင်းလည်း တစ်သက်လုံး ကိုယ့်ကို ချစ်မယ့်သူလို့ မထင်ပါနဲ့။

Valentine's Day မှာ ပန်းစည်းနဲ့ ချောကလက် ပို့တိုင်းလည်း တစ်သက်လုံး ကိုယ့်ကို ချစ်မယ့်သူလို့ မထင်ပါနဲ့။

မွေးနေ့မှာ ည၁၂ နာရီ ဖုန်းဆက်တိုင်းလည်း တစ်သက်လုံး ကိုယ့်ကို ချစ်မယ့်သူလို့ မထင်ပါနဲ့။

အဲ့ဒီ့လို လူမျိုးတွေကို ၁လလောက်ပဲ
အဆက်အသွယ်ဖြတ်ပြီး ထားကြည့်လိုက်ပါ။

သေချာတယ် နောက်တစ်ယောက်နဲ့ လက်တွဲနေပါပြီ။
တကယ်တော့ အပေါ်ယံ အရေခွံ ခြုံထားတဲ့ ဟန်ပန်တွေကို မသာယာဘဲ သူ့ရဲ့အတွင်းစိတ်ကို လေ့လာပြီးမှ ဘဝရဲ့လက်တွဲဖော်အဖြစ် စဉ်းစားသင့်တယ်။

စိတ်ကစားတဲ့ အရွယ်နဲ့ ဇွတ်မိုက်၊ အချစ်ကို ယုံပြီး ပုံအပ်မိရင် အမှားကြီး မှားသွားလိမ့်မယ်။

အခုခေတ်မှာ အချစ်များတယ်၊
အချစ်စစ်ကတော့ အရမ်းရှားသွားပြီ ...

ဒီခေတ်လူငယ်လေးတွေအတွက် ဖော်ကျူးတာပါ



အဆင်​​ပြေပါ​စေ မင်း​သော်​တာ(မင်းသား​လေးနည်းပညာ)

0 comments:

Post a Comment