Sunday, July 27

Snapchat 4.1.01 APK for Android ကိုယ်ပို့လိုက်တဲ့ မက်ဆေ့ခ်ျတွေကို လက်ခံရရှိတဲ့သူဆီမှာ အလိုအလျောက်ဖျက်ပေးနိုင်တဲ့ messaging app တစ်ခုဖြစ်ပါတယ်

 Android ဖုန်းအသုံးပြုသူတွေအတွက် ဆော့ဝဲအလန်းလေးဖြစ်တဲ့ Snapchat for Android နဲ့မိတ်ဆက်ပေးချင်ပါတယ်။ Snapchat ကတော့ ကိုယ်ပို့လိုက်တဲ့ မက်ဆေ့ခ်ျတွေကို လက်ခံရရှိတဲ့သူဆီမှာ အလိုအလျောက်ဖျက်ပေးနိုင်တဲ့ messaging app တစ်ခုဖြစ်ပါတယ်။ သင်က သင့်ရဲ့သူငယ်ချင်းတစ်ယောက်ဆီ မက်ဆေ့ခ်ျပို့လိုက်ပြီး သင့်ရဲ့သူငယ်ချင်းက မက်ဆေ့ခ်ျကိုဖတ်ပြီးတဲ့အချိန်မှာ မက်ဆေ့ခ်ျဟာ သူ့အလိုလိုဖျက်ပစ်ပြီးသားဖြစ်နေမှာပါ။ အသုံးပြုသူရဲ့ privacy ကိုကာ ကွယ်ပေးနိုင်ဖို့အတွက် အထူးရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ မက်ဆေ့ခ်ျအပို့ခံရတဲ့သူငယ်ချင်းက ဒီမက်ဆေ့ခ်ျကို ဘယ်လောက်ထိကြာကြာဖတ်ခွင့်ရနိုင်လဲဆိုတာကို အချိန်သတ်မှတ်ပေးနိုင်ပါတယ်။ ၁၀ စက္ကန့်အထိအချိန်သတ်မှတ်ပေးနိုင် ပါတယ်။ မက်ဆေ့ခ်ျကို အလိုအလျောက်မဖျက်ပစ်ခင် မက်ဆေ့ခ်ျလက်ခံရရှိသူမှာ မက်ဆေ့ခ်ျကိုဖတ်ဖို့ ၁၀ စက္ကန့်အချိန် ရမှာ ဖြစ်ပါတယ်။ ၁၀ စက္ကန့်အတွင်းမဖတ်ပါက မက်ဆေ့ခ်ျကိုဖတ်လိုက်နိုင်မှာမဟုတ်ပါဘူး။ တကယ်လို့ မက်ဆေ့ခ်ျလက်ခံ ရရှိသူ က သင့်ရဲ့မက်ဆေ့ခ်ျကို screenshot ရိုက်ထားတယ်ဆိုရင် သင့်ဆီကို တစ်ဖက်လူကမက်ဆေ့ခ်ျ screenshot ရိုက်ထား တယ်ဆိုတဲ့အကြောင်း အသိပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ app ကိုအသုံးပြုပြီး သင့်ရဲ့မက်ဆေ့ခ်ျကို ဘယ်သူက ဘယ် လောက်ထိ အလေးထားလဲဆိုတာကိုသိရှိနိုင်ပြီး ကိုယ့်ရဲ့သူငယ်ချင်းကောင်းကိုပါရွေးထုတ်ရှာဖွေနိုင်ပါလိမ့်မယ်။ အသုံးပြု မယ်ဆိုရင် snapchat ထဲဝင်ပြီး မက်ဆေ့ခ်ျရိုက်ပါ၊ ပြီးရင်အချိန်သတ်မှတ်ပေးပြီးပို့လိုက်ပါ။ သင့်ရဲ့ သူငယ်ချင်းက ၁၀ စက္ကန့် အတွင်း မက်ဆေ့ခ်ျကိုဖတ်ပြီးတာနဲ့ သူ့အလိုလိုပျောက်သွားပါလိမ့်မယ်။ ဒီလိုဖတ်ပြီးပျောက်သွားတဲ့စနစ်ဖြစ်တာကြောင့် လျှို့ ၀ှက်အကြောင်းအရာတွေရေးထားတဲ့ မက်ဆေ့ခ်ျဖြစ်ပါက လုံခြုံရေးအတွက်စိတ်ချရပါတယ်။ အသုံးပြုချင်တယ်ဆိုရင်တော့ Android 2.2 နဲ့အထက်ဖုန်းတွေမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်

 DowliadHere 


 Dowloadlink 

Credit>>service by Art


အဆင်​​ပြေပါ​စေ

0 comments:

Post a Comment