Coolpad 5217 version 4.3 ကို Root မလို Myanmar Font ထည့်မယ် Coolpad ကတော့မြန်မာပြည်ကိုထိုးဖောက်တဲ့ brand တစ်ခုပါပဲ။ အခုဆိုရင်လည်း တော်တော်များများကိုင်နေကြပါပြီ huawei လိုပဲ သူကလည်း firmware ရေးရလွယ် မြန်မာစာထည့်ရလွယ် ပြီး ဈေးသက်သက်သာသာနဲ့ အသုံးပြုနိုင်တာမို့ ခုဆိုရင် လူကြိုက်များနေကြပါပြီ။ ခုတော့ Coolpad ကို မြန်မာစာထည့်နည်းလေးပေါ့ ကျနော် ကိုယ်တိုင်လည်း အဆင်ပြေနေတာလေးမို့ ပြန်လည်မျဝေလိုက်ပါတယ်။ ကျနော် Coolpad ဆိုပြီး lable သစ်တစ်ခုပါ ထပ်ထုတ်လိုက်ပါတယ်။ နောက်ကျနော်အားရင် Coolpad နဲ့ ပတ်သက်တာ အကုန်တင်ပေးတော့မှာပါ။ Coolpad 5217 ကို version 4.3 နဲ့ Root လုပ်လို့မရသေးတဲ့ အခြေအနေမှာ Myanmar Font အတွက် အဆင်ပြေအောင် ကိုကျော်ဇေယျာမင်း မှ without root MM Font.exe လေးကို ဖန်တီးပေးထားပါတယ်။ အားလုံး အဆင်ပြေအောင် ကျတော်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ without root MM Font.exe လိုအပ်သူများ....... ဒိမှာ..တ်ာလုပ်ပုံလုပ်နည်းလေးပါ လျှာရှေလိုက်ပါမယ်။☺ Phone ကို USB Debugging တို့ Unknow Source တို့ on ပေးပြီး PC (Computer) နဲ့ Connect လုပ်ပေးလိုက်ပါ။ PC မှာ Phone ကို သိပြီဆိုရင် without root MM Font.exe လေးကို ဖွင့်လိုက်ပါ။ Auto အလုပ်လုပ်ပြီး Phone မှာ Reboot ကျသွားပါမယ်။ Home Screen ကို ပြန်တက်လာပြီဆိုရင်တော့ Keyboard တစ်ခုခု နှစ်သက်ရာ ထည့်ပြီး Myanmar Font သုံးလိုက်ပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Credit : ကိုကျော်ဇေယျာမင်း
Posted via Blogaway
1 comments:
အကိုကျွန်တော်ဖုန်းက PC နဲ့မချိတ်ဘူးဖြစ်နေတယ်
အကိုပြောတာတွေလည်း on ပီးသား။တခြားနည်း ရှိသေးလားဗျ။
Post a Comment