နာမည်ကျော် မိုဘိုင်းဂိမ်းဖြစ်တဲ့ Clash of Clans ဂိမ်းကို PC ပေါ်မှာ ကစားလိုသူများ အနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။
(၁) Bluestacks ကို ဒိမှာရယူပါ မှာ download လုပ်ပါ။
(၂) Bluestacks ကို install လုပ်ပြီးပါက Clash of Clans apk ဖိုင်ကို install လုပ်ပါ။ APK ဖိုင် မရှိသူများ ဒိမှာရယူပါ ၃) COC.apk ဖိုင်ကို click နှစ်ချက်နှိပ်ပါ။ Bluestacks မှာ install လုပ်သွားပါလိမ့်မယ်။ Click နှစ်ချက်နှိပ်ချိန်မှာ Bluestacks မပေါ်လာခဲ့ရင် COC.apk ဖိုင်ပေါ်မှာ right-click နှိပ်ပြီး Open with… ကိုနှိပ်ပါ။ Browse ကိုနှိပ်ပြီး Bluestacks directory ထံသွားပါ။ Bluestacks directory က C:\Program Files\BlueStacks ဖြစ်ပါတယ်။ 64-bit သုံးသူများကတော့ C:\Program Files (x86)\BlueStacks ထံသွားပါ။ ပြီးရင် HD-ApkHandler.exe ကိုရွေးပါ။ Bluestacks မှာ COC က install လုပ်သွားပါလိမ့်မယ်။
(၄) Android user တွေကတော့ Google+ ခလုတ်ကိုနှိပ်ပြီး log in လုပ်ပြီးတာနဲ့ COC ကို PC ပေါ်မှာ ကစားနိုင်ပါပြီ။
(၅) iOS user တွေကတော့ Link ချိတ်ရမယ့်အဆင့် လုပ်ဖို့လိုပါတယ်။ Link ချိတ်ဖို့အတွက် အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။
- Bluestacks နဲ့ iOS ပေါ်မှာ COC ဂိမ်းကို ဖွင့်ပါ။
- ပြီးရင် နှစ်ခုစလုံးက in-game settings window ကို ဖွင့်ပါ
- Link a device ခလုတ်ကိုနှိပ်ပါ
- Old device နဲ့ New device ကို သတ်မှတ်ပါ။ iOS မှာ old device လို့ရွေးပြီး Bluestacks မှာ new device ကိုရွေးပါ
- “I want to link to another device” ကိုရွေးပါ။
- အဲ့ဒီနောက် iOS မှာ code တစ်ခုပေါ်လာပါမယ်။ အဲ့ဒီ code ကို device အသစ်မှာ (Bluestacks) ရိုက်ထည့်ဖို့အတွက် အချိန် ၅ မိနစ် ရပါတယ်။ ၅ မိနစ်အတွင်း မရိုက်နိုင်ရင်တော့ နောက်ထပ် code တစ်ခု ထပ်ယူရပါမယ်။
- Already linked ဆိုတဲ့ စာတန်းပေါ်လာရင်တော့ COC ဂိမ်းကို Bluestacks မှာ ဆက်ကစားနိုင်ပါပြီ။
Credit<<internetjournal.media>>>
အဆင်ပြေပါစေ
No comments:
Post a Comment