Sunday, July 13

သီချင်းတွေကို စာတန်းထိုးကြည့်မယ်.

ဒီတစ်ခါ online ပေးမဲ့ဆော့လ်ဝဲလေးက သီချင်းတွေကိုစာတန်းထိုးတဲ့ဆော့လ်ဝဲ (Divxland Media Subtitler)
လေးပါ..သူငယ်ချင်း အိမ်မက်ကောင်းကင်က တောင်းဆိုထားလို. ဒီနေ.မှပဲတင်ပေးလိုက်ပါတယ်နော်..online
လဲအစကတော့ သီချင်းတွေစာတန်းဘယ်လိုထိုးသလဲ ဆိုတာကိုစိတ်ဝင်စားခဲ့တယ်..သိလဲသိချင်ခဲ့ပါတယ်..
ဒီနေ.အချိန်နည်းနည်းယူပြီး ရှာတော့မှ divxland ရဲ.လက်စွမ်းတစ်ခုဖြစ်တဲ့ Media Subtitler လေးကိုတွေ.ခဲ့တာပါ..တခြားဆော့လ်ဝဲလေးတွေလည်းရှိပါတယ်..ဒါပေမဲ့လုပ်ရတာအရမ်းလက်ဝင်ပါတယ်..
စာသားနဲ.အသံကိုက်အောင်လုပ်ရတာတို.၊အသံအတိုင်းစာသားကိုhighlightဖောက်ပေးတာတို.ပေါ့..
အရမ်းအချိန်ပေးရပါတယ်..ဒါကြောင့်အခုဆော့လ်ဝဲလေးကိုonlineရွေးပြီးတင်ပေးလိုက်တာပါ...ဒီကောင်လေးက အရမ်းလွယ်ပါတယ်..ဒါပေမဲ့ ဒီကောင်က စာတန်းထိုးရုံသက်သက်နဲ...highlight ဖောက်လို.မရဘူးထင်ပါတယ်..online  လဲမအားသေးလို.သေချာမစမ်းကြည့်ရသေးပါဘူး..
အဆင်မပြေရင်တော့ ကွန်မန်းပေးခဲ့ကြပါ..online သေချာစမ်းပေးပါမယ်....လုပ်ပုံလုပ်နည်းကိုအကြမ်းလေးပြောပြပေးမယ်နော်..
 စလုပ်ဖို့အတွက် Notepad ထဲမှာသီချင်းစာသားတွေကို ဖြတ်တောက်ပြီး တစ်ကြောင်းချင်း ရိုက်ထည့်ရပါမယ်... ပြီးရင်တစ်နေရာမှာ သိမ်းလိုက်ပါ... နောက် Divxland Media Subtitler ကို ဖွင့်ပြီး
မိမိစာသားထည့်မယ့် Video ဖိုင်ကို ဖွင့်လိုက်ပါ..
ပြီးရင် သီချင်းကို Play လုပ်ပြီး အဲဒီ Program မှာပါတဲ့ Apply ခလုတ်လေးကို နှိပ်လိုက်.. လွှတ်လိုက် လုပ်ပြီး အသံနဲ့ စာနဲ့ ကိုက်အောင် လုပ်ရပါမယ်..ပြီးသွားရင်
ဖိုင်ကို သိမ်းရပါမယ်...ဒါဆိုသူက Subtitle ဖိုင်လေး တစ်ဖိုင်ကို
ထုတ်ပေးပါလိ့မ်မယ်..ဒီနေရာမှာ သတိပြုရမှာက သိမ်းတဲ့အခါမှာ ဖိုင် Format ကို
SubStation Alpha ကို ရွေးပေးလိုက်ပါ...
ပြီးရင်တော့ File ကနေ Embed Subtitle ကို ရွေးရုံပါပဲ...အဲဒီအခါမှာ VirtualDub Program ရှိတဲ့ နေရာကို ရွေးရတာတို့...Xvid Encoder ကို သုံးရတာတို့ စတာတွေကို လုပ်ပေးရပါတယ်။
ဒါဆိုရင် စာတန်းထိုးပြီးသား VCD သီချင်းတစ်ပုဒ်ကို ဖန်တီးလို့ ရသွားပါပြီ...အဆင်ပြေမယ်လို.မျှော်လင့်
ပါတယ်...
  Divxland Media Subtitler(2.0) ကို(  ဒိမှာ ​ဒေါင်းပါ
...
တခြားပစ္စည်းလေးတွေ လေ့လာချင်သေးရင် ဒိကိုသွားပါ 


အဆင်​​ပြေပါ​စေ

0 comments:

Post a Comment