Service ပြုလုပ်တဲ့ သူငယ်ချင်းများအတွက်အလွန်အသုံးဝင်တဲ့ Xboot Tools လေးပါ။ ကျွန်တော်ဆိုရှာနေတာကြာနေပါပြီ။ ကျန်တဲ့ Multi Boots Tools များမှာအသုံးပြုရတာ နည်းနည်းအဆင်မပြေတာနဲ့လိုက်ရှာရင်း ဒီ Tools လေးကိုတွေ့တာပါ။ သူက သုံးရတာ အရမ်းလွယ်ကူပြီးအရမ်းလည်းကောင်းပါတယ်။ သာမန် user တွေတောင်အလွယ် တကူအသုံးပြုလို့ရအောင်လွယ်ကူပါတယ်။ ပြီးတော့ အဆင်လည်းပြေပါတယ်။ Xboot Tools ရဲ့ File Size ကလည်း 5.62 MB ပဲဆိုတော့ သေးသေးလေးပါ။ လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်တုန်းကဆို Outdoor Services တစ်ခါထွက်ရင် သယ်သွားရတဲ့ CD Bag တင် နှစ်လုံး လောက်ကို Softwares CD အပြည့်နဲ့သွားရတာပါ။ ဒါတောင်တစ်ခါ တစ်ခါအိမ်မှာ တစ်ချို့ CD တွေမေ့ကျန်နေတတ်လို့အဆင်မပြေဖြစ်တတ်ပါတယ်။ သွားရ လာရတာလည်း ပင်ပန်းလိုက်တာဗျာ။ ခုနောက်ပိုင်းတော့ နည်းပညာတိုးတက် လာတာနဲ့အမျှ Outdoor Services တစ်ခါထွက်ရင် Stick 2 ချောင်းနဲ့ Softwares CD နှစ်ချပ်လောက်ဆိုအားလုံးပြီးပါပြီ။ တော်ရုံစက်ဆိုရပါပြီ။ သွားရ လာရတာလည်း အေးဆေးပေါ့။ အဲလိုပါ။ Xboot Tools လေးကိုအသုံးပြုပြီး အများဆုံးလိုအပ်တာလေး တွေကို Multi Boots လုပ်ပြီး အလွယ်တကူသယ်သွားလို့ရပြီးပေါ့နော်။ အားလုံးပဲအဆင်ပြေကြပါစေဗျာ။
✏ Dawloadဆွဲရန်လက်ခ့်✏
အဆင်ပြေပါစေဗျာ

0 comments:
Post a Comment