♕ဒီ post လေးကို ရေးလိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ မိမိတို့ အသုံးပြု နေတဲ့ android စက်ရုပ်ဖုန်းကနေ dropbox online storage ဆီသို့ မိမိတို့ ၏ data များ၊ file များကို upload တင်တတ်စေရန်၊အခုမှစပြီး ပြုလုပ်မယ့် user များအတွက် ရည်ရွယ်ပြီး အကျဉ်းချုပ် ရေးသားထားတာ ဖြစ်ပါတယ်။ တတ်ပြီးသား ဆြာ များအတွက် မဟုတ်ပါ♕ အရင်ဆုံး dropbox ဆိုတဲ့ application လေးကို ဒေါင်းလိုက်ပါ။ ★Dropbox App v2.3.11.4 အားဒေါင်းရန်★ ပြီးရင် အဲ့ဒိ app ထဲကို ဝင်လိုက်ပါ။ sign up လုပ်ရပါမယ်။ sign up လုပ်ဖို့အတွက် gmail အကောင်န့် ဒါမှမဟုတ် အခြားအကောင့်န် တစ်ခုနဲ့ လုပ်လို့ရပါတယ်။ လုပ်ရတာ လွယ်ပါတယ်။ dropbox မှာ sign up လုပ်ပြီးသွားရင် ကိုယ်တင်ချင်တဲ့ data တွေကို တင်ဖို့အတွက် folder တွေဆောက်ပေး ထားလိုက်ပါ။ ဥပမာ-app game pdf movie music စသဖြင့်ပေါ့လေ။ အားလုံးပြီးရင် dropbox app ထဲကနေ back key နဲ့ပြန်ထွက်လိုက်ပါ။ ဖုန်းထဲက sd ထဲက ကိုယ်တင်ချင်တဲ့ ဖိုင်ကို ဖိထားပေးပါ။ share ကိုရွေးပေးပါ။ ပြီးရင် dropbox ကို ရွေးပေးပါ။ dropbox ထဲက ကိုယ် paste ချချင်တဲ့ folder ဖိုဒါနေရာကိုထပ်ရွေးပေးပါ။ ပြီးရင် ညာဘက်အောက်နားလေးက အစိမ်းရောင်လေးနဲ့ Add ဆိုတဲ့ နေရာ လေးကို ထပ်ပြီး click နှိပ်ပေးလိုက်ရင် dropbox မှာ ဖိုင် ကို upload တင်နေပြီ ဖြစ်ပါတယ်။တကယ်လို့ ပြန်မထွက်လည်း dropbox app ထဲ ကနေပြီး ကိုယ်upload တင်မယ့်ဟာ တွေကို ဖုန်းရဲ့ menu ကိုနှိပ်၊ Upload here နေရာကိုနှိပ်၊ Photo or videos နဲ့ Other file နေရာက တစ်ခုခုကိုရွေး၊ ပြီးရင် ကိုယ့်ဖုန်းထဲက folder ဖိုဒါ တစ်ခုခုထဲက ကိုယ်တင်ချင်တဲ့ data တစ်ခုခု/apk ဖြစ်ဖြစ်/game ဖြစ်ဖြစ်/movie ဖြစ်ဖြစ်/တစ်ခုခုကို ရွေးပေးပြီး အမှန်ခြစ်လေးခြစ်ပေး၊ ပြီးရင် ညာဘက်အောက်နားလေးက အစိမ်းရောင်လေးနဲ့ upload နေရာကို နှိပ်ပေးလိုက်။အဲ့ဒါဆိုရင် upload တင်နေပြီ ဖြစ်ပါတယ်။ upload limit 100% ပြည့်သွားရင် ခုနက ကိုယ်တင်လိုက်တဲ့ ဆော့ဖ်ဝဲ ရဲ့  လင့်ခ် ကို ထုတ်ယူပါမယ်။ အဲ့ဒိ limit ပြည့်သွားတဲ့ ဆော့ဖ်ဝဲရဲ့ ညာဘက်ဘေးနားလေးက တြိဂံပုံ အဝိုင်းနေရာကို click နှိပ်လိုက်ပါ။ အဲ့ဒိမှာ share ၊ favorite ၊delete ၊ more ဆိုတာကို တွေ့ရပါမယ်။ share ဆိုတဲ့နေရာက မိမိupload တင်လိုက်တဲ့ data တွေကို fb, twitter,အစရှိတဲ့ social ဆိုဒ်များသို့် တိုက်ရိုက်မျှဝေပေးနိုင်မှာ ဖြစ်ပြီး၊ လင့်ခ် ကိုလည်း ထုတ်ယူထားလို့ ရစေမှာဖြစ်ပါတယ်။ ကျုပ်ကတော့ ဖုန်းမှာ color note pad ဆော့ဖ်ဝဲတင်ထားပြီး လင့်ခ် တွေကို share နဲ့ color note pad ဆော့ဖ်ဝဲထဲကို ပို့ပြီး လင့်ခ် ထုတ်ထား မှတ်ထားလိုက်ပါတယ်။ color note pad ထဲမှာ လင့်ခ် ရှိနေ တော့ အချိန်မရွေး ပြန်ဒေါင်းလို့ရမယ် တခြားသူတွေကိုလည်း မျှဝေပေးလို့ ရမယ်၊ဘလော့ဂ်တို့၊ဖေ့ဘွတ်တို့တွေ ပေါ်ကိုလည်း လင့်ခ် ချထားပေးလို့ ရမှာပဲ ဖြစ်ပါတယ်။ favorate နေရာကတော့ ကိုယ် upload တင်ထားခဲ့တဲ့ ဆော့ဖ်ဝဲတွေ ကို ဦးစားပေး မှတ်သားထားတာပါ။ delete နေရာက အဲ့ဒိ upload တင် ထားတဲ့ data ဖိုင်ကို ဖျက်ထုတ်တာ ဖြစ်ပါတယ် more ဆိုတဲ့နေရာလေးထဲမှာကတော့ Rename Move Export ဆိုတာထပ်တွေ့ရပါမယ်။ Rename ဆိုတာက ကိုယ် upload တင်လိုက်တဲ့ ဖိုင်ကို file name နာမည်ပြန်ပြင်ရေးဖို့အတွက်ပါ။ Export ဆိုတဲ့နေရာက ကိုယ် upload တင်ထားတဲ ဖိုင် ကို ဘယ်နေရာကို save ထားချင်လည်း sd ထဲကို save မလား၊ဒါမှမဟုတ် အခြား online cloud storage တစ်ခုခုဆီကို save မလားလို့်  ဆိုတာပါပဲ။ အဲ့ဒိတော့ လင့်ခ် ကို ထုတ်ယူထား ချင်တယ်ဆိုရင် clip board apk တို့ color note pad apk တို့ အထဲကို share ပေးလိုက်ပြီး လင့်ခ် ကို သိမ်း မှတ်ထားလို့ ရစေပါမယ်။ ကိုယ်တင်ထားတဲ့ data တွေကို ဒေါင်းလုပ်ပြန်ယူချင်တယ်ဆိုရင် dropbox apk ထဲဝင်ပြီး ကိုယ် ဒေါင်းချင်တဲ့ဖိုင်ကို click နှိပ်ပေးပြီး ဒေါင်းလုပ်ပြန်ယူလို့ ရစေမှာဖြစ်သလို ခုနက color note pad ထဲမှာ သိမ်းထား မှတ်ထားတဲ့ လင့်ခ် ကနေ လည်း ပြန်လည်ဒေါင်းလုပ်ယူလို့ ရစေမှာပဲ ဖြစ်ပါတယ်။ ကျန်တဲ့ features အသေးစိတ်ကိုတော့ မပြောတော့ပါဘူး။gmail သို့မဟုတ် အခြားမေးလ် တစ်ခုခုရှိရင် dropbox account လုပ်လို့ရမှာဖြစ်ပြီး၊အကောင့်န် လုပ်တာလွယ်တာကြောင့် ထည့်ပြီးမရေး တော့ပါဘူး။ free users အနေနဲ့ 2GB ရရှိမှာဖြစ်ပြီး friends တွေဆီကို invite ထပ်လုပ်ပါက bonus space အနည်းငယ်ထပ်ရမှာပါ။ 50GB ရဖို့က dropbox မှာ အကောင့်န် စလုပ်ပြီးပြီးခြင်းပဲ မိမိရဲ့ dropbox ပြုလုပ် ခဲ့တဲ့ gmail ထဲကို dropbox က မေးလ် တစ်စောင်ပို့ပေးမှာဖြစ်ပြီး၊အဲ့ဒိဝင်လာတဲ့ မေးလ်ထဲဖွင့်ဝင်ပြီး၊သူဖြည့်ခိုင်းတဲ့ အချက် ၅ ချက်လောက်ကို မှန်အောင် ဖြည့်ပေးလိုက်ရင်တော့ 48GB လောက် အထိရရှိမှာပါ။ဒီအဆင့်ကတော့ Computer/Laptop နဲ့ ပြုလုပ်ရမှာပဲ ဖြစ် ပါတယ်။ဖုန်းနဲ့ဖြည့်လို့မရပါဘူး။ dropbox မှာတင်တဲ့ file တွေဟာ Crack ဖိုင်တွေ၊ညစ်ညမ်းပုံတွေ၊ညစ်ညမ်း video တွေတင်ရင်တော့ သူက ဖျက်ပစ် မှာပဲ ဖြစ်ပါတယ်။ ♨ဒီ post လေးကို စာအုပ်အဖြစ် သိမ်းယူ ထားလိုပါက အောက်က လင့်ခ် မှာ ဒေါင်းလုပ် ယူထားလိုက်ပါ♨ dropbox apk ဒေါင်းရန်
Posted via Blogaway
No comments:
Post a Comment