Friday, December 12

Google Translate တွင် မြန်မာဘာသာကိုရရှိ

တ
ကမ္ဘာကျော် နည်းပညာ လုပ်ငန်းစုကြီးဖြစ်သည့် Google က ၎င်းတို့၏ ဘာသာပြန် ဝန်ဆောင်မှုဖြစ်သည့် Google Translate တွင် မြန်မာဘာသာကို စတင်ထည့်သွင်း ထောက်ပံ့ပေးလိုက်ကြောင်း သတင်းရရှိသည်။
Google Translate တွင် အထောက်အပံ့ ပေးနိုင်မည့် နောက်ထပ် ဘာသာစကား (၁၀)မျိုးကို ထပ်မံထည့်သွင်းပေးလိုက်ကြောင်း Google က ကြေညာလိုက်ပြီး ယင်းလုပ်ဆောင်မှုကြောင့် ကမ္ဘာ့လူဦးရေ သန်း(၂၀၀)ခန့်သည် မိမိတို့၏ မိခင်ဘာသာစကားများကို အသုံးပြုပြီး ဘာသာပြန်ဆိုမှုများ လုပ်ဆောင်လာနိုင်မည်ဟု ဆိုသည်။
Google Translate အတွက် ထပ်မံဖြည့်တင်းပေးလိုက်သည့် ဘာသာစကား (၁၀)မျိုးမှာ ချီချီဝါ၊ မာလာဂါစီ၊ ဆီဆိုသို၊ မလေယာလမ်၊ မြန်မာ၊ ဆင်ဟာလာ၊ ဆူဒန်၊ ကာဇက်စတန်၊ တာဂျစ်စတန်နှင့် ဥဇဘက်ကစ္စတန်တို့အတွက် ဖြစ်ကြောင်း သိရသည်။
Google Translate တွင် လက်ရှိ လူသုံးများသော ဇော်ဂျီဖောင့် စနစ်ကို အထောက်အပံ့ ပေးနိုင်ပြီး ကနဦး အခြေအနေများအရ ဘာသာပြန်ဆိုမှုတွင် စာစီရေးသားမှု မပြေပြစ်မှုအချို့ ရှိနေဆဲ ဖြစ်သည်ကို တွေ့ရသည်။
Google Translate တွင် နောက်ထပ် ဘာသာစကား (၁၀)မျိုးကို ထည့်သွင်းပေးလိုက်ခြင်းကြောင့် ယခုအခါ အဆိုပါ ဝန်ဆောင်မှု၌ အကျုံးဝင် အသုံးပြုနိုင်သည့် ဘာသာစကား အရေအတွက် (၉၀)ကျော်ထိ ရှိလာပြီ ဖြစ်သည်။

Credit...လမင်းမြတ် - သတင်းနှင့်နည်းပညာ




Dမှာရယူပါ

0 comments:

Post a Comment