ပြင်ဆင်ထားရမည့်အချက်များ
1# လိုအပ်သော Apk & Software များ ရှိပါစေ၊၊
ဥပမာ နည်းပညာ Posts တစ်ခုအတွက် Photo
Album Apk ပြုလုပ်လိုပါက မိမိ Photo
စုစုပေါင်းနဲ့ သင့်တော်မယ့် Photo Album
Apk တစ်ခုခု ရှာထားရမှာပါ၊၊ဒါက လွယ်ပါတယ်၊၊ဘေးပတ်ဝန်းကျင်မှာ Korea Model Photo Album Apk တွေအများကြီးပါဗျ၊၊စုထားပေါ့ဗျာ၊၊
တစ်ခြား Apk တွေလဲ အများကြီးပါဗျ၊၊
နောက်ပြီးတော့ Ringtones Apk ဖန်တီးချင်တာဆိုရင် Ringtones Apk မှန်သမျှ စုထားပေါ့ဗျာ၊၊ကိုယ်လုပ်မယ့် Apk မှာ ရှိမယ့် သီချင်းပုဒ်ရေနဲံ့ အဆင်ပြေအောင် သီချင်းလေးတွေဖြတ်ထားပေါ့ဗျာ၊၊
Song Album ဆိုလည်း သီချင်းလေးတွေရှာထားပေါ့ဗျာ၊၊
2# နောက်ခံPhotoတွေအတွက် အဆင်ပြေရာ Apk တစ်ခုခုနဲ့ လုပ်ထားပါ၊၊Photoတွေကို Picsay Pro နဲ့ပြင်တာ ကျွန်တော် အကြိုက်ဆုံးပါပဲ၊၊ကျွန်တော်သုံးတာပြောပြတာပါ၊၊
Screen Shoot ရိုက်၊၊Picsayနဲ့ရေး၊၊My Fileထဲမှာ Folder တစ်ခု ဖွဲ့ထားပြီး ရွေ့ထားပါ၊၊မိမိ Apk ရဲ့ icon ပုံတွေကို မိမိစိတ်ကြိုက်လုပ်ထားပါ၊၊အဲဒါတွေ အကုန်ပြင်ဆင်ပြီးမှ Apkကို ပြုလုပ်ရန် စတင်ပါခင်ဗျ၊၊
ကဲ ပထမဆုံး Photo Album Apk ပြုလုပ်နည်းနဲ့  စကြရအောင်
#အဆင့်(1)
မိမိဖုန်းရဲ့ My File (သို့)File Managerသို့ဝင်ပါ၊၊မိမိပြုလုပ်လိုသော Apk ကို Internal Store ထဲရွေ့ထားပါ၊၊
#အဆင့်(2)
Apk Editor Pro ထဲဝင်ပေးပါ၊၊Select an Apk Fileကိုနှိပ်ပါ၊၊စောစောက ရွေ့ထားတဲ့ Apk ကိုရှာပြီးရွေး နှိပ်ပါ၊၊
#အဆင့်(3)
အပေါ်ဆုံးက App Name နေရာမှာ ကိုယ်နှစ်သက်ရာ နာမည်ကိုပြောင်းဖို့အတွက် Boxကိုထိပြီး အရင်စာသားတွေကို ဖျက်ပြီးရေးပါ၊၊
အောက်နားက ကိုယ်ပြင်ချင်သောစာသားအချို့ပြောင်းလဲ ပြင်ဆင်ပေးပါ၊၊
#အဆင့်(4)
ရေးပြီးသွားရင် အပေါ်နားက Save ကို နှိပ်ပေးပါ၊၊Save မပေါ်ရင် အောက်နားက Resourceကို တစ်ချက်နှိပ်ပြီး အပေါ် ညာဘက်နားက Save ကို နှိပ်ပေးပါ၊၊
#အဆင့်(5)
Step 1 Composeလုပ်နေပြီး Step 2/2လုပ်ရင် Apk Name ပြောင်းတာ အောင်မြင်ပါပြီ။
#အဆင့်(6)
တစ်ကယ်လို့ Error တက်နေရင် ဖုန်းရဲ့ Setting ကိုဝင်၊App Manager ကိုဝင်ပြီး Apk Editor Pro ကို Clear Data လုပ်ပါ၊၊
#အဆင့်(7)
Apk Editor Pro ထဲထပ်ဝင်ပြီး အပေါ်က နည်းတွေအတိုင်း နာမည် ထပ်ပြောင်းပေးပါ၊၊
Error ထပ်တက်ရင် Setting ထဲဝင်ပြီး Clear Data ပြန်လုပ်ပါ၊၊
#အဆင့်(8)
နာမည်ပြောင်းတာမရလို့စိတ်မညစ်ပါနဲ့၊၊အမျိုးမျိုး ထပ်ပြောင်းရန် ကြိုးစားပါ၊၊ပြောင်းမရရင် နောက်ဆုံးနည်းလေးနဲ့ထပ်ပြောင်းပါ၊၊
#အဆင့်(9)
ဒီ နောက်ဆုံးနည်းက ဖုန်း Setting ထဲဝင် Apk Editor Pro ကို Clear Data လုပ်ပြီးရင် Apk Editor Pro ထဲဝင်ပြီး စောစောက ကိုယ်နာမည်ပြောင်းချင်တဲ့ Apk ကိုရွေးပြီး ဘာမှ မပြောင်းပဲ Save ပါ၊၊သူ့အလုပ်သူလုပ်သွားပါလိမ့်မယ်၊၊အောက်နားက Close ကိုနှိပ်ပြီး Apk Editor Pro မှ ထွက်ပါ၊၊
#အဆင့်(10)
Apk Editor Pro ထဲထပ်ဝင်ပါ၊၊Select an Apk File ကိုနှိပ်ပြီး Apk Editor ဖိုင်ထဲဝင်ပါ၊၊စောစောက ဘာနာမည်မှမပြောင်းဘဲ ထားတဲ့ Apk ကို တွေ့ရမှာပါ၊၊အဲဒီကောင်ကို နှိပ်ပြီး နာမည်ပြောင်းပါ၊၊ရသွားနိုင်ပါတယ်၊၊အမြဲတမ်းတော့မရပါ၊၊အာမမခံပါ၊၊ကျွန်တော်လဲ စမ်းသပ်ရင်း ပြောရတာပါ၊၊
#အဆင့်(11)
နာမည်ပြောင်းလို့ အဆင်ပြေသွားရင် Apk Editor Pro မှ ထွက်ပါ၊၊
#အဆင့်(12)
ဖုန်းရဲ့ My File or File Manager ထဲဝင်ပြီး Internal Store ထဲမှာ Apk Editor ဖိုင်ရှိပါတယ်၊၊ဖိုင်ထဲဝင်ပြီး နာမည်ပြောင်းထားတဲ့ Apkကို Internal Store ထဲကို Copy ထပ်ယူပါ။ပြီးရင် My Fileမှ ထွက်ပါ။
#အဆင့်(13)
Apk Master King Apkထဲဝင်ပါ။
#အဆင့်(14)
အောက်နားထိ ရွှေ့သွားပြီး စောစောက ကိုယ်နာမည်ပြောင်းထားတဲ့ Apkကိုနှိပ်ပါ။
#အဆင့်(15)
res ဆိုတဲ့ဖိုင်ထဲဝင်ပါ။
#အဆင့်(16)
drawable ဖိုင်ထဲဝင်ပါ၊၊
#အဆင့်(17)
Apk ရဲ့ မျက်နှာပြင်ပုံကို ပြောင်းဖို့အတွက် icon ပုံကိုရှာပါ၊၊တွေ့ရင် ဖိုင်ကို ၂စက္ကန့်လောက်ဖိထားပါ၊၊
#အဆင့်(18)
နှစ်သက်ရာဖိုင်တစ်ခုခုသို့ ဆွဲထုတ်ရန်
အစားထိုး လဲလှယ်ဲပစ်ရန် ဆိုပြီးပေါ်လာပါမယ်၊၊အစားထိုးလဲပြစ်ရန်ကို နှိပ်လိုက်ပါ၊၊
#အဆင့်(19)
Fileတွေတွေ့ရမှာပါ၊၊ကိုယ်ပြုလုပ်ထားတဲ့ ဖိုင်ထဲကPhoto ကိုရွေးပြီးပေးလိုက်ပါ၊၊
#အဆင့်(20)
အစားထိုး လဲလှယ်နေစဉ် ခဏစောင့်ပါ၊၊ပြီးရင် icon ပြောင်းသွားပါလိမ့်မယ်၊အဲဒီထဲမှာ ပြောင်းချင်တာရှိရင် ဒီနည်းအတိုင်း ပြောင်းနိုင်ပါတယ်၊၊
#အဆင့်(21)
Drawable hdpi ထဲဝင်ပါ၊၊အဲဒီထဲက ပုံတွေကို ကိုယ်ပြောင်းချင်သော အဆင့်လိုက် တစ်ပုံချင်း အစားထိုးလဲလှယ် ပြောင်းပစ်ပါ၊၊
#အဆင့်(22)
အခြား drawable တွေထဲဝင်ပြီး ကိုယ်ပြောင်းလိုရာကို အစားထိုးလဲလှယ်ပြီး ပြောင်းပစ်ပါ၊၊
#အဆင့်(23)
drawable ဖိုင်တွေ အောက်နားက raw ဖိုင်လေးကို ရှာပြီး နှိပ်ပေးပါ၊၊အဲဒီထဲမှာ ကိုယ်ထည့်ချင်သော သီချင်း သို့ ringtone တွေကို ထည့်ရမှာပါဗျ
#အဆင့်(24)
ကိုယ်က သပ်သပ် My File ထဲမှာ ဖိုင်တစ်ခုနဲ့ Ringtone နဲ့သီချင်းတွေစုထားရင်ကောင်းတာပေါ့ဗျာ၊၊လုပ်ရတာမြန်တာပေါ့
.mp3နဲ့ဆုံးတဲ့ဖိုင်လေးကို လက်နဲ့ နှစ်က္ကန့်လောက် ဖိထားပေးပါ
နှစ်သက်ရာဖိုင်တစ်ခုခုသို့ဆွဲထုတ်ရန်
အစားထိုးလဲလှယ်ပစ်ရန်ဆိုပြီး
ပေါ်လာပါ့မယ်၊၊အစားထိုးလဲလှယ်ပစ်ရန်ကို နှိပ်ပြီးဟိုဘက် My File ထဲက Ringtone & သီချင်းကို ထည့်ပေးပါခင်ဗျ၊၊
အစားထိုးလဲလှယ်နေစဉ် ခဏစောင့်ပေးပါ
#အဆင့်(25)
ဒီလိုပဲ အောက်က mp3 ဖိုင်တွေကို တစ်ခုပြီးပြီးတစ်ခု အဆင့်(24)က ပြောထားတဲ့အတိုင်း လဲလှယ်ပေးလိုက်ပါခင်ဗျ၊၊
#အဆင့်(26)
အားလုံးပြီးသွားရင် Apk Master King မှထွက်ပါ
#အဆင့်(27)
Myfile ကိုသွားပြီး စောစောက ပြင်ထားတဲ့ Apk ကို install လုပ်ပါ၊၊
ဖွင့်ကြည့်ပါ၊၊လိုအပ်ချက်များကြည့်ပါ၊၊
လိုအပ်ချက်ရှိနေရင် ပြန်ပြင်ပါ၊၊
စိတ်ကြိုက်ဖြစ်သွားရင် ok ပေါ့ဗျာ
လိုအပ်သော Apk နှစ်မျိုး
Apk Editor Pro downရန်
့ https://my.pcloud.com/publink/show?code=BNa
Apk Master King(ဆော့ဝဲဘုရင်၊MS Apk Editor Pro တို့နဲ့အတူတူပါခင်ဗျ၊၊မြန်မာမှုထပ်ပြုထားတာပါဗျ
https://my.pcloud.com/publink/show?code=iAa
အဆင်ပြေပါစေ
0 comments:
Post a Comment