Pages
Thursday, June 5
Image 2app photo​တွေကိုapkပြုလုပ်​မည်
-ဒီတစ်​ခါတင်​​ပေးလိုက်​တဲ့ ​ဆော့ဖ်​ဝဲ​လေးက​တော့ မိမိတို့ရဲ့ photo ပုံ​တွေကို apk အဖြစ်​ ပြုလုပ်​လို့ ရ​စေမယ့်​ ​ဆော့ဖ်​ဝဲ​လေးတစ်​ခုကို တင်​​ပေးလိုက်​ ပါတယ်​- -ကိုယ်​ကြိုက်​နှစ်​သက်​တဲ့ပုံ​လေး​တွေကို စုပြီး​တော့ Apk ​ဆော့ဖ်​ဝဲအဖြစ်​ပြုလုပ်​ထားရှိခြင်းဖြင့်​ မိမိကြည့်​ရှုလိုတဲ့အခါမှာ ကိုယ်​လုပ်​ထားတဲ့ Apk ​လေးထဲကို ဝင်​​ရောက်​ပြီးတစ်​စုတစည်းထဲ ​တွေ့မြင်​ ရမှာဖြစ်​ပါတယ်​- -ပုံ​တွေကို သူငယ်​ချင်း​တွေဆီ လက်​​ဆောင်​ပို့​ပေး တဲ့အခါမှာ အခုလို Apk ​လေးပြုလုပ်​ပြီးလက်​​ဆောင်​​ပေး​တော့ ပိုပြီးလန်းတာ​ပေါ့ဗျာ။ Apk ပြုလုပ်​နည်းကလည်း လွယ်​ပါတယ်​။ Gmail အ​ကောင့်​န်​တစ်​ခု ရှိထားရပါမယ်​- -အရင်​ဆုံးဒီ​ဆော့ဖ်​ဝဲ​လေးကို​ဒေါင်းလုပ်​ယူလိုက်​ပါ- ၁။အင်​တာနက်​ဖွင့်​ထားပါ။ ၂။ဆော့ဖ်​ဝဲထဲနှိပ်​ဝင်​ပါ။ ၃။ညာဘက်​အ​ပေါ်ထိပ်​​ဒေါင့်​နားက setting ပုံ ​နေရာ​လေးကို နှိပ်​ဝင်​လိုက်​ပါ။ ၄။ အဲ့ဒိမှာ Join Image2 App ​နေရာကိုဝင်​ပြီး Gmail နဲ့ အ​ကောင့်​န်​သစ်​တစ်​ခုလုပ်ပြီး Sign in ဝင်​​ပေးထားလိုက်​ပါ။ပြီးရင်​ back နဲ့ပြန်​ထွက်​ပါ။ ၅။ပြီးရင်​အ​ပေါ်ထိပ်​နားက ခဲတံပုံ​နေရာကိုနှိပ်​ပါ။ ၆။Do You Want To Make A New App ဆိုရင်​ Ok ကိုနှိပ်​လိုက်​ပါ။ ၇။App Name ဆိုတဲ့​နေရာမှာ ကိုယ်​လုပ်​မယ့်​ ​ဆော့ဖ်​ဝဲရဲ့နာမည်​ကို ​ပေးပါ။ ၈။Package Name ဆိုတဲ့​နေရာမှာ ဘာမှမ​ရေးပဲ ဒီအတိုင်းထားလည်းရပါတယ်​။ တကယ်​လို့ package name မှာ ​ရေးချင်​ရင်​​တော့ အ​ရှေ့ဆုံးက com.ပြီးရင်​ကိုယ်​ထားချင်​တဲ့နာမည်​​ရေး၊ပြီးရင်​ ဂဏန်းnumber ၁လုံး​ရေး၊ပြီးရင်​ ​ဒေါ့တချက်​ခံ၊ပြီးရင်​ appဆိုတာ​ရေး၊ပြီးရင်​ ဂဏန်း number ၁လုံး​ရေးလိုက်​ပြီး ok ​ပေးလိုက်​ပါ။ (ဥပမာ- com.kozaw1.app.2) အဲ့လိုမျိုးပါ။ ၉။App Icon ဆိုတဲ့​နေရာမှာ ကိုယ်​လုပ်​မယ့်​ Apk ရဲ့ Logo ပုံကို ထားဖို့ ဂယ်​လာရီထဲက နှစ်​သက်​ရာ ပုံကို​ရွေး​ပေးပြီး Icon ပုံထား​ပေးလိုက်​ပါ။ ၁၀။ပြီးရင်​ CONTENTS ဆိုတဲ့​နေရာကိုနှိပ်​လိုက်​ပါ။ ၁၁။အဲ့ဒိမှာ Splash image တို့၊ကိုယ်​လုပ်​မယ့်​ ​ဆော့ဖ်​ဝဲရဲ့ ​နောက်​ခံ Background အ​ရောင်​တို့် ကိုမိမိစိတ်​ကြိုက်​အ​ရောင်​​ရွေးခြယ်​လို့ရပါမယ်​။ ၁၂။ပြီးရင်​​အောက်​က Add Images ဆိုတဲ့​နေရာကို နှိပ်​ဝင်​လိုက်​ပြီး ဂယ်​လာရီထဲက ကိုယ်​လုပ်​မယ့်​ ပုံ​တွေကို တစ်​ပုံခြင်းစီ​ရွေး​ပေးပါ။ ၁၃။ပြီးရင်​ back တချက်​ထွက်​လိုက်​ပါ။ ၁၂။PUBLISHER ဆိုတဲ့​နေရာကိုနှိပ်​ဝင်​လိုက်​ပါ။ ၁၄။အဲ့ဒိ​နေရာမှာ ​ဆော့ဖ်​ဝဲလုပ်​သူရဲ့ နာမည်​တို့၊ website/blogspot ရှိရင်​လည်း ကိုယ့်​ဆိုဒ်​ရဲ့ လိပ်​စာတို့၊Gmail လိပ်​စာတို့၊ဖုန်းနံပါတ်​တို့်​၊ message တို့၊introduce စကားတို့၊စသဖြင့်​ ထည့်​ထား​ပေးလို့ရပါတယ်​။ ဘာမှမထည့်​ချင်​လည်း ရပါတယ်​။ ၁၅။ပြီးရင်​​တော့ ဘယ်​ဘက်​ထိပ်​နားက Edit wizard ​ဘေးက ခဲတံပုံ​နေရာကို နှိပ်​လိုက်​ပါ။ ok ​ပေးပါ။ ၁၆။အဲ့ဒိမှာ My App List ဆိုတဲ့​နေရာမှာ ကိုယ်​ ခုနက လုပ်​ထားတဲ့​ဆော့ဖ်​ဝဲကို​တွေ့ရပါလိမ့်​မယ်​။ ၁၇။အဲ့ဒိ​နေရာကိုလက်​နဲ့ click တချက်​နှိပ်​လိုက်​ပါ။ အဲ့​နေရာမှာ Edit တို့၊Delete တို့၊Option တို့ကို ​တွေ့ရမှာဖြစ်​ပြီး၊ပြန်​လည်​ပြင်​ဆင်​တည်းဖြတ်​ နိုင်​ပါ​သေးတယ်​။တကယ်​လို့ Edit မလုပ်​ချင်​​တော့ပါက ​ဘေးနားက Build စာသား​နေရာကိုနှိပ်​​ပေးလိုက်​ပါ Start ကိုနှိပ်​ပါ။ ၁၉။Build ပြုလုပ်​​နေပါပြီ။ အင်​တာနက်​လိုင်း​ကောင်း​နေဖို့​တော့လိုပါတယ်​။ Build ပြီးရင်​သူ့ဟာသူ apk ကို download ဆွဲ​နေပါလိမ့်​မယ်​။Limit ပြည့်​သွားရင်​ ကိုယ်​လုပ်​ထား တဲ့ Apk ​လေးကိုရရှိမှာဖြစ်​ပြီး မိမိဖုန်း​ပေါ်ကို install လုပ်​နိုင်​ပါပြီ။   ပုံ​တွေကို Apk အဖြစ်​ပြုလုပ်​ခြင်းပြီးဆုံပါပြီ -​ဆော့ဖ်​ဝဲအား ​အောက်​က လင့်​ခ်​မှာ ​ဒေါင်းလုပ်​ရယူပါ-
အခုpostကိုစာအုပ်​အဖြစ်​သိမ်းဆည်းလိုလျှင်​အောက်​ကလင့်​ခ်​မှာ​ဒေါင်းပါ
အဆင်​​ပြေပါ​စေ
No comments:
Post a Comment