-ယခုပို့စ်အားစာအုပ်အဖြစ်သိမ်းယူထားလိုပါက
pdf ပြုလုပ်ပေးထားပါတယ်။အောက်ကလင့်ခ်
မှာစာအုပ်အားဒေါင်းလုပ်ရယူနိုင်ပါတယ်
စာအုပ်ဒေါင်းရန်လင်ခ့်
အကြောင်းအမျိုးမျိုးကြောင့် Samsung galaxy Y gt-5360 ဖုန်းလေးကို custom rom တွေတင်ပြီး အဆင်မပြေလို့ offical stock rom
ပြန်ဆင်းချင်တဲ့အခါမျိုးမှာ ဘာ Odin ဘာ Computer မှ မလိုပဲ ဖုန်းထဲကနေ
Offical rom ပြန်တင် ပြန် flash တဲ့နည်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။
ဖုန်းက rooted ဖြစ်ထားဖို့လိုပါတယ်။
root မလုပ်ရသေးရင်အောက်မှာဒေါင်းပါ။
(rooted ဖြစ်ပြီးသားဆိုရင်တော့ ဒီအဆင့်မလိုပါဘူး
Root.Zipဒေါင်းရန်
ဒါင်းရလာတဲ့ ဖိုင်ကို sd ထဲ ရွှေ့ ပါ။ပြီးရင်
ဖုန်းကိုပါဝါပိတ်ပြီး၊vol:up ခလုတ်ရယ်၊power
ခလုတ်ရယ်၊home ခလုတ်ရယ်၊ခလုတ်သုံးခု
တပြိုင်တည်းဖိနှိပ်ထားပြီး samsung logo ပေါ်လာရင်လွှတ်ပေးလိုက်ပါ။normal recovery ထဲရောက်သွားပါမယ်။
အဲ့ဒိမှာ update.zip ကို vol:down ခလုတ်နဲ့
ရွေးပေးပြီး home ခလုတ်ကိုနှိပ်ပြီး "samsung-root-and-busybox.zip ဖိုင်ကို
ရွေးပေးပြီး install လုပ်ပါ။complete ဖြစ်ပြီး
သွားရင် reboot system now ကိုပြန်သွားပြီး reboot လုပ်ပါ။ဖုန်းပါဝါပြန်
တက်လာရင် super icon လေးနဲ့အတူ
မိမိဖုန်းဟာ rooted ဖြစ်သွားပါပြီ။
ပြီးရင် CWM တင်ထားဖို့တော့ လိုပါမယ်။
CWM မတင်ရသေးရင်တော့ ဒီအောက်က
လင့်ခ် မှာ ဒေါင်းယူလိုက်ပါ
CWM zipဖိုင်ဒေါင်းရန်
cwm တင်နည်းကတော့ ပေးထားတဲ့ cwm zip file ကိုဒေါင်းပြီး sd ထဲထည့်ထားပါ။
ပြီးရင် ဖုန်းကို power ပိတ်ပါ။
recover mod ဝင်ရပါမယ်။
recovery ဝင်နည်းက ဖုန်းရဲ့ volume up ရယ်၊power ခလုတ်ရယ်၊home ခလုတ်ရယ်၊အဲ့ဒိခလုတ်သုံးခုကို တပြိုင်နက်တည်း လက်နဲ့ ဖိထားပါ။
ခဏလောက်ကြာရင် samsung logo ပေါ်လာမှ လွှတ်ပေးလိုက်ပါ။အဲဒိအခါမှာ normal recoveryထဲရောက်သွားပါမယ်။recovery ထဲရောက်သွားပြီဆိုရင် install form sd ကိုရွေးပါ။volume down ခလုတ်ကိုနှိပ်ပြီး ရွှေ့  ပေးရမှာပါ။install from sd နေရာကိုရောက်ရင် home ခလုတ်ကိုနှိပ်ပြီးရွေးပါ။ပြီးရင် ခုနက ဒေါင်းပြီး sd ထဲရွှေ့ ထားတဲ့ cwm zip ဖိုင်လေးကိုထပ်ရွေးပေးပါ။vol: up/down ခလုတ်တွေနဲ့ ရွေးပေးရမှာပါ။cwm zip ကို ရွေးပေးပြီးရင် home ခလုတ်ကိုနှိပ်ပြီး install လုပ်ပေးလိုက်ပါ။မကြာပါဘူး complet ဖြစ်သွားမယ်။complet ဖြစ်ပြီးသွားရင် reboot system now ဆိုတာကို ထပ်ရွေးပေးပြီး reboot လုပ်လိုက်ပါ။reboot system မတွေ့ရင် back key နဲ့ တချက်ဆုတ်ပြီးရှာပါ။reboot လုပ်ပြီး ဖုန်းပါဝါပြန်တက်လာရင်တော့ samsung galaxy Y gt-5360 ကို CWM တင်ခြင်း အမှု ပြီးဆုံးပါပြီ။
ကဲ အခု စမှာကတော့ ဘာ Odin မှ ဘာ Computer မှ ဘာ USB Cable တွေမှ မပါဘဲ မလိုဘဲနဲ့ samsung galaxy Y5360 ကို အော်ရဂျင်နယ် Stock Rom2.3.6 လေးပြန်တင်ကြည့်မယ့် နည်းလေးပါ။
အရင်ဆုံးလိုအပ်တဲ့ file ဖြစ်တဲ့ clockworkmod zip ဆိုတဲ့ ဖိုင်လေးကို အရင်ဒေါင်းလိုက်ပါ။File Size ကတော့ 124MB ရှိပါတယ်
★Clockwork Mod Zip ဖိုင်အားဒေါင်းရန်★
clockwork mod zipဖိုင်ဒေါင်းရန်
ကိုယ့်ဖုန်းထဲမှာ resume ဒေါင်းလုပ်ရမယ့် downloader ဆော့ဖ်ဝဲမျိုး နဲ့ဒေါင်းပါ။မြန်မာပြည် connection က သိတဲ့အတိုင်းပဲလေ ပေါ်လိုက်ပျောက်လိုက်မို့ resume ရတဲ့ downloader မျိုးနဲ့ဒေါင်းမှ စိတ်ချရမှာလေ။ကျုပ်ကတော့ ADM PRO ဆိုတဲ့ downloader နဲ့ ဒေါင်းပလိုက်တယ်။
အေးဆေးပဲ။
ဒေါင်းပြီးရင် ရလာတဲ့ ဇစ်ဖိုင်ကို
Extract လုပ်ပြီး sd ထဲကို move ရွှေ့ 
ပေးရပါမယ်။
ဇစ်ဖြည်ဖို့အတွက်အကောင်းဆုံးကတော့ Andro Zip ဆိုတဲ့ Apk ပါပဲ။ကျုပ်ကတော့ အဲ့ဒိ Androzip Apkကိုအသုံးပြုပြီး ဇစ်ဖြည် Extract လုပ်ပလိုက်တယ်။တော်တော်အဆင်ပြေပါ
တယ်။AndroZip Apk မရှိလို့ လိုချင်ရင်တော့
ဒီအောက်က လင့်ခ် ကိုနှိပ်ပြီးဒေါင်းယူလိုက်ပါ
★Andro zip apk အားဒေါင်းရန်လင့်ခ်
Andro Zip apk ရယူရန်
ခုနက ဇစ်ဖိုင်ကို sd ထဲ (zip ဖြည်တဲ့ apk တစ်ခုခု ဒါမှမဟုတ် Androzip apk) ကိုအသုံးပြုပြီးဖုန်းရဲ့ sd ထဲExtract ဖြည်ချပြီးရင် floder တစ်ခုနဲ့အတူ
ဖိုင်၂ ခုထွက်လာပါမယ်။back,Desktop.jpg, Thumbs.db ဆိုတာတွေပါ။
အဲဒိထဲက back up ဆိုတဲ့ floder လေးထဲမှာ
DDLE1 ဆိုတဲ့ ဖိုင်လေးကိုတွေ့ ရပါမယ်။ကျုပ်တို့က အဲ့ဒိ DDLE1 ကို cwm ထဲကနေ ရွေးပေးပြီး flash ရမှာပါ။DDLE1 ထဲမှာပါတဲ့ဖိုင်တွေကတော့ Nandroid.rsf.tar,System.RAF.tar,Cache.RAF.tar etc
အဲဒါလေးတွေပါဝင်ပါတယ်။သူ့ဟာသူ ဘာဖိုင်တွေဘဲပါပါ ကျုပ်တို့အလုပ်မဟုတ်ဘူး
ကျုပ်တို့လုပ်ရမှာက ခုန back up ဖလော်ဒါထဲမှာရှိတဲ့ DDLE1 ဆိုတဲ့ဖိုင်ကို cwm ထဲကနေ flash ပေးလိုက်ယုံပါပဲ။
ကဲ ပြောနေတာကြာပါတယ်။cwm ဝင်ဖို့ ဖုန်းကို power ပိတ်လိုက်တော့။ပြီးရင် vol: up + power + home ခလုတ်သုံးခုတပြိုင်တည်းဖိပေးထားပါ။
normal recovery ထဲရောက်သွားမယ်။အဲ့ဒိမှာ vol: down ခလုတ်အသုံးပြုပြီး cwm zip ဖိုင်ကိုရွေး home ခလုတ်ကိုနှိပ်လိုက်ရင် CWM mod ထဲရောက်သွားပြီ။
cwm ထဲရောက်ရင် vol: down ခလုတ်ကိုသုံးပြီး ၃ ခုမြောက်က wipe data/reset ကိုရွေး၊home ကိုနှိပ်၊၈ ခုမြောက်က delete all user ကိုရွေး၊home ခလုတ်ကိုနှိပ်၊
ပြီးရင် ၄ ခုမြောက်က wipe cache partition
ကိုရွေး၊home ကိုနှိပ်၊၈ ခုမြောက်က
-Yes-Wipe Cache ကိုရွေး၊home ကိုနှိပ်။
ပြီးရင် ၆ ကြောင်းမြောက်က
-backup and restore- ဆိုတာကို ထပ်ရွေးပါ။နောက်တစ်မျက်နှာမှာတော့
-Backup
-Restore
-Advanced Restore
ဆိုပြီး စာကြောင်းသုံးခုတွေ့ပါလိမ့်မယ်။
အဲ့ဒိ သုံးခုထဲက အလယ်ကစာကြောင်းဖြစ်တဲ့
-Restore ဆိုတဲ့ စာကြောင်းကိုရွေးပေးပါ။
-Advanced Restore မဟုတ်ဘူးနော်။
အလယ်က -Restore ဆိုတာကိုရွေးပေးပါ။
မှားရွေးမိမှာစိုးလို့။
-Restore ကိုရွေးပြီး home ခလုတ်ကို နှိပ်ပါ။
အဲဒိမှာ backup ဖလော်ဒါတွေ့ရင် backup ကိုရွေး၊home ကိုနှိပ်။အဲ့ဒိထဲမှာမှ ခုနက ကျုပ်တို့ sd ထဲ ဇစ်ဖြည်ချထားတဲ့ DDLE1 ဆိုတဲ့ဖိုင်လေးကိုတွေ့ရလိမ့်မယ်။အဲ့ဒိ DDLE1 ဆိုတဲ့ ဖိုင်လေးကိုထပ်ရွေးပေးလိုက်ပါ။ပြီးရင် home ခလုတ်ကိုနှိပ် လိုက်ရင် စတင်ပြီး flashing နေပါပြီ။သူ flash နေချိန်ဟာ ၁၀ မိနစ်နီးပါး ခန့်ကြာမှာပါ။အဲဒိအချိန်မှာ စိတ်ရှည်ရှည်နဲ့ စောင့်ပေးထားပါ။ကြာလို့ဆိုပြီး ဘထ္ထရီဆွဲဖြုတ်တာတွေဘာတွေမလုပ်ပါနဲ့။
အစကပြန်လုပ်နေရမှာစိုးလို့ပါ။ဘာမှမဖြစ်ပါဘူး။၁၀ မိနစ်ခန့်သာစောင့်ပေးထားပါ။ကျုပ် တုန်းကဆို ၅ မိနစ်လောက်ပဲကြာပါတယ်။
ခဏကြာပြီဆိုရင် restore complete ဆိုတာပေါ်လာပါမယ်။အဲ့ဒါပေါ်လာပြီးရင်
-reboot syste now ဆိုတာကိုရွေးပေးပြီး
home ခလုတ်ကိုနှိပ်ပေးပြီး reboot လုပ်ပေး
လိုက်ပေတော့ဗျာ။rebooting လုပ်ပြီး power
ပြန်တက်လာပြီဆိုရင် ဘော်ဒါတို့ရဲ့
Samsung galaxy Y5360 ဖုန်းလေးဟာ
samsung ကုမ္ပဏီထုတ် ဖြစ်တဲ့ Offical Stock Rom အသစ်စက်စက် လေးပြန်တင်
လို့ပြီးဆုံးအောင်မြင်သွားပါပြီဗျာ။
power ပြန်မတက်ခဲ့ရင်တော့ ပျက်ပြီလို့သာ
အောက်မေ့လိုက်တော့။:)
အလကားနောက်တာနော်! လွယ်မှလွယ်၊ဘာအန္တရယ်မှ
မရှိ၊ဘာ error မှမရှိပါဘူး။အားလုံးအဆင်ပြေပါတယ်။
Stock Rom မတင်ခင်တော့ ကိုယ့်ဖုန်းရဲ့
ဘထ္ထရီအားကိုတော့ 70% 80% လောက်တော့ သွင်းပေးထားပြီးမှ Stock Rom တင်ခြင်းကိုစပါ။
Sotck Rom တင်ပြီး Root ပါ ထပ်ဖောက်ချင်
ရင်တော့ အပေါ်ဆုံးကပေးထားတဲ့
ဖိုင်တွေဒေါင်းပြီး ရှင်းပြထားတဲ့အတိုင်းသာလုပ်ဆောင်လိုက်ပ်ါလို့ပြောကြားရင်း
Samsung galaxy Y5360 ကို Computer တို့ Odin တို့ မလိုဘဲနဲ့ Offical Stock Room v2.3.6
ကို ဖုန်း နဲ့တင် ပြန်လည်တင်ခြင်း post လေး
ကို နိဂုန်းချုပ်လိုက်ပါပြီး။
အဆင်ပြေပါစေ
အဆင်ပြေပါစေ
0 comments:
Post a Comment