ကိုယ့်ရဲ့ တနေ့တာဖြေစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတွေ မှတ်တမ်းလေးတွေ အမှတ်ရစေမယ့် အကြောင်း အရာလေးတွေကို Android ဖုန်းထဲမှာ မှတ်တမ်းလေးပြုစုထားနိုင်ဖို့အတွက် Private Diary လေးတစ်ခုကို တင်ပေးလိုက်ပါတယ်ဗျာ။ ရှေးရှေးတုန်းကတော့ စာအုပ်တွေထဲမှာသာ Diary လေးတွေရေးကြပါတယ်။ အ ခုခေတ်မှာတော့ နည်းပညာခေတ်ဆိုတော့ အဆင့်တန်းမှီမှီလေးနဲ့ ဖုန်းထဲမှာရေးမှတ်ကြတာပေါ့နော်။ အခု Application လေးကိုတော့ တော်တော်သေးသဘောကျတယ်ဗျာ Private Diary ဆိုတဲ့အတိုင်းဘဲ အခြားသူများမကြည့်နိုင်အောင် Password
ပါပေးထားလို့ရတယ်ဗျာ။ နောက်ပြီး Diary ထဲမှာရေးမှတ်ထား တဲ့ အကြောင်းအရာတွေကိုလည်း Backup/Restore လုပ်လို့ရပါတယ်ဗျာ။ ကျွန်တော်အကြိုက်ဆုံး အချက်ကဘာ လည်းဆိုတော့ မိမိရဲ့မှတ်တမ်းလေးကို ဓါတ်ပုံနဲ့တကွ မှတ်သားထားနိုင်လို့ပါဘဲ။ ဥပမာ ချောင်းသာကို အလည်သွားနေတယ်ဆိုပါတော့ဗျာ။ အဲဒီမှတ်တမ်းလေးကိုချောင်းသာမှာရိုက်ခဲ့တဲ့ ပုံလေးနဲ့ တွဲပြီး အမှတ် တရဖြစ်စေမယ့် အကြောင်းအရာတွေကို ရေးမှတ်ထားနိုင်ပါတယ်။ အဲဒါလေး ကိုတော့အကြိုက်ဆုံးဘဲဗျာ။
ဒါ့အပြင် မိမိရေးသားထားခဲ့တဲ့ မှတ်တမ်းတွေကိုလည်း ခေါင်းစဉ်တွေနဲ့ပေး ထားပြီးမှတ်သားနိုင်ပါတယ်။ မိမိ ပြန်ဖတ်ချင်တဲ့အခါ မှာ ခေါင်းစဉ်အလိုက်လည်း လွယ်ကူစွာရှာဖွေနိုင် တာပေါ့ဗျာ။
သူ့ရဲ့ Feature တွေက အများကြီးပါဘဲ။ အသေးစိတ်ကိုအောက်မှာရေးပေးလိုက်ပါတယ်ဗျာ။
File Size အနေနဲ့ 1MB တောင်မရှိ ဘူးဆိုတော့ လွယ်ကူစွာဒေါင်းယူနိုင်ပါတယ်ဗျာ။ Android OS 1.6 နှင့် အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ် ပါတယ်ဗျာ
![]() |
| <<<Dowload links>>> |



0 comments:
Post a Comment