Samsung Galaxy Note 4 အတွက် Root လုပ်နည်းတော်တော်များများတင်ထားပါတယ်။
ဒါပေမဲ့အခုတင်လိုက်တဲ့ model က အရင်တင်တဲ့ post မှာမပါသွားတာရော အကိုတစ်ယောက်က
တောင်းထားတာကြောင့်ရော တင်ပေးလိုက်ပါတယ်။ အရင်ဆုံးလိုအပ်တဲ custom recovery လေးနဲ့ SuperSU update.zip ကို Download ရယူလိုက်ပါ။
Custom recovery Download >>့  http://downloadandroidrom.com/file/GalaxyNote4/TWRP/openrecovery-twrp-2.8.1.0-trltedt.img.tar
လုပ်ပုံလုပ်နည်းကလွယ်ကူပါတယ်။
ODIN flash tool ကို ဖွင့်လိုက်ပါ။ ကိုယ်ဒေါင်းထားတဲ့ .tar file ကို ODIN ရဲ့
PDA နေရာလေးကို Click ပြီး ထည့်ပေးလိုက်ပါ။
Phone ကို Download mode ၀င်ပါ။
Download mode = Volume down + Home + Power
ပြီးရင် Phone နဲ့ Computer ကို ချိတ်လိုက်ပါ။ Computer က Phone ကိုသိပြီဆိုရင်
ODIN က Start ဆိုတာလေးကို Click ပေးလိုက်ပါ။
ODIN မှာ PASS ပြပြီး Phone မှာ power ပြန်တက်လာပါလိမ့်မယ်။
Phone ရဲ့ Internal memory ထဲကို SuperSU update.zip လေးကိုထည့်ပါ။
Phone ကို Power ပိတ်ပြီး Recovery mode ၀င်လိုက်ပါ။
Recover mode = Volume up + Home + Power
Recovery mode ရောက်ပြီဆိုရင် install zip from internal storage ကနေ
SuperSU update.zip လေးကို Flash ပေးလိုက်ပါ။
ပြီးပြီဆိုရင်တော့ Reboot system now ပေါ့ဗျာ။
ဒါဆိုရင်တော့ သင့်ရဲ့ Galaxy Note-4 မှာ Root Access ကို အပြည့်အ၀ ရရှိပါပြီ။
ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက် အထောက်အကူဖြစ်မယ်ဆို ကျေနပ်ပါတယ်။
အားပေးနေသော Mobile User အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါမယ်။
REF,myanmarmobileapp
အဆင်ပြေပါစေ
1 comments:
Huawi G play mini ကို ဖုန်းပေါ်မှာပဲ root လုပ်ချင်လို့ပါ Kingroot နဲ့လုပ်လိုက်တာ firmware ကျသွားလို့ပါ တခြားဘာနဲ့အဆင်ပြေမလဲ နည်းလမ်းလေးရှိရင် ပြောပြပါဦး အကို
Post a Comment