Tuesday, August 12

Android ဖုန်းတွေအတွက် အဝေးကနေ message ပို့ပြီးကိုယ့်ရဲ့ smartphone ဖုန်းကို လှမ်းပိတ် လို့ရနိုင်မယ့် Remote Turn Off app ကိုစမ်းကြည့် ကြပါဦး

အဝေးကနေပြီး ကိုယ့်ရဲ့ စက်ပစ္စည်းတွေကို ထိန်းချုပ်နိုင်စွမ်း ရှိတာဟာ နေ့စဉ်နဲ့ အလုပ်လုပ် နေတဲ့သူတွေ အတွက် တန်ဖိုးမဖြတ် နိုင်တဲ့အရာ တစ်ခုပါ။ remote desktop apps တွေရဲ့ လုပ်ဆောင်နိုင်စွမ်း တွေက အများကြီး ရှိပေမယ့် တစ်ခါတစ်လေ မှာတော့ အခြေခံ အကျဆုံး လုပ်ဆောင်ချက် တွေကိုလည်း မေ့မထား သင့်ပါဘူး။

XDA-Developers ရဲ့အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ RavinduSha က Android ဖုန်းတွေ အတွက် အခြေခံ အကျဆုံး လုပ်ဆောင်ချက် တစ်ခုဖြစ်တဲ့ အဝေးကနေ ကိုယ့်ဖုန်းကို message ပို့ပြီး လှမ်းပိတ်လို့ ရမယ့် လုပ်ဆောင်ချက် တစ်ခုကို ပြုလုပ်ခဲ့ ပါတယ်။ Smartphones တွေကို ကိုယ်နဲ့မကွာ ဆောင်ထားတတ် ကြပေမယ့် တစ်ခါတစ်လေ အလုပ်မှပဲ ဖြစ်ဖြစ် ဖုန်းကျန်ခဲ့ တာမျိုးတွေ ဖြစ်ပြီး နောက်တစ်နေ့ထိ ဘယ်လိုမှ ပြန်ယူလို့ မရတဲ့ အခြေအနေ မျိုးမှာဆိုရင် RavinduSha ရဲ့ app Remote Turn Off ကသင့်ကို သင့်ရဲ့ဖုန်းကို အဝေးက လှမ်းပိတ်လို့ ရအောင် ပြုလုပ် ပေးနိုင်မှာ ဖြစ်ပြီး သင့်ရဲ့ အဖိုးတန် လှတဲ့ ဘတ္ထရီကို အလဟဿ ကုန်သွားတာမျိုး မဖြစ်အောင် ကာကွယ်ပေး နိုင်မှာပါ။ ဒီလို လက်တွေ့ကျတဲ့ အသုံးဝင်တဲ့ အပြင် တစ်ခါတစ်လေ သူငယ်ချင်းတွေကို အပျော်အပျက် စနောက်တဲ့ အခါမှာလည်း သုံးနိုင်ပါတယ်။ ကိုယ့်သူငယ်ချင်းက ကိုယ့်ဖုန်းကို ၀င်မွှေနေတဲ့ အခါမျိုးတွေမှာ ဆိုရင်ဒီ app ကိုသုံးပြီး message ပို့ပြီး လှမ်းပိတ်လို့ ရတဲ့အပြင် မသိရင် ဗိုင်းရပ်စ်ကြောင့် ဖုန်းက force shutdown ဖြစ်သွားလို့၊ ဖုန်းက ကြောင်သွားတာ စသဖြင့် ပုံပြင်တွေ ဖန်တီးလို့ ရပါတယ်။

Remote Turn Off ကိုသုံးရတာ လွယ်ကူပါတယ်။ သူ့ကို run ဖို့ဆိုရင် root လုပ်ထားဖို့ လိုအပ်ပါမယ်။ နောက်သူရဲ့ zip file ကိုသွင်းပြီး၊ လိုအပ်တဲ့ permissions တွေကို ပေးလိုက်ပြီးရင် သုံးဖို့ အဆင်သင့် ဖြစ်သွားပါပြီ။ စသုံးတော့မယ် ဆိုရင် power#off ဆိုတဲ့ message လေးကို ဘယ်ဖုန်းကနေ မဆို ကိုယ့်ဖုန်းထဲကို ပို့လိုက်ရုံပါပဲ။ ပထမဆုံး အကြိမ်မှာတော့ root access ကိုပေးဖို့လိုအပ် ပါတယ်။ ဒီ keyword "power#off" ကိုပြောင်းလဲ ပစ်လို့မရပါဘူး။ app ကနောက်ကွယ် background မှာပဲ run လုပ်သွားမှာ ဆိုတော့ ဘာသဲလွန်စ မှပေါ်မှာ မဟုတ်ပါဘူး။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက အခမဲ့ ရတဲ့ app ဆိုတော့ စမ်းကြည့် ကြပါဦး။ ဒီ app ကိုပြုလုပ်တဲ့ RavinduSha ကသူဟာ developer တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒီ app သူ့တစ်ဦးတစ်ယောက် သုံးဖို့အတွက် ပြုလုပ်ခဲ့ တာဖြစ်ပြီး error တွေဘာတွေ ရှိနိုင်ပေမယ့် ခုချိန်ထိတော့ ဘာ error မှမတွေ့သေးဘူးလို့ ဆိုပါတယ်။

QR Code Scan ဖတ်ပြီး Download လုပ်နိုင်ပါတယ်။

Source and Images from - Redmondpie, XDevelopers
Android ဖုန်းတွေအတွက် အဝေးကနေ message ပို့ပြီးကိုယ့်ရဲ့ smartphone ဖုန်းကို လှမ်းပိတ် လို့ရနိုင်မယ့် Remote Turn Off app ကိုစမ်းကြည့် ကြပါဦး။ အဝေးကနေပြီး ကိုယ့်ရဲ့ စက်ပစ္စည်းတွေကို ထိန်းချုပ်နိုင်စွမ်း ရှိတာဟာ နေ့စဉ်နဲ့ အလုပ်လုပ် နေတဲ့သူတွေ အတွက် တန်ဖိုးမဖြတ် နိုင်တဲ့အရာ တစ်ခုပါ။ remote desktop apps တွေရဲ့ လုပ်ဆောင်နိုင်စွမ်း တွေက အများကြီး ရှိပေမယ့် တစ်ခါတစ်လေ မှာတော့ အခြေခံ အကျဆုံး လုပ်ဆောင်ချက် တွေကိုလည်း မေ့မထား သင့်ပါဘူး။ XDA-Developers ရဲ့အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ RavinduSha က Android ဖုန်းတွေ အတွက် အခြေခံ အကျဆုံး လုပ်ဆောင်ချက် တစ်ခုဖြစ်တဲ့ အဝေးကနေ ကိုယ့်ဖုန်းကို message ပို့ပြီး လှမ်းပိတ်လို့ ရမယ့် လုပ်ဆောင်ချက် တစ်ခုကို ပြုလုပ်ခဲ့ ပါတယ်။ Smartphones တွေကို ကိုယ်နဲ့မကွာ ဆောင်ထားတတ် ကြပေမယ့် တစ်ခါတစ်လေ အလုပ်မှပဲ ဖြစ်ဖြစ် ဖုန်းကျန်ခဲ့ တာမျိုးတွေ ဖြစ်ပြီး နောက်တစ်နေ့ထိ ဘယ်လိုမှ ပြန်ယူလို့ မရတဲ့ အခြေအနေ မျိုးမှာဆိုရင် RavinduSha ရဲ့ app Remote Turn Off ကသင့်ကို သင့်ရဲ့ဖုန်းကို အဝေးက လှမ်းပိတ်လို့ ရအောင် ပြုလုပ် ပေးနိုင်မှာ ဖြစ်ပြီး သင့်ရဲ့ အဖိုးတန် လှတဲ့ ဘတ္ထရီကို အလဟဿ ကုန်သွားတာမျိုး မဖြစ်အောင် ကာကွယ်ပေး နိုင်မှာပါ။ ဒီလို လက်တွေ့ကျတဲ့ အသုံးဝင်တဲ့ အပြင် တစ်ခါတစ်လေ သူငယ်ချင်းတွေကို အပျော်အပျက် စနောက်တဲ့ အခါမှာလည်း သုံးနိုင်ပါတယ်။ ကိုယ့်သူငယ်ချင်းက ကိုယ့်ဖုန်းကို ၀င်မွှေနေတဲ့ အခါမျိုးတွေမှာ ဆိုရင်ဒီ app ကိုသုံးပြီး message ပို့ပြီး လှမ်းပိတ်လို့ ရတဲ့အပြင် မသိရင် ဗိုင်းရပ်စ်ကြောင့် ဖုန်းက force shutdown ဖြစ်သွားလို့၊ ဖုန်းက ကြောင်သွားတာ စသဖြင့် ပုံပြင်တွေ ဖန်တီးလို့ ရပါတယ်။ Remote Turn Off ကိုသုံးရတာ လွယ်ကူပါတယ်။ သူ့ကို run ဖို့ဆိုရင် root လုပ်ထားဖို့ လိုအပ်ပါမယ်။ နောက်သူရဲ့ zip file ကိုသွင်းပြီး၊ လိုအပ်တဲ့ permissions တွေကို ပေးလိုက်ပြီးရင် သုံးဖို့ အဆင်သင့် ဖြစ်သွားပါပြီ။ စသုံးတော့မယ် ဆိုရင် power#off ဆိုတဲ့ message လေးကို ဘယ်ဖုန်းကနေ မဆို ကိုယ့်ဖုန်းထဲကို ပို့လိုက်ရုံပါပဲ။ ပထမဆုံး အကြိမ်မှာတော့ root access ကိုပေးဖို့လိုအပ် ပါတယ်။ ဒီ keyword "power#off" ကိုပြောင်းလဲ ပစ်လို့မရပါဘူး။ app ကနောက်ကွယ် background မှာပဲ run လုပ်သွားမှာ ဆိုတော့ ဘာသဲလွန်စ မှပေါ်မှာ မဟုတ်ပါဘူး။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက အခမဲ့ ရတဲ့ app ဆိုတော့ စမ်းကြည့် ကြပါဦး။ ဒီ app ကိုပြုလုပ်တဲ့ RavinduSha ကသူဟာ developer တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒီ app သူ့တစ်ဦးတစ်ယောက် သုံးဖို့အတွက် ပြုလုပ်ခဲ့ တာဖြစ်ပြီး error တွေဘာတွေ ရှိနိုင်ပေမယ့် ခုချိန်ထိတော့ ဘာ error မှမတွေ့သေးဘူးလို့ ဆိုပါတယ်။ QR Code Scan ဖတ်ပြီး Download လုပ်နိုင်ပါတယ်။ Source and Images from - Redmondpie, XDevelopers

Htet Naing ရေးသားသ

ူ http://forum.xda-developers.com/showthread.php?t=2207126 


အဆင်​​ပြေပါ​စေ

0 comments:

Post a Comment