Monday, August 18

Android About - Edit ပြင်ဆင် ရေးသားချင်သူများအတွက် ( Root

About ထဲက Menu စာသားတွေကို ပုံတွင်မြင်ရသည့်အတိုင်း မိမိကြိုက်ရာစာသားများ ရေးသားဖော်ပြချင်သူများအတွက်ပါ ။
တစ်ချို့ကသိပြီးသားရှိသလို မသိသေးတဲ့သူများအတွက် ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ် ။

မှတ်ချက်  ။  ။  ထိုသို့ပြုလုပ်နိုင်ရန် မိမိဖုန်းမှာ Root ရှိထားဖို့ လိုအပ်ပါတယ် :)

System ထဲကို ဝင်ရောက်ပြင်ဆင်ရန် Root Explorer ဆော့ဝဲကို ဖွင့်လိုက်ပြီး System ဆိုတဲ့အထဲကို ဝင်လိုက်ပါ ။

အရမ်းကိုလွယ်ကူပါတယ် ပုံမှာပြထားတဲ့အတိုင်း build.prop ဆိုတဲ့ ဖိုင်အဖြူလေးကို ဖိထားပြီး
Open With >>> Text Editor >>> ဝင်လိုက်ပြီး မိမိကြိုက်ရာ စာသားကို ပြောင်းလဲထည့်သွင်းရေးသားနိုင်ပါပြီ :)

ရေသားပြီးရင် Save လုပ်ပေးလိုက်ယုံပါပဲ ။ ပြီးရင် ထိုဖိုင်လေးကို ဖွင့်ကြည့်လိုက်ပါ ကိုယ်ရေးထားတာမရှိသေးရင် သေချာပြန်ရေးပြီး Save ပြန်လုပ်ပေးလိုက်ပါ ။

ပြီးရင် ထိုဖိုင်လေးမှာ rw - r - r အနေထားတိုင်းရှိနေရပါမယ် ။ အကယ်၍ပြောင်းသွားတယ်ဆိုရင် rw - r - r ပြန်ပေးလိုက်ပါ ။

အဆင်ပြေပြီးဆို ဖုန်းကိုပိတ်ပြီး ပြန်ဖွင့်လိုက်ပါ ။ အဆင်ပြေစွာ ပြောင်းလဲသွားတာကို သင်မြင်တွေ့ရပါမယ် :) 

အောက်မှာ ပုံနှင့်တကွပြသထားသလို Root Explorer Pro ဆော့ဝဲကိုလိုချင်သူများလဲ အောက်မှာဒေါင်းယူပါ :

Root-explorer.apk 

credit >> DjjoeMan(MMF)

အဆင်​​ပြေပါ​စေ


အဆင်​​ပြေပါ​စေ

0 comments:

Post a Comment