Sunday, June 7

Samsung ဖုန်းများ ကိုယ်တိုင် ကိုယ်ကျ Backup, Restoreပြုလုပ်​နည်း

Samsung ဖုန်းကိုင်သူများ အနေနဲ့ အခြားဖုန်း တစ်လုံးကို ပြောင်းကိုင်တဲ့အခါ Data တွေကို ပြန် backup လုပ်ရတာ မခက်ပါဘူး။ Samsung ဖုန်းရဲ့ Backup and Restore section မှာ ပါတဲ့ Backup section ကို ကြည့်ကြည့်ပါ။ ကိုယ့်ရဲ့ Samsung account နဲ့ ဝင်ထားရင် backup နှိပ်ရုံနဲ့ backup လ်ုပပါတယ်။ ဖုန်းအသစ် ဝယ်တဲ့အခါ Samsung account ရှိရင်းစွဲကို sign in ပြန်လုပ်ပြီးရင် Restore ဆိုတာကို နှိပ်ရင် ပြန်ရပါတယ်။ ဒါပေမယ့် ကျနော် အဲ့ဒါကို မစမ်းကြည့်ဖူးသေးတော့ recommend မလုပ်ချင်ပါဘူး။
အများလုပ်တဲ့ နည်းလမ်းကတော့ ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်ပြီး Software တစ်ခုခုကနေ လုပ်တာ ဖြစ်ပါတယ်။ ယခု Screenshot တွေ ပြထားပါတယ်။ သုံးစရာ Software နှစ်မျိုး ရှိပြီး တစ်ခုက Samsung Kies ဖြစ်ပြီ တစ်ခုက Phone Transfer ဖြစ်ပါတယ်။ Samsung Kies က Samsung ဖုန်းအချင်းချင်း Backup အဆင်ပြေပြေမယ့် အခြားအတွက် support ကောင်းကောင်း ပေးမပေး မသိပါ။ ဒါကြေင့်မို့ Android သမားတွေကလည်း Phone Transfer ကိုပဲ ပြန် refer လုပ်ကြပါတယ်။ Samsung to Samsung ဆိုရင် Kies က ကောင်းပါတယ်။
Kies ဆော့်ဖ်ဝဲ ဒေါင်းရန် –  http://www.samsung.com/us/kies/ 
PhoneTransferရယူရန်​  http://www.recovery-android.com/phone-transfer.html
လူတိုင်း လွယ်တကူ သုံးလို့ရအောင် ဖန်တီးပေးထားတဲ့ ကွန်ပြူတာ software တွေပါ။ ဖုန်း ဆော့်ဖ်ဝဲ မဟုတ်ပါဘူး။
ကိုယ် ဖုန်းအဟောင်းကို စွန့်မယ်ဆိုရင် Backup ဆိုတာကို ရွေးပြီး SMS, က အစ Backup လုပ်လို့ရ ပါတယ်။ Backup ပြီးရင် ဖုန်းအဟောင်းကို ကြိုးဖြုတ်ပြီး Setting ထဲကနေ Reset လုပ်လိုက်ရင် ဖုန်းက အသစ်တစ်လုံးလို ဖြစ်သွားပါပြီ။ အသစ်ဖြစ်သွားတယ်ဆိုတာ အတွင်းမှာ ကိုယ့် ဒေတာတွေ မကျန်တော့တာကို ပြောတာပါ။
ဒီတော့ ကိုယ့်ရဲ့ နောက်ထပ်ဖုန်းကို ရှိလာတဲ့အခါကျ ကွန်ပြူတာမှာ ထိုးပြီး ကိုယ့် Backup လုပ်ထားတဲ့ Software ကိုဖွင့် ပြီးတော့ အဲ့ဒီကနေ ကိုယ်ပြန်ယူချင်တဲ့ Data တွေကို အမှန်ခြစ် ခြစ်ပြီး Restore ဆိုတာကို နှိပ်ရုံပဲ ဖြစ်ပါတယ်

အဆင်​​ပြေပါ​စေ

4 comments:

ပဲခူးသား​လေး ကျွန်​​တော်​ said...

COC HACKပြီးသားက ​ဆော့လို့လည်းမရဘူးbro ပြင်
​ေ​ပးပါအံုးbro please.

ပဲခူးသား​လေး ကျွန်​​တော်​ said...

Gmail password ​ပြောင်းနည်း​လေး​ပြောပြ​ပေးပါ

ပဲခူးသား​လေး ကျွန်​​တော်​ said...

COC HACKပြီးသားက ​ဆော့လို့လည်းမရဘူးbro ပြင်
​ေ​ပးပါအံုးbro please

ပဲခူးသား​လေး ကျွန်​​တော်​ said...

Gmail password ​ပြောင်းနည်း​လေး​ပြောပြ​ပေးပါ

Post a Comment