Thursday, July 10

၁၉ဇူလိုင်​apk

Credit..​ဒေါ်ထားထား​စောလွင်

အခုapk​လေးကိုရတာနဲ့ဖုန်းမှာinstallလုပ်​ထားပါဘာမှထက်​လုပ်​စရာမလို့​တော့ပါဘူးပြိးရင်​19july​နေ့အာဇာနည်​​နေ့​ရောက်​တာ၁၀နာရီ၃၇မီနစ်​မှ၂မီနစ်​တိတိဥသြသံထွက်​​ပေါ်လာမှာဖြစ်​ပြီဥသြသံပြီးတာနဲ့​ဒေါ်​မေလှမြိုင်​ရဲ့အာဇာနည်​​ခေါင်း​ဆောင်​ကြီးများအ​လေးပြုပါတယ်​သီချင်းဆတ်​တိုက်​ထွက်​​ပေါ်လာမှဖြစ်​ပါတယ်​မြန်​မာနိုင်​ငံသားတိုင်းမ​မေ့မ​လျော့ထည့်​သွင်းထားသင့်​ပါတယ်
 ​ 19July-apk 


အဆင်​​ပြေပါ​စေ
အဲဒီနေ့က... ကောင်းကင်မှာအုံ့ဆိုင်း တိမ်တွေမှိုင်းလို့ နတ်ရိုင်းတို့ အကြောဖြိုင်းဖြိုင်း ထခဲ့တဲ့နေ့...။ ကမ္ဘာက လက်ညိုးထိုး မြန်မာပြည်အတွက် ဂြိုလ်ဆိုးဝင်တဲ့နေ့ ဇူလှိုင်ရယ်တဲ့ တစ်ဆယ့်ကိုး ဘယ်တော့မှ မပုပ်သိုးနိုင်တဲ့ ရာဇ၀င်ထဲက အထုပ်ပိုးတခု...။ ရှေ့ဆက်မယ့် လမ်းစဉ်များရယ် ပြည်မြန်မာကြီးကောင်းစားဖို့ နိုးကြားတဲ့ အသိတရားတွေနဲ့ တို့ဗိုလ်ချုပ်တို့  ကြိုးစားနေဆဲ တွင်းဝန်ရုံးခန်းရဲ့ တနေရာမှာပေါ့...။ နံနက် ဆယ်နာရီ သုံးဆယ့်ငါးစွန်းစွန်း ထင်မှတ်မထားတဲ့အဖြစ်ဆိုးတခု ဒုန်း..ဒုန်း. ဒိုင်း...ဒိုင်း ဒတ်..ဒတ် စက်တင်းဂမ်း တို့တရပ်စပ် နယ်ချဲ့တွေရဲ့စေခိုင်းချက် ခွေးလောက်မှ သခင်မချစ်တတ် ဇကောလောက်မှ ဇောက်မနက် အသားထဲကလောက်ထွက်တဲ့ ဂဠုန်ဦးစောရဲ့ ရက်စက်မှု့နဲ့ အာဇာနည်သွေးတို့ မြေခ တတိုင်းပြည်လုံး မျက်ရည်ကျခဲ့ရတယ်...။ ဆင်းရဲပင်ပန်းမှု့တွေရင်စည်းခံ မိသားစုနဲ့ စံ ဖို့တောင်မအားခဲ့ဘူး အာဏာရူးတဲ့ ဂဠုန်ဦးစောရယ် ဒါတွေကို မင်းမသိခဲ့တာလား မင်းမသိတာလားကွယ်....။ ကမ္ဘာမှာ မြန်မာဆိုတာ မော်ကြွားဖို့ စော်ကားတဲ့ နယ်ချဲ့တွေကို တိုက်ထုတ် လွတ်လပ်ရေးကို လက်ကုတ်ယူခဲ့တာ ဒါတွေကပြရုပ်မဟုတ်ခဲ့ဘူးလေ...။ နိုင်ငံတနိုင်ငံရဲ့ အထွဋ်အမြတ် အလံတခုမားမားမတ်မတ်လွှင့်ထူနိုင်ဖို့ သူတို့ဘ၀တွေ ရင်းနှီး သွေးချောင်းတို့ စီးခဲ့ရတယ်...။ တိုင်းပြည်အတွက် အသက်ကိုစတေး သူတို့ချပေးခဲ့တဲ့ မျိုးစေ့တွေနဲ့ ပြုစုကာ ပျိုးထောင် မြန်မာပြည်ကြီး ဂုဏ်ရောင်တောက်ဖို့ တို့ညီအကိုမောင်နှမတွေ လက်တွဲကာ ထမ်းဆောင်စို့လားနော်....။ တကယ်တော့... နိုင်ငံတော်ရဲ့ အလံဟာ သူတို့ရဲ့အားမာန်တွေနဲ့ ဖွဲ့စည်းကာ ၀န်းရံထားသလို့်ံ

0 comments:

Post a Comment