SAMSUNG GALAXY GRAND 2 SM-G7102 ROOT လုပ်ပြီး မြန်မာစာအလွယ်ထည့်နည်း
မင်္ဂလာပါ
အခုတလော FB ကဘော်ဒါများအမေးအများဆုံးလေးပါ
သတိရတုန်းအားလုံးအတွက် အဆင်ပြေအောင် တင်ပေးလိုက်ပါတယ်။
Samsung Galaxy Grand 2 SM-G7102 ကို Root လုပ်ဖို့ရန် လိုအပ်မယ့်
Odin3-v3.07 နဲ့ CF-Auto-Roo ကိုဒေါင်းရမယ်အောက်မှာဒေါင်းလိုက်ပါ

ဒါင်းပြီးရင်ဖိုင်ကိုဖြေလိုက်ပါ ဖိုင်ဖြေလိုက်ရင်ဒီလိုရမယ်
ကွန်ပျူတာမှာတော့ SAMSUNG USB DRIVER တော့သွင်းထားရမယ်ဒါမှ
ကွန်ပျူတာကဖုန်းကိုသိမှာ USB DRIVER မရှိသေးရင်တော့အောက်မှာယူလိုက်ပါ

အားလုံးစုံပြီဆိုရင်တော့ Odin3-v3.07 ကိုဖွင့်လိုက်ပါ ပြီးရင်သင့်ဖုန်းကို
Download Mode ကိုဝင်ရမယ်ပထမဆုံး ဖုန်းကို Power ပိတ်လိုက်ပါ ပြီးရင်

Volume Down + Home + Power ကိုပြိုင်တူနိပ်လိုက်ပါ
အောက်ကပုံလိုမျိုး ဖုန်းတချက်တုန်သွားရင် Power ခလုပ် ကိုလွတ်လိုက်ပါ
Volume Down ခလုပ်နှင့် Home ခလုပ်ကိုဆက်နှိပ်ထားလိုက်ပါ

အောက်ကပုံပေါ်လာသည်အထိ
အဲဒီလိုပေါ်လာရင် Volume Up ခလုပ်ကိုတချက်နှိပ်ပေးလိုက်ပါ
ဒါဆိုရင်အောက်ကပုံလိုပေါ်လာလိမ့်မယ်
ဒါဆိုရင်အောက်ကပုံလိုပေါ်လာလိမ့်မယ်
OK သင့်ဖုန်းကို USB ကြိုးအသုံးပြုပြီး ကွန်ပျူတာနှင့်ဆက်သွယ်လိုက်ပါ
ကွန်ပျူတာကဖုန်းကိုသိပြီဆိုရင် Odin3-v3.07 မှာအောက်ကပုံလိုပေါ်လာလိမ့်မယ်
ကွန်ပျူတာကဖုန်းကိုမသိရင်ဘာမှဆက်လုပ်လို့မရပါ

ကွန်ပျူတာကဖုန်းကိုသိပြီဆိုရင် PDA ဆိုတဲ့ဟာကိုတချက်ကလစ်ပြီး
CF-Auto-Roo ဆိုတဲ့ဖိုင်ကိုသွားရွေးပေးလိုက်ပါ ပြီးရင်
Start ကိုကလစ်ပေးလိုက်ပါ ခဏလေးစောင့်ပေးလိုက်ပါ

ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ အပေါ်ဆုံးကနေရာမှာ Pass အစိမ်းရောင်လေးနဲ့ ပေါ်နေပါလိမ့်မယ်။ မိနစ်အနည်းကြာပြီးတာနဲ့သူ့အလိုလို
ဖုန်းက Reboot ကျသွားပါလိမယ့်။ ပြန်တက်လာပြီးရင်တော့
မိမိဖုန်းမှာ Root Access ရရှိသွားပါပြီခင်ဗျား။

Res, ဇူးနစ်(နည်းပညာ
အဆင်ပြေပါစေ
No comments:
Post a Comment