Wednesday, December 3
Motion Shot (Camera Crazy တွေအတွက် အရမ်းလန်းတဲ့ Camera လေး)
Android Camera App လေးပါ။ တော်တော်လေး
ကောင်းတယ်။ Motion Shot ရဲ့ သဘောကို ပြောရရင် လှုပ်ရှားမှု ပုံရိပ်များကို တူညီသော Background တစ်ခုထဲတွင် လှုပ်ရှားသွားသည့်အတိုင်း အသေးစိတ် ရိုက်ကူးသွားတယ်။ ဥပမာ ..
လူတစ်ယောက် ပြေးနေရင် ကင်မရာ frame ထဲတွင် သူပြေးတဲ့အတိုင်း ကိုယ်ပွားများဖြင့် background တစ်ခုထဲတွင် အသေးစိတ် ရိုက်ကူး ဖော်ပြခြင်းကို Motion Shot ရိုက်တယ်ဟု ဆိုလိုပါတယ်။
S4 နှင့် အခြား မော်ဒယ်မြင့် ဖုန်းတွေမှာ Motion Shot function ဟာ built in ပါရှိပါတယ်။
ရိုက်ကူးပုံမှာ ကင်မရာကို မြင်ကွင်းတစ်ခုအား အသေထားပြီး ရိုက်ကူးရပါမယ်။ ရိုက်ကူးနေစဉ် ကင်မရာကို လှုပ်လို့မရပါဘူး။
တည်ငြိမ်စွာ ကိုင်ထားရပါမယ်။ ကင်မရာမြင်ကွင်းထဲတွင် လှုပ်ရှားမှုများ
ကြိုက်သလို ပြုလုပ်နိုင်ပါတယ်။ ပြေးတာ၊ ကတာ၊ ခုန်ပေါက်တာ .. စသဖြင့် စိတ်ကူးရှိသလို ဓါတ်ပုံရိုက်ခံရသူမှာ ပြုလုပ်နိုင်ပါတယ်။ screen ပေါ် ပထမဆုံး တစ်ကြိမ် နှိပ်လိုက်ပါ။ focus ပြတ်သားဖို့အတွက်ဖြစ်ပါတယ်။ ဒုတိယတစ်ကြိမ် နှိပ်ရင်တော့ ရိုက်ကူးနေပါပြီ။ ပြီးရင်တော့
ရေလည်လန်းတဲ့ Motion Shot ပုံရိပ်များကို မြင်တွေ့ရမှာဖြစ်ပါတယ်။
လှုပ်ရှားမှု ပုံရိပ် အနည်းအများကိုလဲ အတိုးလျော့ လုပ်နိုင်တာဖြစ်လို့ လန်းတယ်ဗျာ။ 
 Android 4.0.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါပြီး။။
အဆင်​​ပြေပါ​စေ
0 comments:
Post a Comment