Tuesday, June 24
Apk ဖိုင်များကို မိမိကြိုက်ရာ အိုင်ကွန်ပုံချိန်းနည်း Apk ဖိုင်များကို မိမိကြိုက်ရာ အိုင်ကွန်ပုံချိန်းနည်း
ခင်မောင်ထူး(နည်းပညာ)မှ လှိုက်လဲစွာ ကြိုဆိုပါတယ်ခင်ဗျာ.......ခုလိုလာ​ရောက်​လည်​ပါတ်​တာကိုအထူးပင်​​ကျေးဇူးတင်​ရှိပါတယ်​ခင်​ဗျား........
ခုကျနော်ရေးထားတဲ့နည်းက Apk ဖိုင်ကို ချိန်းဖြစ်တဲ့နည်းပါ ။ 
ထို Apk ကို ဘယ်ဖုန်းမှာထည့်ထည့် မိမိလုပ်ထားတဲ့ အိုင်ကွန်လိုဂိုပုံလေးနဲ့ပေါ်မှာပါ ။ 
မူပိုင်Apk ကြီးကို ပြင်လိုက်ခြင်းပါ :)
ကိုယ့်ဓါတ်ပုံထည့်ချင်လဲ ထည့်ပေါ့နော် :P
Apk ပေါ်မှာ Right Click နှိပ်လိုက်ပါ
7zip >>> Open archive >>> res >>> drawable-xhdpi ဆိုတဲ့ဖိုဒါထဲက icon နဲ့စတဲ့ စာနားကိုရောက်ရင် ထိုဆော့ဝဲရဲ့အိုင်အွန်ပုံကိုရှာလိုက်ပါ ။ 
အဲ့ပုံကို မိမိပုံနဲ့အစားထိုးရပါမယ် Name ကို မူရင်းပုံရဲ့ Name အတိုင်းပြောင်းပြီး ထည့်ရပါမယ် ။
ထိုပုံ၏နာမည်တိုင်း မိမိထည့်လိုသောပုံကို နာမည်ပေးပြီး ထိုဖိုဒါထဲကိုဆွဲထည့်လိုက်ပါ ။ ပြီးပါပြီ :)
မိမိထည့်သောပုံမှာ ( PNG ဖော်မက်ဖြစ်ရမယ် )
ထည့်ပြီးရင် ပိတ်လိုက်လို့ရပါပြီ ထို Apk ကိုဖုန်းထဲထည့်လိုက်ပါ ။
ထို Apk ကို အင်စတောလုပ်လို့မရတော့ပါဘူး ပျက်စီးသွားပါပြီ ။
Apk ကို Apk ပြန်ပြောင်းပေးတဲ့ဆော့ဝဲနဲ့ Apk ပြန်ချိန်းရပါမယ် ။
Play Store မှာ ZipSigner ဆိုတဲ့ဆော့ဝဲကို ဒေါင်းပြီးလုပ်လိုက်ပါ ဖရီးပေးထားပါတယ် ။
ထိုဆော့ဝဲဟာ Apk ကို Apk ပြန်ချိန်းပေးတဲ့ဆော့ဝဲပါ :) 
ကွန်ပြူတာမှာမိမိလုပ်ပြီးတဲ့ Apk ကို ဖုန်းထဲထည့်လိုက်ပါ ။ 
ပြီးရင် ZipSigner ဆော့ဝဲကိုဖွင့်လိုက်ပါ  Choose in/Out.. ကိုနှိပ်လိုက်ပြီး မိမိပြင်ထားတဲ့ Apk ကိုသွားရွေးပေးလိုက်ပြီး Sign The File ဆိုတာကို နှိပ်ပေးလိုက်ပါ ။ 
မျဉ်းတန်းသွားနေပါမယ် ပြည့်သွားရင် My File ထဲမှာသွားကြည့်လိုက်ပါ Apk အသစ်တစ်ခုရောက်နေပါပြီ ။ 
မှတ်ချက်  ။  ။  မိမိပြင်ထားပြီးတဲ့ Apk ကို ZipSigner ထဲထည့်ချိန်းမှ Apk ပြန်ထွက်ပါမယ် ။ 
ဘာမှပြုပြင်ထားခြင်းမရှိတဲ့ Apk အသစ်ကို ZipSigner ထဲသွားထည့်ချိန်းရင် Zip နဲ့ပဲ ထွက်လာပါမယ် :)
မားကပ်ဝင်ဖို့ရန် အဆင်မပြေသူများ ZipSigner Apk ဆော့ဝဲကို အောက်ကကြိုက်ရာလင့်မှာဒေါင်းယူပါ ။
ဝင်းဒိုးအတွက် 7zip ဆော့ဝဲကတော့ Google မှာ ရှာဒေါင်းလိုက်ပါနော်
Credit<< DjjoeMan (MMF
အဆင်​​ပြေပါ​စေ
0 comments:
Post a Comment