Wednesday, July 16

ဗိုလ်​ချုပ်​​အောင်​ဆန်း၏ကိုယ်​တိုင်​​ရေးကဗျာ


ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေး ကဗျာ ငါ့အား....... ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ယံ ၊ ယင်းမှောင်မိုက် အတွင်းမှနေပြီး အနိုင်မခံ ၊ အရှုံးမပေးလိုသော ငါ့စိတ်ကို ဖန်ဆင်းပေးသူ နတ် ၊ သိကြားတို.အား ငါသည် ကျေးဇူးစကားဆိုပါ၏။ လောကဓံတရား၏ လက်ခုပ်တွင်းသို. ဘယ်လိုပင်ကျရောက်စေကာမူ ငါကား မတုန်လှုပ် ၊ မငိုကြွေး ကံတရား၏ ၊ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို.ဖြင့် ရဲရဲနီနေ၏ သို.သော် ညွှတ်ကား ၊ မညွှတ် ။ လောဘ ၊ ဒေါသ တို.၏ ကြီးစိုးရာ ဌာန၏  အခြားမဲ့ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်နေ၏ ။ သို.ပင်မူ  ငါ့အား မတုန်မလှုပ်သည်ကိုသာ တွေ.ရအံ့ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ.ရပေအံ့

0 comments:

Post a Comment