Tuesday, August 25

Facebook မှာ ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို မထည့်သင့်





  • Facebook အသုံးပြုသူတွေဟာ profile မှာ ဖုန်းနံပါတ်ကို မထည့်ခင် သေချာ ပြန်စဉ်းစားဖို့ လိုပါတယ်။ တကယ်လို့ ဖုန်းနံပါတ်ထည့်ထားလိုက်ပါက ဘယ်သူမဆို သင့်ရဲ့ ဖုန်းနံပါတ်ကို search bar မှာ ရိုက်ရုံနဲ့  သင့်ရဲ့ နာမည်၊ ဓာတ်ပုံတွေနဲ့ သင့်ရဲ့ တည်နေရာကိုပါ တွေ့ ရှိနိုင်ပါတယ်။
  •  ဗြိတိန်က ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်ဟာ Facebook ရဲ့ လုံခြုံရေးအန္တရာယ် ရှိမှုကို ထောက်ပြဖို့ ရည်ရွယ်ပြီး ကျပန်း ဖုန်းနံပါတ်တွေ ရိုက်ထည့်ကာ အသုံးပြုသူတွေရဲ့ အချက်အလက် ထောင်သောင်းများစွာကို ထုတ်ယူပြခဲ့ပါတယ်။
    Salt အေဂျင်စီက နည်းပညာဒါရိုက်တာ Reza Moaiandin ဆိုသူဟာ coding script တစ်ခုကို အသုံးပြုပြီး UK ,US နဲ့ Canada က ရှိနိုင်တဲ့ မိုဘိုင်းဖုန်းနံပါတ် အတွဲတွေကို ထုတ်ယူပြီး Facebook ရဲ့ app-building program (API) ထဲ ဒီနံပါတ်သန်းပေါင်းများ စွာကို ပို့ လိုက်တာဖြစ်ပါတယ်။ ရလဒ်အနေနဲ့ Reza ဟာ ပုဂ္ဂိုလ်ရေးအချက်အလက် အများအပြား ပြန်ရရှိခဲ့တာဖြစ်ပါတယ်။
    အရေးကြီးတဲ့တစ်ချက်က ဒီအချက်အလက်တွေဟာ အသုံးပြုသူတွေက public လုပ်ထားတဲ့ အချက်အလက်တွေသာဖြစ်ပြီး သင်ဟာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် တွေကို ဘယ်သူတွေမြင်နိုင်မလဲဆိုတာ Facebook ရဲ့ setting မှာပြင်ထားနိုင်ပါတယ်။ “ ဒီ လုံခြုံရေးဟာပေါက်ကနေ နည်းပညာဗဟုသုတ ကျွမ်းကျင်တဲ့တစ်ယောက်က အသုံးပြုသူတွေ အများဝင်ကြည့်လို့ ရအောင် ပြထားတဲ့ ဖုန်းနံပါတ်ကနေ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စုဆောင်းသွားနိုင်ပါတယ်။ ဒီအချက်အလက်တွေကို သုံးစွဲမယ့် တစ်ယောက်ယောက်ဆီ ရောင်းချတာမျိုး ဒါမှမဟုတ် ကိုယ်တိုင် အသုံးချတာမျိုး ပြုလုပ် နိုင်ပါတယ်” လို့ Mr.Moaiandin က ပြောပြခဲ့ပါတယ်။
    ဒါပေမယ့်လည်း Facebook ကတော့ ဒါကို လုံခြုံရေးအပြစ်အနာအဆာတစ်ခုအနေနဲ့  မထင်ကြောင်း တုံ့ ပြန်ခဲ့ပါတယ်။
    Ref: Dailymail 

                                      


  • ★★ ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။★★
    ကျွန်တော်၏ဆိုဒ်သို့အလည်လာကြသော သူငယ်ချင်းများဒေါင်းမရလို့အဆင်မပြေတာတို့ရှိ့ပါကအောက်က
    Gmail&Cbox&Comment တွင်ပြောသွားပေးပါ၊၊ကျေးဇူးတင်ပါသည်၊၊

    အားလုံးပဲအဆင်ပြေပါစေ။
    (ခင်မောင်ထူး နည်းပညာ) 

    0 comments:

    Post a Comment