-ဒီတစ်ခါတင်ပေးလိုက်တဲ့ Apk လေးကတော့ "Phone Spy"လို့ခေါ်တဲ့ application လေး တစ်ခုပဲဖြစ်ပါတယ်- -ဒီ app လေးရဲ့အသုံးဝင်မှုကတော့ မိမိဖုန်းကို အခြားသူတစ်ယောက်ယောက်က လာကိုင်လိုက် ရင် အဲ့ဒိသူရဲ့ပုံကို လျှို့ဝှက်ကင်မရာကနေ ဓါတ်ပုံရိုက်ကူးထားပေးမှာပဲဖြစ်ပါတယ်- -ဓါတ်ပုံရိုက်လိုက်တာကိုလည်း အဲဒိသူသိမှာ မဟုတ်ပါဘူး။ဘာဖြစ်လို့လည်းဆိုတော့ ဖုန်းကိုကိုင်ပြီးဖွင့်လိုက်တာနဲ့၊Flash မီးမပွင့်ဘဲ လျှို့ဝှက်ကင်မရာကနေ၊ဓါတ်ပုံရိုက်ယူလိုက် မှာပဲဖြစ်ပါတယ်- -ဒီ app ကိုသုံးဖို့အတွက်ကတော့၊မိမိဖုန်း handset မှာ "front camera"ရှေ့ကင်မရာ ပါရှိထားဖို့တော့ လိုပါမယ်။ရှေ့ကင်မရာမပါရှိ တဲ့ ဟန်းဆက်တွေတော့ အသုံးပြုလို့မရပါဘူး။ နောက်ပြီးတစ်ခုရှိတာက ကိုယ့်ဖုန်းရဲ့ ဗားရှင်း Android OS Version 4.0 နဲ့အထက်ရှိထား တဲ့ဖုန်းတွေမှသာ အသုံးပြုနိုင်မှာပါ။v4.0 ရဲ့ အောက်၊v2.3.6 တို့ဘာတို့ အစရှိတဲ့ device တွေမှာသုံးလို့မရနိုင်ပါဘူး။ဒါ့ကြောင့်ဒေါင်းလုပ် မဆွဲမီကို မိမိဖုန်းရဲ့ဗားရှင်းနဲ့ချိန်ညှိပြီးမှသာ ဒေါင်းလုပ်ဆွဲဖို့အကြံပြုချင်ပါတယ်- "Apk အသုံးပြုပုံ" ၁။ပေးထားတဲ့လင့်ခ်ကိုနှိပ်ပြီးဒေါင်းလုပ်ဆွဲပါ။ ၂။ဒေါင်းလုပ်ဆွဲ၌ရရှိလာတဲ့"Phone Spy" App အား installing လုပ်ပါ။ ၃။ပြီးရင် App ထဲကိုဖွင့်ဝင်ပါ။ ၄။အပေါ်ဆုံးက PhoneSpy turned on ဆိုတဲ့ စာသားနေရာဘေးနာက စက်ဝိုင်းလုံးလေးနေရာ ကို လက်နဲ့ click တချက်နှိပ်ပေးလိုက်ပါ။ စက်ဝိုင်းလုံးလေးက အစိမ်းရောင်လေးပြောင်း သွားပါလိမ့်မယ်- ၅။ပြီးရင် Back key နဲ့ပြန်ထွက်လိုက်ပါ- ဒါဆိုရင်ပြီးပါပြီ။မိမိဖုန်းလေးထဲမှ Spy ချထား ပြီးသွားပါပြီ။ စမ်းကြည့်ချင်တယ်ဆိုရင် ဖုန်းကို screen ပိတ်ပြီး၊ပြန်ဖွင့်ကြည့်ပါ။အဲ့ဒိမှာဖုန်းရဲ့ ရှေ့ကင်မရာကနေပြီး၊ဖုန်းဖွင့်သူကို လျှို့ဝှက်စွာ Flash မီးမပွင်ဘဲနဲ့ ဓါတ်ပုံရိုက်ကူးလိုက်တယ်။ အဲ့ဒိပုံကိုကြည့်ချင်ရင်တော့၊ဖုန်း sd card ရဲ့ Pictures>>PhoneSpy ဆိုတဲ့ ဖိုဒါဖိုင်လေးထဲ ကိုဝင်ကြည့်နိုင်သလို၊Gallary ထဲမှာလည်း ဝင်ကြည့်နိုင်ပါတယ် ဆိုတဲ့အကြောင်းပြောကြား ရင်းနဲ့ "PhoneSpy"ဆိုတဲ့ Application လေးအကြောင်းကို အဆုံးသတ်လိုက်ရပါတယ်- -Apk File Size 605KB ရှိပြီး -Android OS Version 4.0 နှင့်အထက်ရှိထား သောဖုန်းများမှာ ထည့်သွင်း installing ပြုလုပ် ၍အသုံးပြုနိုင်ပါတယ်- -အောက်ကလင့်ခ်မှာဒေါင်းလုပ်ရယူနိုင်ပါတယ်- ★DOWNLOAD ဆွဲရန် လင့်ခ်★
အဆင်ပြေပါစေ

0 comments:
Post a Comment