Friday, July 25
♪ Notification များကို Lockscreen မှာ Remind လုပ်ပေးမယ့် Echo Notification Lockscreen v0.8.18 Ap
Notification များဟာ Android ရဲ့ အဓိက အစိတ်အပိုင်းဖြစ်ပေမယ့် Android ရဲ့ Notification System ဟာ လိုအပ်ချက်များရှိနေပါတယ်။ Echo Notification Lockscreen က Lock Screen မှာ Notification များကို အမျိုးအစားခွဲခြား ပြသပေးနိုင်တဲ့ အပြင် အခြား စွမ်းဆောင်ချက်များပါရှိပါတယ်။ Echo ဟာ အရေးကြီးတဲ့ ဒါမှမဟုတ် နောက်ပိုင်းမှာ ပြန်လည်ဖတ်ရှုချင်တဲ့ Notification များကို ခနတာ ဖျက်ပေးပြီး နောက်ပိုင်းမှာ ပြန် လည်သတိပေးနိုင်ပါတယ်။ Echo ကို အင်စတောလုပ်ပြီးရင် ဖွင့်ပါ။ Get started ကို နှိပ်ပြီး Enable Echo Lockscreen မှာ OK ကို နှိပ်ပါ။
ပြီးရင်တော့ Notification တွေကို Lock Screen မှာ မြင်တွေ့နိုင်ပါပြီ။ Lock Screen မှာ Notification များနဲ့အတူ အချိန်၊ လ၊ နေ့ရက်နဲ့ ဘက်ထရီ သက်တမ်းကိုလည်း ပြသပေးထားပါတယ်။ Echo က Notification များကို ကဏ္ဍသုံးခုခွဲခြားပြသပေးထားပါတယ်။ Missed Calls, Emails နဲ့ Text Messages များကို Priority ကဏ္ဍအောက်မှာ ပြသပေးမှာပါ။ Facebook, Twitter, LinkedIn တို့ကို Social အောက်မှာ ပြသပေးမှာပါ။ အခြား Notification များကို Others အောက်မှာ ပြသပေးမှာ ဖြစ်ပါတယ်။ App က ဘယ်လို Notification ကို ဘယ်ကဏ္ဍအောက်မှာ ပြသပေးရမယ်ဆိုတာကို သတ်မှတ်ခွင့် မပြုထားဘဲ အလိုအလျှောက် စီမံခန့်ခွဲပေး တာပါ။ ဥပမာ အားဖြင့် Facebook Notification အချို့ကို Priority အောက်မှာပြသထားတာကို တွေ့ရပါတယ်။ Echo ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ချက်တစ်ခုက Notification များကို ခနတာ ဖျက်ပစ်နိုင်ပြီး တစ်နာရီကြာမှ သို့မဟုတ် မနက်ကျမှ သို့မဟုတ် နောက်နေ့ကျမှ စသဖြင့် အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ ပြန်လည် သတိပေးနိုင်တာဖြစ်ပါတယ်။ နောက်တစ်ခုက အိမ်မှ ၀ိုင်ဖိုင် သို့မဟုတ် အလုပ်မှ ၀ိုင်ဖိုင် ကို အသုံးပြုတဲ့ အချိန်မှ Notification များကို ပြန်လည် သတိပေးနိုင်ပါတယ်။ ဒီိလို သတိပေးနိုင်ဖို့အတွက် Notification တစ်ခုကို ညာဘက်ကို ပွတ်ဆွဲရမှာဖြစ်ပါတယ်။ ဒါဆိုရင် Echo back this notification ဆိုတဲ့ Screen ကျလာ မှာဖြစ်ပြီး အပေါ်မှာ ဖော်ပြထားသလို အချိန် သို့မဟုတ် တည်နေရာကို သတ်မှတ်နိုင်ပါတယ်။
Echo ကို ဖွင့်ပြီး Settings များ သတ်မှတ်နိုင်ပါတယ်။ Echo ကို အသုံးမပြုချင်ရင် Use Echo Lock Screen မှာ အမှန်ခြစ်ကို ဖြုတ်ပေးပါ။ Home နဲ့ Work ကို နှိပ်ပြီး Home WiFi , Work WiFi များ သတ်မှတ်နိုင်ပါတယ်။ Wallpaper ကို သင်နှစ်သက်ရာ သတ်မှတ်ဖို့ Set Wallpaper ကို နှိပ်ပါ။
Echo ဟာ Android Lock Screen မှာ Notification များကို ကြည့်ရှုချင်သူများအတွက် အသုံးဝင်ပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့ Notification များကို ပြန်လည် သတိပေးနိုင်ပါတယ်။
အဆင်​​ပြေပါ​စေ
0 comments:
Post a Comment